Posts

Showing posts from November, 2017

ကချင်ပြည်နယ်တွင် ၁၁လအတွင်း မီးလောင်မှု ၈၉ ကြိမ်ဖြစ်၊ လျှပ်စစ်မီးမှ အများဆုံး လောင်ကျွမ်း

Image
ကချင်ပြည်နယ်တွင် ၁၁လအတွင်း မီးလောင်မှု ၈၉ ကြိမ်ဖြစ်၊ လျှပ်စစ်မီးမှ အများဆုံး လောင်ကျွမ်း   EPN မြစ်ကြီးနား၊ နိုဝင်ဘာ ၃၀ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ မီးလောင်မှု ၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုများမှ လျှပ်စစ်မီးကြောင့်  အများဆုံး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိ ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ အဆိုပါ မီးလောင်မှုဖြစ်ရခြင်းမှာ လျှပ်စစ်ပစ္စည်းများတွင် လျှပ်စစ်ဘုတ်ခုံနှင့် လျှပ်စစ်မီးဖို၊မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးနှမ့်မှုနှင့် ခံနိုင်ရည်မကောင်းမှုကြောင့် အပူလွန်ကဲရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။ ``အရင်နှစ် တစ်နှစ်လုံးနဲ့ စာရင်တော့ ဖြစ်ပွားမှု နဲနဲများတယ် ဆုံးရှုံးမှု တန်ဖိုးကတော့ နည်းလာတယ် အရင်တုန်းကဆိုရင် ဖေဖော်ဝါရီ၊မတ် ၊ဧပြီ၊ မေ၊အဲ့ဒီလတွေ မှာကကျနော်တို့အတွေ့အကြုံအရ မီးလောင်မှု အများဆုံးပေါ့ အခုကြတော့ အဲ့ဒီလိုမဟုတ်တော့ဘူး အဓိကကတော့ အရည်အသွေး မမှီတဲ့ လျှပ်စစ်ပစ္စည်းတွေ သုံးရာကနေ ခံနိုင်ရည် မကောင်းလို့ အပူလွန်ကဲပီး လောင်ကျွမ်းမှုမျိုးကနေ မီးလောင်တဲ့ အကြိမ်ရေက ပိုများလာတယ် ´´ဟုပြည်နယ် မီးသတ်ဦးစီ...

ဗန်းမော် မြို့ ၌ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု ထောက်ပံ့ ကူညီလှူဒါန်းရေး အလှူငွေ ပေးအပ်ပွဲ ကျင်းပ

Image
ဗန်းမော် မြို့ ၌ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု ထောက်ပံ့ ကူညီလှူဒါန်းရေး အလှူငွေ ပေးအပ်ပွဲ ကျင်းပ   EPN ဗန်းမော်၊ နိုဝင်ဘာ ၃၀ ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် ရခိုင်ပြည် နယ်အတွင်းလူသားချင်းစာနာထောက်ပံ့ ကူညီ လှူဒါန်းရေး အလှူငွေပေးးအပ်ပွဲကို နိုဝင်ဘာ ၃၀ ရက် နေ့ မွန်းလွဲ ၂ နာရီ က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။   ရှေးဦးစွာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက အမှာစကားပြောကြား၍ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုမြင့်လှိုင်က ရခိုင်ပြည်နယ် အတွင်းလူသားချင်းစာနာမှု အတွက်ထောက်ပံ့ ငွေပေးအပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။  ဆက်လက်၍ ရခိုင် ပြည်နယ် အတွင်း လူသား ချင်းစာနာမှုအကူအညီ ထောက်ပံ့ပေးရေး ပြန်လည် နေရာ ချထားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ ၊ NGO အဖွဲ့ များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာပြည်သူများ ၏ ပထမအကြိမ် လှူဒါန်းငွေကျပ် ၁၇၉ သိန်းကျော်ကို တာဝန်ရှိသူများကပေးအပ်လှူဒါန်းခဲ့ကြရာ  ပြည်သူ့ လွှတ်တော်    ကိ...

TSDP အစီအစဉ်ဖြင့်မြို့နယ်အုပ်ချုပ်ရေးမှူးဖလားအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကျင်းပ

