မင်းကုန်းကျေးရွာ မင်းကုန်းကျောင်းတိုက်၏ ကထိန်အလှူတော်နှင့် အထူးတရားပွဲ
မင်းကုန်းကျေးရွာ မင်းကုန်းကျောင်းတိုက်၏ ကထိန်အလှူတော်နှင့် အထူးတရားပွဲ
EPN
သတင်းဆောင်းပါး
မိုးကောင်း၊ အောက်တိုဘာ ၁၂
EPN
သတင်းဆောင်းပါး
မိုးကောင်း၊ အောက်တိုဘာ ၁၂
- သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေး ဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲနှင့် အထူးတရားပွဲတွေ နေရာဒေသအသီးသီး ရှိလာကြတော့မှာ ဖြစ်ပါတယ်။
- အဲထဲကမှ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မင်းကုန်းကျေးရွာ မင်းကုန်း ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြင်ဦးလွင်မြို့ ဒေါ်အေးခိုင်နှင့် အစ်မကြီး ဒေါ်စန်းစန်းအေး တို့အား အမှူထား၍ ဘုရားဒါယိကာ ဦးအိုက်ထွန်း+ဘုရားဒါယိကာမ ဒေါ်အေးဆာ မိသားစုနှင့် မန္တလေးမြို့ ဘုရား ဒါယိကာ ဦးအောင်ကျော်မိုး+ဘုရားဒါယိကာမ ဒေါ်နီနီဝင်း သား-မောင်အောင်ထွဋ်ကျော်(ဘိုညွန့်ရတနာ ကျောက်မျက်ရတနာကုမ္ပဏီ)မိသားစုတို့မှ ဦးစီးကျင်းပတဲ့ ကထိန်အလှူတော်နှင့် အထူးတရားပွဲ အလှူပွဲ ဟာဆိုရင်လဲ အလွန်မွန်မြတ်လှတဲ့ အလှူပွဲတစ်ခုအဖြစ် ဒေသခံများ ပြောစမှတ်တွင်ခဲ့သည်။
- ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မင်းကုန်းကျေးရွာ မင်းကုန်းကျောင်းတိုက်တွင် အောက်တိုဘာ လ (၁၀)ရက် နေ့၌ ကထိန်အလှူတော်နှင့် အထူးတရားပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
- "ကျွန်တော်တို့ဒေသမှာ ခုလိုအလှူပွဲမျိုး တစ်ခါမှ မရှိသေးဘူး။ ဒါက ကျောင်းထိုင်ဆရာတော်၏ မေတ္တာစေတနာကြောင့် ခုလိုအလှူအတန်းပွဲကြီး ဖြစ်ပေါ်လာသလို အလှူပွဲမှာပါဝင်ဆင်နွဲရတာ ပျော်စရာ လဲ ကောင်းတယ်။ အလှူရှင် မိသားစုများကိုလဲ အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်" ဟု မင်းကုန်းကျေးရွာမှ ဦးမျိုးဆွေကပြောသည်။
- အဆိုပါ ကထိန်အလှူတော်အခမ်းအနားကို သီတင်းကျွတ်လပြည့်ကျော် (၅)ရက်နေ့မှာတော့ မင်းကုန်းကျောင်းတိုက်မှ မင်းကုန်းကျေးရွာထဲသို့ အလှူ့ဒါယိကာ ဒါယိကာမများနှင့် အနီးပတ်ဝန်းကျင်ရွာ များမှ ရှမ်းမျိုးနွယ်စုများက စုပေါင်းပြီး ရှမ်းရိုးရာအိုးစည်းဗုံမောင်းများနှင့် ပျော်ပျော်ပါးပါး ကထိန်အလှူတော် ကို လှည့်လည်ခဲ့ကြသည်။
- ၄င်းနောက်မှတော့ အောက်တိုဘာလ(၁၀)ရက်နေ့ (၁၃၇၉)ခုနှစ်၊ သီတင်ကျွတ်လပြည့်ကျော် (၅) ရက်နေ့မှာတော့ ည(၇)နာရီတွင် မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေတုမာလာ (သာသနဓဇဓမ္မာစရိယ) (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ကချင်ပြည်နယ် သံဃနာယက အဖွဲ့အကျိုးတော်ဆောင်ဆရာတော်မှကထိန်အလှူတော် အထူးတရားဟောကြားပေးခဲ့သည်။
- အဲဒီနောက်မှတော့ မြတ်ဗုဒ္ဓက မိန့်ကြားတဲ့ ဗုဒ္ဓဘာသာ၏ ထုံးစံအတိုင်း အထူးတရားပွဲအတွက် လှူဖွယ်ပစ္စည်းအစုစုတို့ကို ဘုရားဒါယိကာ/ ဘုရားဒါယိကာမ မိသားစုနှင့် အလှူရှင်များမှ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
