“သူတို့အိမ် သူတို့ပြန်သွားတာပဲ၊ပြန်လာရင် ဘာမှပြန်လက်ခံစရာမလိုဘူး”ဟုဆိုသော မြစ်ကြီးနားမြို့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကလူထုအသံ
“သူတို့အိမ် သူတို့ပြန်သွားတာပဲ၊ပြန်လာရင် ဘာမှပြန်လက်ခံစရာမလိုဘူး”ဟုဆိုသော မြစ်ကြီးနားမြို့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကလူထုအသံ
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၃၀
- မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိအနန္တသုခ(ရွှေတိဂုံပုံတူ)စေတီတော်မြတ်ကြီး၌ စက်တင်ဘာ (၃၀)ရက်၊ နံနက်(၇)နာရီခွဲအချိန်ခန့်က စတင်ကာ ဆရာတော်သံဃာတော်များ၊ ကချင်မျိုးနွယ်စုများ၊ ရှမ်းမျိုးနွယ်စုများ၊ ရခိုင်မျိုးနွယ်စုများ၊ ဂေါ်ရခါးလူမျိုးများ၊ ဗမာလူမျိုးများနှင့် အခြားသော အကြမ်းဖက် မလိုလားသူများ စုပေါင်း၍ လူဦးရေ စုစုပေါင်း(၂၅၀၀)ဝန်းကျင်ခန့်မှ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် ဆန့်ကျင်ရေးနှင့် ပြည်ပဝင်ရောက်စွက်ဖက်မှုရှုတ်ချရေး ဆန္ဒထုတ်ဖော်ပွဲကို ကျင်းပရေး ဦးစီးကော်မတီ အမျိုးသား စည်းလုံးညီညွတ် ရေးအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
- “သူတို့ဘင်္ဂါလီတွေက ကျနော်တို့နိုင်ငံမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး၊ မရှိတဲ့ လူမျိုးနာမည်နဲ့ မရှိတဲ့ လူမျိုးကို ရှိတယ်ဆိုပြီး လုပ်နေကြတာ၊ တောင်းဆိုနေကြတာ။ နောက်တခုကသူတို့ဟာ အကြမ်းဖက်တွေ ဖြစ်တယ်ဆိုတာ ကမ္ဘာကသိဖို့လိုတယ်။ ဒါကြောင့် ဒီပွဲကိုလုပ်ရတာပါ။ ရခိုင်မှာလူသတ်တယ်။ မုဒိမ်း ကျင့်တယ်။ ပြီးတော့ ကျနော်တို့တိုင်းပြည်မှာလာပြီးတော့ နယ်မြေတောင်းဆိုတယ်။ သူတို့တောင်းတာ တွေကို ကျနော်တို့ တခုမှမလိုက်လျောနိုင်ဘူး။ လုံးဝလက်မခံဘူး၊ မကြိုက်ဘူး။ အခုသူတို့ နိုင်ငံကို သူတို့ပြန်သွားပြီလေ၊ ပြန်လာစရာမလိုဘူး။ သူတို့နိုင်ငံမှမဟုတ်တာ၊ အခုသူတို့နိုင်ငံသူတို့ အိမ်သူတို့ ပြန်ရောက်ပြီလေ။ ဘာမှပြန်လက်ခံပေးစရာမလိုဘူးလို့မြင်တယ်။” ဟု မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် တွင် နေထိုင်သော ကချင်လူမျိုးတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးဆိုင်းနော်က ပြောသည်။
- အဆိုပါ ရခိုင်အရေးနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာကြသူများမှလည်း ၄င်းအစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်များကို မိမိတို့မြန်မာနိုင်ငံအနေနှင့် ပြန်လည်လက်မခံစေလို ကြောင်းသိရသည်။
