မိုးညှင်းမြို့တွင် မြန်မာ့အသံချစ်သူများအဖွဲ့ ဝင်ခွင့်လျှောက်ထား ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပွဲပြုလုပ်



မိုးညှင်းမြို့တွင် မြန်မာ့အသံချစ်သူများအဖွဲ့ ဝင်ခွင့်လျှောက်ထား ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပွဲပြုလုပ် 

EPN
ဟိုပင် နိုဝင်ဘာ ၂၈

  •             ကချင်ပြည်နယ်မှုခင်းသတင်းထောက်အဖွဲ့မှမြန်မာ့အသံချစ်သူများအဖွဲ့၊အမြို့မြို့အနယ်နယ်သတင်း ထောက်များဝင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ရှင်းလင်းပွဲကို ၊မိုးညှင်းမြို့၊အရှေ့ကျောင်း ကြီးတိုက် အတွင်းရှိ ဓမ္မာရုံတွင်နိုဝင် ဘာ(၂၇)ရက်နံနက်(၁၀)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

  •   မြန်မာ့အသံချစ်သူအဖွဲ့ဝင်များနှင့်ပြန်ကြားရေးဝန်ကြီးဌာနမြန်မာ့ရုပ်မြင်သံကြား၊အသံလွှင့်ဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲကိုမကြာမှီကျင်းပတော့မည်ဖြစ်ပြီးကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုမြန်မာ့အသံချစ်သူအဖွဲ့ဝင်များကြိုတင်သိရှိနိုင်ရန်နှင့်သတင်းပို့တတ်စေရန်အတွက်ပြုလုပ်ရခြင်းဖြစ်သည်ဟုတွေ့ ဆုံပွဲဖြစ် မြောက်အောင်ကူညီပံ့ပိုးနေသောကချင်ပြည်နယ်မှုခင်းသတင်းထောက်ဒုပြည်နယ် တာဝန်ခံကပြောသည်။

  •  “ပွဲမ၀င်ခင်အပြင်က ကျင်းပဆိုတဲ့အတိုင်း အဖွဲ့ဝင်သူတွေသိထားသင့်တာတွေပြောပြတာပါ သတင်း ထောက်ကောင်း ဆိုတာအပြုသဘောနဲ့မိမိတို့မြို့ရွာတိုးတက်အောင်သတင်းမီဒီယာကဏ္ဍအနေနဲ့ တည် ဆောက်တတ်ကြစေဖို့ ၊ခိုင်မာသေချာပြီး အကျိုးရှိစေတဲ့ သတင်းတွေကိုပဲပြည်သူတွေအတွက် တင်ဆက်ကြ စေဖို့၊ရည်ရွယ်ချက်တွေကောင်းဖို့ပြောပြခဲ့ပါတယ်”ဟုကချင်ပြည်နယ်မှုခင်းသတင်းထောက်ဒုတိယပြည်နယ်      တာဝန်ခံ ဦးသန်းထွန်းအောင်ကပြောသည်။

  •             မြန်မာ့အသံကိုနားထောင်သည့်သူအချင်းချင်း သော်လည်းကောင်း မြန်မာ့အသံဝန်ထမ်းတွေနဲ့သော် လည်းကောင်း ရင်းနှီးချစ်ကြည်စွာဆယ်သွယ်မှုတွေရှိစေဖို့ ၊ထုတ်လွင့်တဲ့အစီအစဉ် တွေအပေါ်ပြည်သူ တွေထံ က ဝေဖေန်အကြံပြုချက်များ စုဆောင်းနိုင်ဖို့ ၊လူမှုကွန်ယက်နဲ့အခြားသတင်းအရင်းအမြစ်များ မှရရှိလာသည့် သတင်းအချက်အလက်တွေကို မှန်မမှန် အတည်ပြုပေးနိုင်သည့် အမာခံဒေသခံသတင်းထောက်များရရှိစေဖို့ အတွက် မြန်မာ့အသံကို ကူညီသည့်အနေဖြင့်  တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ပေးကြောင်း ၎င်းကပြောသည်။

  •             မြန်မာ့အသံအတွက် ဒေသဆိုင်ရာသတင်းထောက်များအဖြစ် အထောက်အကူပြုနိုင်စေဖို့ ၊ပြည်သူ များပူးပေါင်းပါဝင်မှုဖြင့်ပြည်သူ့ ကိုမျက်နာမူသည့်အသံလွင့်အစီအစဉ်များ ပိုမိုထုတ်လွင်နိုင်ပြီး ပြည်သူများ၏ ယုံကြည်မှုပိုမိုခိုင်မှာစေဖို့ရည်ရွယ်ပြီးမိုးညှင်းမြို့နယ်တွင်မြန်မာ့အသံချစ်သူအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကိုဒီဇင်ဘာ ၁၆ရက် နေ့၌ပြုလုပ်တော့ မည်ဖြစ်ကြောင်းအခမ်းအနားကသိရသည်။

  •              “မြန်မာ့အသံ အစီအစဉ်နှင့်နှင့်ပတ်သက်၍ ပြည်သူများ၏ အကြံပေးချက်အရ လိုအပ်သည့်အစီအစဉ် များကို ပြောင်းလဲပေးနိုင်တာကိုသိရတယ် မြန်မာ့အသံချစ်သူ အဖွဲ့ဝင်များအနေနှင့် ပွင့်လင်းမြင်သာစွာ မိမိတို့ အသံဖြင့် ကိုယ်တိုင်တင်ဆက်နိုင်တယ်ဆိုတာသိရလို့ ပြည်သူများ အတွက်မျက်စိပွင့်နားပွင့်စေတဲ့အခမ်းအနား တစ်ခုလို့မြင်ပါတယ် ”ဟုရှင်းလင်းပွဲတက်ရောက်လာသူ ဦးထွေးသိန်းကပြောသည်။

  •             အဆိုပါရှင်းလင်းပွဲကိုမိုးညှင်းမြို့နယ်အတွင်းကျေးရွာအသီးသီးမှ မြန်မာ့အသံချစ်သူများအဖွဲ့ဝင် ခေါင်းဆောင် (၅၀)ဦး တို့တက်ရောက်ခဲ့ကြပြီး မှုခင်းသတင်းထောက်များက ပြန်ကြားရေးဝန်ကြီးဌာန တို့ကို ကူညီပံ့ပို့သည့်အနေနှင့် ပထမအကြိမ်ပြုလုပ်ခြဲ့ခင်းဖြစ် အသံလွင့်ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဥာဏ်ထွန်းထံ အဖွဲ့ဝင် စာရင်းလျောက်လွှာဖောင် ၃၀၀ ခန့် ပေးပို့ ထားပြီးဖြစ်ကြောင်းသိရသည်။

                                        ချစ်သား
                                     



Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