- (၁၃၇၉)ခုနှစ်သီတင်းကျွတ်လပြည့်ကျော်(၆)ရက်နေ့မှာတော့ ကထိန်အလှူတော် ရေစက် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြပြီး အလှူတော်မင်္ဂလာမှ ဆရာတော်သံယာတော်များနဲ့ တက်ရောက်လာကြတဲ့ ဧည့်သည်တော်များက (နမောတဿ) သုံးကြိမ်ရွတ်ဆိုပြီး ဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
- အဲဒီနောက် ဝန်းသိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေတုမာလာ (သာသနဓဇ ဓမ္မာစရိယ) (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ကချင်ပြည်နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော်ထံမှ (၉)ပါး သီလကို ခံယူတည်ဆောက်ခဲ့ပြီး ရေစက်ချအမျှပေးဝေခဲ့သည်။
- ဆက်လက်ပြီး ကထိန်အလှူတော်နှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ကြွရောက်လာသော ဆရာတော်/သံဃာတော်များထံ မိသားစုတို့နှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
- "ယခင်ကလည်း မင်းကုန်းကျောင်းတိုက်ကို အလျှင်သင့်သလို လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သလို အဲနောက်နှစ်တွေမှာလည်း ဘုန်းတော်ကြီးကျောင်းမှာ ရှိတဲ့လိုအပ်ချက်တွေကို တတ်နိုင်သလောက် လှူဒါန်းသွားမှာဖြစ်တယ်” လို့ အလှူရှင် ဘုရားဒါယိကာမ ဒေါ်အေးဆာ ကပြောသည်။
- ကထိန်အလှူတော် နှင့် အထူးတရားပွဲကိုလဲ ဆရာတော်ဘုရားကို အမှူးထားပြီး လှူဒါန်းခဲ့တာ ဖြစ်ကာ သာသနာလုပ်ငန်းတွေကိုလဲ စွမ်းစွမ်းတမံ ထပ်မံပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
- "ဘုရားဒါယိကာ/ဘုရားဒါယိကာမ မိသားစုတို့မှ ကထိန်အလှူတော်အတွက် မတည်ငွေဖြင့် ခုလိုမျိုး ကျင်းပနိုင်ခဲ့တာဖြစ်တယ် ဆရာတော်အနေဖြင့် ဘုရားပူဇော်ခြင်း၊ ပဋ္ဌာန်းဂုဏ်တော်ကိုသာ ယုံကြည်သက်ဝင်စွာ ရွတ်ဖတ်ပူဇော်တာကြောင့် အလှူရှင်တွေ ပွားများတာ ဖြစ်တယ်” လို့ မင်းကုန်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဥူးသုနန္ဒမှ မိန့်ကြားသည်။
- ဒါပြင် ဘုရားဒါယိကာ ဦးအိုက်ထွန်း+ဘုရားဒါယိကာမ ဒေါ်အေးဆာ မိသားစုနှင့် မန္တလေးမြို့ ဘုရား ဒါယိကာ ဦးအောင်ကျော်မိုး+ဘုရားဒါယိကာမ ဒေါ်နီနီဝင်းသား-မောင်အောင်ထွဋ်ကျော် (ဘိုညွန့် ရတနာကျောက်မျက်ရတနာကုမ္ပဏီ) မိသားစုတို့က မင်းကုန်းကျောင်းတိုက်ကြီးအတွက် လိုအပ်တာ မှန်သမျှကို လှူဒါန်းပေးတယ် လို့ ဆက်လက်မိန့်ကြားခဲ့သည်။
- တရားနာ ရေစက်ချအခမ်းအနားအပြီး မင်းကုန်းကျောင်းတိုက်၏ မြေကွက်လပ်မှာတော့ ဒေသခံ ရှမ်းမျိုးနွယ်စုများက ရှမ်းရိုးရာအိုးစည်းဗုံမောင်းများ အကများဖြင့် ဧည့်ပရိတ်သတ်များကို ကပြဖျော်ဖြေခဲ့ ကြပြီး ဘုရားဒါယိကာ/ဘုရားဒါယိကာမ မိသားစုတို့နှင့် ရှမ်းမျိုးနွယ်စုများ၊ တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ကာ ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
- အဆိုပါ ကထိန်အလှူတော် နှင့် အထူးတရားပွဲ ဖြစ်မြောက်ဖို့အတွက် မင်းကုန်းကျောင်းတိုက်၏ ဂေါပကအဖွဲ့နှင့် မင်းကုန်းကျေးရွာက ဒါယိကာ ဒါယိကာမများ၏ ပူးပေါင်းပါဝင်မှုကြောင့် ခုလိုအောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။






























Comments
Post a Comment