- “သူတို့ကဘာသာရေး၊ လူမျိုးရေးအစွန်းရောက်တွေပဲ။ အခုလိုသူတို့နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားကြတာကောင်းတယ်လို့မြင်တယ်။ ပြန်လာရင် ပြန်လက်မခံရင်ကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်ကဖြစ်ဖူးတဲ့ သင်ခန်းစာကိုပညာယူရမယ်။ အရင်ကလည်းအခုလိုပဲအကြမ်းဖက် တော်လှန်ပုန်ကန်လို့ စစ်အစိုးရက မောင်းထုတ်ခဲ့တယ်။ နောက်တော့ စစ်အစိုးရကပဲ ပြန်လက်ခံပေးခဲ့တယ်။ ထွက်ပြေးတုန်းက တစ်သောင်းကျော် ထွက်ပြေးသွားတယ်။ ပြန်လက်ခံတော့ လေးသောင်းကျော်ပြန်ဝင်လာတယ်။ အခုလည်း ဒီလိုပဲ တကယ်ထွက်သွားတာ တစ်သိန်းကျော်လို့သိရတယ်။ သူတို့ကြေငြာတော့ လေးသိန်းကျော် ဆိုလားပဲ။ ဒါကြောင့် ပြန်လက်ခံရင် အပိုတွေပါ ပြန်ဝင်လာပြီး၊ နောက်လည်းအခုလိုပဲ အကြမ်းဖက် လုပ်ရပ်တွေ ပြန်လုပ်မှာပဲ။ ဒါကြောင့် ရခိုင်ပြည်နယ် အေးချမ်းအောင် ပြန်လက်မခံတာ အကောင်းဆုံးပဲ ဖြစ်မယ်လို့မြင်တယ်။” ဟု ဆန္ဒထုတ်ဖော်ပွဲ တက်ရောက်လာသူ ဗမာလူမျိုး ဦးဝဏ္ဏစိုးက ပြောသည်။
- မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ စိတ်တွင်း၌ ရခိုင်အရေးသည် ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးနှင့် အကြမ်းဖက် ဘင်္ဂါလီလူမျိုးများ၏ ပြဿနာသက်သက်မဟုတ်ဘဲ၊ တိုင်းပြည်တခုလုံး၏ အခက်အခဲ ပြဿနာ ဟု ခံယူကြောင်းသိရသည်။
- “အခုကိစ္စက ရခိုင်လူမျိုးတွေရဲ့ကိစ္စပဲမဟုတ်ဘူး။ ကျနော်တို့ တတိုင်းပြည်လုံးရဲ့ ကိစ္စ၊ တတိုင်း ပြည်လုံးရဲ့ ပြဿနာပါ။ ရခိုင်ကိုထိလဲကျနော်တို့ ကချင်တွေနာတယ်။ ရှမ်းကိုထိလည်းကျနော်တို့ ကချင်တွေနာတာပဲ။ ဒါကြောင့် ဘယ်သူ့ကိုထိထိအားလုံးကိုထိတာနဲ့တူတယ်။ ဒါကြောင့် ရခိုင်မှာဖြစ်နေတဲ့ ကိစ္စကို လက်မခံနိုင်လို့ ကချင်ပြည်နယ်မှာ ဆန္ဒဖော်ထုတ်ရတာပါ။” ဟု ဦးနော်ဆိုင်းက ဆက်လက် ပြောကြားသည်။
- အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်ဆန့်ကျင်ရေးနှင့် ပြည်ပကဝင်ရောက် စွက်ဖက်မှုရှုတ်ချရေး အတွက် ဆန္ဒဖော်ထုတ်ပွဲ၌ တက်ရောက်လာသူများမှ ရခိုင်ပြည်နယ်အရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိုက်ပွဲဝင်နေကြရသော တပ်မတော်သားများကို အပြည့်အဝထောက်ခံသည် ဟု ဆိုသည်။
- အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ၌ အစွန်းရောက်အကြမ်းဖက် ခိုးဝင်ဘင်္ဂလီများ (အလိုမရှိ)၊ အစွန်းရောက်အကြမ်းဖက် ဝါဒမှန်သမျှ (ဆန့်ကျင်ကြ)၊ အကြမ်းဖက်ကို နှိမ်နင်းသော ပြည်သူ့တပ်မတော် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဘေးကင်းပါစေ)၊ တိုင်းရင်းသား ဘ၀လုံခြုံရေး (ဆောင်ရွက်ပေး)၊ ၁၉၈၂ နိုင်ငံတော်ဥပဒေ တည်တံ့ရေး (ဒို့အရေး)၊ အတွင်းထရံ အပြင်ကာ အာနန်အစီရင်ခံစာ (အလိုမရှိ)၊ လက်သည်းဆိပ်တော့ လက်ထိပ်နာ ဒို့ပြည်သူတွေ (စည်းရုံးကြစို့)၊ တပ်နှင့်ပြည်သူ လက်တွဲကူ အကြမ်းဖက် မှန်သမျှ (ချေမှုန်းကြ)၊ ခိုးဝင်ဘင်္ဂလီဖော်ထုတ်ရေး (ဒို့အရေး)၊ ပြည်ပက ၀င်ရောက်စွက်ဖက်မှု (အလိုမရှိ) ဟူသော ကြွေးကြော်သံ(၁၀)ချက်ကို ကြွေးကြော်ကာ လမ်းကြောင်းတလျှောက် စီတန်းလှည့်လည်ခဲ့ကြ ကြောင်း သိရသည်။














Comments
Post a Comment