ဖိုးချစ် ဇာတ်မင်းသား ဦးဆောင်ပြီး မိုးညှင်းမြို့နယ် အား/ကာ ရန်ပုံငွေ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပ

ဖိုးချစ် ဇာတ်မင်းသား ဦးဆောင်ပြီး မိုးညှင်းမြို့နယ် အား/ကာ ရန်ပုံငွေ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပ

EPN
မိုးညှင်း၊ စက်တင်ဘာ ၃၀
  • မိုးညှင်းတွင် မန္တလေး ဖိုးချစ် ဇာတ်မင်းသား ဦးဆောင်ပြီး မိုးညှင်းမြို့နယ် အားကစားနှင့် ကာယ ပညာ ဦးစီးဌာန အထွေထွေရံပုံငွေ ချစ်ကြည်ရေးဘောလုံးပွဲကိုကျင်းပခဲ့ကြောင်းသိရသည်။
  • အဆိုပါပွဲတွင် ဖိုးချစ် ဇာတ်အဖွဲ့သားများ၏ မဟာယူနိုက်တက်ဘောလုံးအဖွဲ့ နှင့် မိုးညှင်းမြို့နယ် အား/ကာဒိုင်အဖွဲ့ဝင်တို့က စက်တင်ဘာလ (၃၀)ရက် ညနေ ၄နာရီအချိန်၌ မိုးညှင်းမြို့နယ် အားကစားကွင်း တွင် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
  • အဆိုပါ ချစ်ကြည်ရေးပွဲတွင် ရရှိသော ရန်ပုံငွေမှ ကျပ်၅သိန်းအား မိုးညှင်းမြို့နယ် အားကစားကွင်း ပြင်ဆင်စရိတ်ရန်ပုံငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင်မှပြောသည်။
  • “ဖိုးချစ် ဇာတ်အဖွဲ့သားများရဲ့ချစ်ကြည်ရေး ဘောလုံးပွဲပြုလုပ်ပေးတဲ့ ရည်ရွယ်ချက်ကိုက မိုးညှင်း အား/ကာ အဖွဲ့ကို ရန်ပုံငွေလာရှာပေးတာပါ၊ သူတို့နဲ့မိုးညှင်းဒိုင်အဖွဲ့တွေ ယှဉ်ပြိုင်တယ် ဆိုပေမဲ့ ဘယ်သူဘဲ ရှုံးရှုံးနိုင်နိုင် ဆုကြေးတွေမရှိကြပါဘူး၊ မိုးညှင်းအားကာအတွက် ရန်ပုံငွေကတော့ သေချာပေါက်ရှိမှာပါ” ဟု ချစ်ကြည်ရေးပွဲဖြစ်မြောက်ရေးကော်မတီဝင် ဦးမြင့်ဦးကပြောသည်။
  • ဖိုးချစ်ဇာတ်အဖွဲ့သားများက အဆိုပါ ဘောလုံးပွဲမစတင်မှီ ညနေ၂နာရီအချိန်၌ စင်တင်တေးဂီတဖြင့် ဖျော်ဖြေကြပြီး ညနေ၄နာရီတွင် ချစ်ကြည်ရေးဘောလုံးပွဲကို စတင်ခဲ့ကြကြောင်းသိရသည်။
  • “မိုးညှင်းအား/ကာရန်ပုံငွေအဖြစ် ကူညီပံ့ပိုးတဲ့အနေနဲ့ ချစ်ကြည်ရေးဘောလုံးပွဲ ပြုလုပ်ပေးတဲ့ ဖိုးချစ် ဇာတ်အဖွဲ့သားများကို ကျေးဇူးအထူးတင်ပါတယ်” ဟု မိုးညှင်းမြို့နယ် ဒိုင်ကော်မတီဝင် ဦးထွန်းဝေက ပြောသည်။
  • အဆိုပါ ဇာတ်အဖွဲ့သည် မိုးညှင်းမြို့ ထီးလင်းဇာတ်ရုံ၌ ရုံပိတ်ပွဲ ၅ညတိုင် ကပြနေစဉ် ယခု နောက်ဆုံးနေ့၌ ချစ်ကြည်ရေးဘောလုံးပွဲကို ပြုလုပ်ပေးခဲ့ကြောင်း ဖိုးချစ်ဇာတ်အဖွဲ့ကသိရသည်။
  • အဆိုပါ ဘောလုံးပွဲသို့ ၀င်ရောက်အားပေးနိုင်ရန် လူတစ်ဦးအတွက် လက်မှတ်တစ်စောင်လျှင် ၂၀၀၀ ကျပ်နှုန်း ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်နှုန်းဖြင့် မိုးညှင်းမြို့နယ်အတွင်းရှိ ဖိုးချစ်၏ပရိတ်သတ် အင်အား (၁၅၀၀)ကျော်ခန့်ရှိနေကြောင်းသိရသည်။
                                                              သူရ





Comments

သတင်းခေါင်းစဉ်များ

အင်တာနက်ကို အကျိုးရှိရှိ လုံလုံခြုံခြုံ အသုံးပြုတတ် စေရန် ရည်ရွယ်၍ Telenorမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ ပညာပေးဟောပြောပွဲ ပြုလုပ်

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ပြည်နယ်လုံးဆိုင်ရာနှစ်သစ်ကူးပွဲတော်တွင်တကွင်းရှမ်းစာပေနှင့်ယဉ်ကျေးမှုမှကျင်းပပြုလုပ်သောပထမအကြိမ်ကံစမ်းမဲဖွင့်လှစ်

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဆင်ဘိုမြို့ယောဂီဝတ်အသင်းအဖွဲ့မှဝန်းသိုကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကိန်းဝပ်ရာ နိဗ္ဗာန်စံကျေင်းသို့ ပဌာန်း၊ပရိတ်တော်သံဝေဂတို့အား လာရောက်ရွတ်ဖတ်ပူဇော်

မော်ဟန်ကျေးရွာတွင်မှ ထောင်ကျဖူးသူ အမျိုးသမီးမှ မူးယစ်ဆေးရောင်းချသဖြင့် ပြန်လည်ဖမ်းဆီးမိ

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ

Northern Green Bike အဖွဲ့ မြစ်ကြီးနားသို့ရောက်ရှိ