အကြမ်းဖက်ကို နှိမ်နင်းသော ပြည်သူ့တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဘေးကင်းပါစေကြောင်း အကြိမ်ကြိမ် ကြွေးကြော်ခဲ့သည့် မြစ်ကြီးနားမြို့ ဘင်္ဂါလီဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ

အကြမ်းဖက်ကို နှိမ်နင်းသော ပြည်သူ့တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဘေးကင်းပါစေကြောင်း အကြိမ်ကြိမ် ကြွေးကြော်ခဲ့သည့် မြစ်ကြီးနားမြို့ ဘင်္ဂါလီဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၃၀
  • မြစ်ကြီးနားမြို့တွင် စက်တင်ဘာ (၃၀)ရက် နံနက်(၇)နာရီခွဲခန့်က အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် ဆန့်ကျင်ရေးနှင့် ပြည်ပဝင်ရောက်စွက်ဖက်မှု ရှုတ်ချရေး ဆန္ဒထုတ်ဖော်ပွဲကို အနန္တသုခ (ရွှေတိဂုံပုံတူ)စေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့နှင့်အတူ ဂေါ်ရခါးရ်လူမျိုးများနှင့် ရဟန်းသံဃာတော်များ၊ အကြမ်းဖက်မှုမလိုလားသော အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြသော စိတ်ပါဝင်စားသူများ စုစုပေါင်းလူအင်အား(၂၅၀၀)ကျော်ခန့် ပူးပေါင်းပါဝင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
  • “အရင်ကဘာတွေဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့။ စစ်အစိုးရကောင်းသည်၊ မကောင်းသည်၊ ဘယ်လို ပြောပြောစစ်တပ်ဆိုတာ နိုင်ငံတခုရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတခုပဲ။ စစ်တပ်မရှိရင် တပ်မတော်အင်အား မတောင့်ရင် တိုင်းပြည်ပျက်သွားနိုင်တယ်။ ဒါကြောင့် ဒီနေ့ဒီအချိန်မှာကျနော်တို့အနေနဲ့ တပ်မတော်ကို အားပေးဖို့ သူတို့နဲ့အတူဝန်းရံပေးဖို့လိုတယ်။ ဒါမှသူတို့လဲသူတို့နောက်မှာ ပြည်သူတွေရှိတယ် ဆိုတာသိမှ ပိုပြီးအားရှိမှာ၊ အသက်နဲ့ရင်းပြီး နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကြိုးပမ်း ထမ်းဆောင်နေကြတဲ့ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုဘေးကင်းပါစေလို့ လှိုက်လှိုက်လှဲလှဲကို ဒီနေ့ဆုတောင်းပေးခဲ့တယ်” ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးဖြစ်သူ ဦးမောင်ကိုက ပြောသည်။
  • အဆိုပါ ဆန္ဒဖော်ထုတ်ပွဲမှ များစွာသော အကျိုးရလဒ်များကို မျှော်လင့်ကာယခုပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်ပြီး၊ ယခုကဲ့သို့ ပြုလုပ်လိုက်ခြင်းအားဖြင့် ပြည်ပမီဒီယာများမှ အဖြစ်မှန်ကိုသိရှိကာ ယခုလက်ရှိ ကုလသမဂ္ဂတွင် ဖိအားပေးခံနေရမှုများပြေလျှော့သွားမည်ဖြစ်ပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထောက်ခံလာမည်ကိုမျှော်လင့်ပါကြောင်း ဆန္ဒဖော်ထုတ်ပွဲစီစဉ်သူများ ထံမှ သိရသည်။
