မိုးညှင်းမြို့နယ်တွင် ကေအိုင်အိုမှ ဆက်ကြေးကောက်ခံနေ၍ လုပ်ငန်းရှင်များအခက်အခဲဖြစ်နေ
မိုးညှင်းမြို့နယ်တွင် ကေအိုင်အိုမှ ဆက်ကြေးကောက်ခံနေ၍ လုပ်ငန်းရှင်များအခက်အခဲဖြစ်နေ
EPN
မြစ်ကြီးနား စက်တင်ဘာ ၃၀
- မိုးညှင်းမြို့နယ်တွင် ကေအိုင်အိုမှ ဆက်ကြေးကောက်ခံနေ၍ လုပ်ငန်းရှင်များအခက်အခဲဖြစ်နေ ကြောင်း ဒေသခံများထံမှ သိရသည်။
- ကေအိုင်အိုက ဆက်ကြေးကောက်ပြီဆိုလျှင် အနည်းဆုံး(၅)သိန်းနှင့် (၁၀)သိန်းအထက်မှာရှိပြီး ဒေသခံပြည်သူအနေနဲ့ မပေးနိုင်သဖြင့် နီးစပ်ရာ အကူအညီတောင်းမည်ဆိုလျှင်လဲ မည်သူမှ မကာကွယ် နိုင်ကြောင်း၊ သက်ဆိုင်ရာက ပြည်သူကို မကာကွယ်ပေးနိုင်တော့ အေအိုင်အိုတို့တောင်းသည့် ပိုက်ဆံ ပေးရန် ဒေသခံပြည်သူများ အခက်အခဲ ဖြစ်နေသည် ဟု မိုးညှင်းဒေသခံများထံမှ သိရသည်။
- ဆက်ကြေးတောင်းစာပေးပို့ခံရသော ကြက်မွေးမြူရေးခြံပိုင်ရှင်က" ဒီနှစ်က တနိုင်ငံလုံးလုပ်ငန်းရှင် တွေ အရှုံးနှင့်ရင်ဆိုင်နေရတယ်။ ဒီလိုပဲကျွန်တော်လဲ နလန်မထူအောင် အရှုံးနှင့် ရင်ဆိုင်နေရတယ်။ ခုလို ဖြစ်နေတဲ့အချိန်မှာ ကေအိုင်အိုက ဆက်ကြေးကောက်ခံလာတော့ ဘာနဲ့ပေးရမလဲ" ဟု ပြောသည်။
- အခုဆိုရင် ကေအိုင်အိုအဖွဲ့အစည်းတွေက နည်းလမ်းပေါင်းစုံအသုံးပြုပြီး ဒေသမှာရှိတဲ့ လုပ်ငန်းရှင် များထံ စာပို့၍ ဆက်ကြေးကောက်ခံနေကြောင်း အမည်မဖော်လိုသော ဒေသခံများထံမှ သိရသည်။
- "ဒီဖြစ်စဉ်မျိုးတွေက မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တွေမှာ ဆက်ကြေး ကောက်ခံတာ ခုလိုမျိုး ဆက်တိုက်ဖြစ်ပေါ်နေတယ်။ ဆက်ကြေးကောက်ခံတာ သိပြန်တော့လဲ သက်ဆိုင်ရာက ပြတ်ပြတ်သားသား အရေးယူတာ အခါ(၁၀၀)မှာတစ်ခါတောင် မတွေ့ရသေးဘူး။ ဒေသခံ ပြည်သူလူထုအနေနဲ့လည်း ဘယ်သူ့ ကို အားကိုးရမလဲ မသိ၊ အစိုးရကလဲ မကာကွယ်နိုင်တဲ့အတွက် ပြည်သူ လူထုက ကြိတ်ပြီး ကေအိုင်အိုကို ဆက်ကြေးပေးနေရတယ်။ မပေးနိုင်တဲ့လုပ်ငန်းရှင်တွေကတော့ ပိတ်သိမ်း သွားရတာပေါ့" ဟု ဦးစိုင်းခွန်မင်းအိမ် ကပြောသည်။
- အဆိုပါ ဆင့်ခေါ်စာတွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဂါဒူတိုက်နယ် မှီတင်းနေထိုင်လျက် ရှိသော လုပ်ငန်းရှင်အား သက်ဆိုင်ရာ ကေအိုင်အိုအဖွဲ့အစည်း အခွန်ဌာနရုံးသို့ ၂၀၁၇-၂၀၁၈ ခုနှစ် တစ်နှစ်တာအတွက် အခွန်တော်ငွေဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်၍ ၂၁-၉-၂၀၁၇ရက်နေ့ မပျက် မကွက် လာရောက်ဆွေးနွေရန် ဆင့်ခေါ်လိုက်ပါသည် ဟု ပါရှိသည်။
- ဆက်လက်၍ မှတ်ချက်အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ပါက ဆက်လက်အောင် မြင်သည့်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည် ဟု ဖော်ပြထားပြီး ဆက်သွယ်ရန် ၀၉၇၆၇၆၉၂၄၇၇ ဖုန်းနံပါတ် ဖော်ပြထားကာ ကေအိုင်အိုတာဝန်ခံ ဟု လက်မှတ် ရေးထိုးထားသည်။

Comments
Post a Comment