ပြည်နယ် ထွေ/အုပ်ပိုင်မြေကွက်အား ခြံစည်းရိုးကာခြင်းကို စည်ပင်မှ ရပ်ဆိုင်းထားခိုင်းသော်လည်း ဆက်လက်လုပ်ဆောင်လျှက်ရှိ
ပြည်နယ် ထွေ/အုပ်ပိုင်မြေကွက်အား ခြံစည်းရိုးကာခြင်းကို စည်ပင်မှ ရပ်ဆိုင်းထားခိုင်းသော်လည်း ဆက်လက်လုပ်ဆောင်လျှက်ရှိ
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၃၀
- မြစ်ကြီးနားမြို့၊ သီတာရပ်ကွက် ရဲဓမ္မာရုံနောက်ကျောဖက်ရှိ ပြည်နယ် ထွေ/အုပ် မှပိုင်ဆိုင်သည် ဆိုသော မြေကွက်တစ်ကွက်ကို စက်တင်ဘာ(၂၀)ရက်က စည်ပင်မှ အုတ်တံတိုင်းခတ်ခြင်းအား ဆက်လက်မလုပ်ဆောင်ရန် တားမြစ်ခဲ့သော်လည်း ပြည်နယ်ထွေ/အုပ်ပိုင်မြေဟု ဆိုကာ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။
- “ကျနော်တို့ စည်ပင်ကတော့ အဆောက်အဦ တည်ဆောက်မိန့်မတောင်းရင် စည်ပင်ဥပဒေနဲ့ မညီညွတ်ရင် တားရမှာပဲ။ သူ့ဟာသူဘယ်သူဘဲပိုင်သည်ဖြစ်စေပေါ့။ တားမြစ်မိန့်ကိုတစ်ခါထုတ်မယ်။ နှစ်ခါ ထုတ်မယ်။ သုံးခါထုတ်လို့မှ ဆက်လုပ်ရင်တော့ ဘယ်သူပိုင်ပိုင် တရားရုံးမှာ ရှင်းရမှာပေါ့။” ဟု စည်ပင် သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဝင်းနိုင် ကပြောသည်။
- ၄င်းမြေကွက်၏ ပိုင်ဆိုင်မှုနှင့် ပိုင်ဆိုင်သူမည်သူမည်ဝါဖြစ်သည်ကို မေးမြန်းရာ ပြည်နယ်ထွေ/အုပ်မှ ပိုင်ဆိုင်သောမြေကွက်ဖြစ်ပြီး၊ ၄င်းတို့ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
- “သီတာ၊ ရဲဓမ္မာရုံနောက်ကမြေကွက်က ပြည်နယ်ထွေ/အုပ်ကပိုင်တာပါ။ ပြည်နယ်က ဝန်ထမ်း အိမ်ရာဆောက်ဖို့ လုပ်နေတာ။” ဟု မြစ်ကြီးနားမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထက်အောင် ကပြောသည်။
- သို့သော် ၄င်းမြေကွက်နှင့် ပတ်သက်သော အချက်အလက်များကို မြေစာရင်းရုံး၌ မေးမြန်းရာ ဦးပိုင်အမှတ်(၁၁/၂)၊ ဧရိယာ-(၀.၂၁၄)ဧကအကျယ်ရှိပြီး၊ ခရိုင်ထွေအုပ်၏ အမှုတွဲအမှတ် ၆၄၀(၃)၊ ၂၀၀၄-၂၀၀၅ အရ ဒုတိယဗိုလ်မှူးကြီးမောင်မြို့ မှပိုင်ဆိုင်ကာဂရမ်အမည်ပေါက်သည်ဟုသိရပြီး၊ ခရိုင်ထွေ အုပ်ရုံးသို့ ဆက်လက်သွားရောက်မေးမြန်းရာ ၄င်းရုံးမှ ဦးစီးအရာရှိဖြစ်သူမှ မဖြေကြားနိုင်ကြောင်းနှင့် သိလိုပါကသိလိုသော အကြောင်းအရာများနှင့် အချက်အလက်များကိုစာတင်၍ တောင်းဆိုပါက ပြန်လည်ဖြေကြားပေးမည်ဖြစ်ပြီး စာတင်၍တောင်းဆိုခြင်းမရှိက ဖြေကြားပေးနိုင်ခြင်း မရှိကြောင်းပြောကြား ခဲ့သည်။







Comments
Post a Comment