  • “အခုလို ဆန္ဒဖော်ထုတ်ပြီး ရခိုင်ကိစ္စကိုအဖြစ်မှန်အတိုင်း ကမ္ဘာကသိအောင်ချပြမှ ဘယ်သူက အကြမ်းဖက်လဲ၊ ဘယ်သူကနစ်နာသူလဲ၊ ဘယ်သူကလိမ်လည်နေတာလဲ၊ ဘယ်သူက လူမျိုးတုံး သတ်ဖြတ် နေတာလဲ၊ ဘယ်သူကလည်လှီးသတ်နေတာလဲ၊ ဘယ်သူကဟိန္ဒူတွေကိုသတ်တာလဲ၊ ဆိုတာအမှန်အတိုင်း သိလာမယ်။ အဓိကက ပြည်ပမီဒီယာတွေကိုသိစေချင်တာပါ။ ဒီဆန္ဒဖော်ထုတ်ပွဲကိုလည်း အများကြီး မျှော်လင့်ထားပါတယ်။ ကောင်းမွန်တဲ့ရလဒ်တွေ အကျိုးကျေးဇူးတွေရလာမယ်လို့လဲထင်ပါတယ်။ လက်သည်း ဆိပ်တော့ လက်ထိပ်နာဆိုသလိုပေါ့။ ရခိုင်ကိုထိလဲကျနော်တို့ တတိုင်းပြည်လုံးနာနာကျင်ကျင် ထပ်တူခံစားရတယ်လို့ပြောချင်တယ်။” ဟု အဆိုပါ ပွဲစီစဉ်ရေးအဖွဲ့ဝင် ဦးညွန့်ဝင်းကပြောသည်။
  • အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ၌ ကချင်ပြည်နယ်ရှိတိုင်းရင်းသားလူများစုံမှ ခိုးဝင်ဘင်္ဂါလီများကို အလိုမရှိကြောင်း၊ အစွန်းရောက် အကြမ်းဖက်ဝါဒမှန်သမျှကိုဆန့်ကျင်ကြောင်း၊ အတွင်းထရံအပြင်ကာသော ကိုဖီအာနန်၏ အစီရင်ခံစာအားအလိုမရှိကြောင်း၊ တပ်မတော်နှင့် ပြည်သူလက်တွဲ၍ အကြမ်းဖက်မှန်သမျှ ကို ချေမှုန်းကြရန်၊ ခိုးဝင်လာသောဘင်္ဂါလီများကိုဖော်ထုတ်ကြရန်၊ ပြည်ပမှဝင်ရောက်စွက်ဖက်မှုကို အလိုမရှိကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ပြီး၊ အကြမ်းဖက်များကို နှိမ်နင်းနေသော ပြည်သူ့တပ်မတော် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဘေးကင်းကြစေရေး၊ တိုင်းရင်းသားဘဝလုံခြုံရေးနှင့် ၁၉၈၂ နိုင်ငံတော်ဥပဒေ တည်တံ့ရေးတို့ကို ဝိုင်းဝန်းဆုတောင်းကြွေးကြော်ခဲ့ကာ လက်သည်းဆိပ်လျှင် လက်ထိပ်နာသကဲ့သို့ ရခိုင်နာလျှင် ပြည်သူတစ်ရပ်လုံးနာကျင်သည် ဟု ဆိုကာ အချက်(၁၀)ချက်ကို ကြွေးကြော်ခဲ့ကြသည်။
  • အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ၌ အစွန်းရောက်အကြမ်းဖက် ခိုးဝင်ဘင်္ဂလီများ (အလိုမရှိ)၊ အစွန်းရောက်အကြမ်းဖက် ဝါဒမှန်သမျှ (ဆန့်ကျင်ကြ)၊ အကြမ်းဖက်ကို နှိမ်နင်းသော ပြည်သူ့တပ်မတော် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဘေးကင်းပါစေ)၊ တိုင်းရင်းသား ဘ၀လုံခြုံရေး (ဆောင်ရွက်ပေး)၊ ၁၉၈၂ နိုင်ငံတော်ဥပဒေ တည်တံ့ရေး (ဒို့အရေး)၊ အတွင်းထရံ အပြင်ကာ အာနန်အစီရင်ခံစာ (အလိုမရှိ)၊ လက်သည်းဆိပ်တော့ လက်ထိပ်နာ ဒို့ပြည်သူတွေ (စည်းရုံးကြစို့)၊ တပ်နှင့်ပြည်သူ လက်တွဲကူ အကြမ်းဖက် မှန်သမျှ (ချေမှုန်းကြ)၊ ခိုးဝင်ဘင်္ဂလီဖော်ထုတ်ရေး (ဒို့အရေး)၊ ပြည်ပက ၀င်ရောက်စွက်ဖက်မှု (အလိုမရှိ) ဟူသော ကြွေးကြော်သံ(၁၀)ချက်ကို ကြွေးကြော်ကာ လမ်းကြောင်းတလျှောက် စီတန်းလှည့်လည်ခဲ့ကြ ကြောင်း သိရသည်။
                                                             ဘရန်ဆိုင်း














Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