Image
TSDP အစီအစဉ်ဖြင့်မြို့နယ်အုပ်ချုပ်ရေးမှူးဖလားအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကျင်းပ EPN မိုးကောင်း နိုဝင်ဘာ ၂၉ ပြည်သူလူထုတစ်ရပ်လုံးဘောလုံးအားကစားကိုစိတ်ပါဝင်စားပြီးအားပေးချီးမြှေက်လာစေရန် မျိုးဆက် သစ်ဘောလုံးအားကစားသမားပေါ်ထွန်းလာစေရန်လူငယ်လူရွယ်များကျန်းမာကြံ့ခိုင်ပြီးအားကစားစိတ်ဓါတ် များရှင်သန်ထက်မြက်စေရန်ထူးချွန်ထက်မြက်ပြီးအလားအလာရှိသောအားကစားသမားများပေါ်ထွက်လာစေ ရည်ရွယ်၍မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(TSDP)မှမြို့နယ်အုပ်ချုပ်ရေးမှူးဖလားအမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကိုကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲဖွင့်ပွဲကိုကချင်ပြည်နယ်မိုးကောင်းမြို့နောင်ကိုင်တော်ရပ် ပြည်သူ့အားကစားကွင်းတွင် နိုဝင်ဘာ၂၉ညနေ၂း၃၀နာရီကကျင်းပပြုလုပ်ရာအထက(၂)ဘင်ခရာတပ်ဖွဲ့မှဦးဆောင်ပြီးပြိုင်ပွဲဝင်အားကစား အသင်း(၁၁)သင်းမှကွင်းအတွင်းနေရာယူကြပါသည်။ ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းမှအဖွင့်အမှာစကားပြောကြားပြီးပြိုင်ပွဲစည်းကမ်းချက် များကိုမြို့နယ်ပညာရေးမှူးဦးသန်းထွန်း မှရှင်းလင်းပြောကြားပါသည်။ "ဆယ်စုနှစ်၂ခုကျော်ကြာမကျင်းပနိုင်ခဲ့တဲ့ဘောလုံးပြိုင်ပွဲကို...

ဗန်းမော်၌ တက်ဟုန်း ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းမြန်မာနိုင်ငံ ကိုယ်စားလှယ် ( ဗန်းမော်ရုံးခွဲ)ဖွင့်လှစ်

Image
ဗန်းမော်၌ တက်ဟုန်း ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းမြန်မာနိုင်ငံ ကိုယ်စားလှယ် ( ဗန်းမော်ရုံးခွဲ)ဖွင့်လှစ်   EPN ဗန်းမော် နိုဝင်ဘာ ၃၀ ကချင်ပြည်နယ်ဗန်းမော်မြို့တွင်တရုတ်နိုင်ငံတက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်းမြန်မာနိုင်ငံကိုယ်စားလှယ် ( ဗန်းမော် ရုံးခွဲ )ဖွင့်လှစ်ခြင်း အခမ်းအနားကို  နိုဝင်ဘာ ၂၉ ရက်နေ့  နံနက် ၁၀ နာရီ ကသာ စည်ရပ်ကွက်ခြောက်လကုန်းရပ် ၌ ကျင်းပခဲ့ကြောင်းသိရသည်။        အခမ်းအနားတွင်တက်ဟုန်း ပြည်နယ်ခွဲပြည်သူအစိုးရပြည်နယ်ခွဲ ဒုတိယ အုပ်ချုပ်ရေးမှူးမစ္စတာရန်စီ ကျွမ်း။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလုံချွမ်ခရိုင် ပါတီကော်မတီအတွင်းရေးမှူးလီလင်စန်း  ရွှေလီမြို့ စမ်းသတ်ရေးဇုံလုပ်ငန်းစီမံခန့့်ခွဲမှုကော်မတီအထွေထွေဌာန ညွှန်ကြားရေးမှူး မစ္စတာရင်ကျုံးတယ် တရုတ်နိုင်ငံရင်း နှီးမြုပ်နှံမှု လုပ်ငန်းကိုယ် စားလှယ်မစ္စတာ ခမ်းယုံဝူ တို့ ကအမှာစကားများပြောကြားခဲ့ကြ သည်။        ဆက်လက်၍  တက်ဟုန်းပြည်နယ်ခွဲမှ ပြည်သူ့ ဆေးရုံကြီးအတွက်ငွေကျပ်သိန်း ၅၀ မြစေတီကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွက် ငွေကျပ် သိန်း ၅၀ ထောက်ပ့...

မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး

Image
မိုးကောင်းမြို့နယ်တွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိ FDA မှစစ်ဆေး   EPN မိုးကောင်းနိုဝင်ဘာ ၂၉ အစားအသောက်များနှင့်ဆေးဝါးများသည် အဏုဇီဝ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိခြင်း၊  ခွင့်မပြုဆိုး ဆေးပါဝင်နေပါကစားသုံးရန်မသင့်သည့် အစားအသောက်များနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်မိုးကောင်းမြို့ မြို့မဈေးအတွင်း နိုဝင်ဘာ ၂၉ရက်၊ မနက် ၁၀ နာရီအချိန်က ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာန (FDA)ကစစ်ထားခဲ့သည်။  အဆိုပါစစ်ဆေးမှု ကို ပြည်နယ်FDA မှ လက်ထောက်ညွန် ကြားရေးမှူး ဒေါက်တာတင်ထွန်းဦး ဦးစီး အဖွဲ့ မြို့နယ်ထွေအုပ် ကျန်းမာရေးဦးစီးဌာနနှင့်ဈေးစည်ပင်တို့ ပူးပေါင်းပြီးနှစ်ဖွဲ့ခွဲ၍ ကုန်ခြောက်ဆိုင်များနှင့်အလှကုန်ဆိုင်များဆေးဆိုင်များတွင်သက်တမ်းလွန်အစားအသောက်နှင့်ဆေးဝါးများ ရောင်းချမှုရှိမရှိကိုရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ ဈေးဆိုင်များတွင်ရက်လွန်မှိုတက်ဆိုးဆေးများအလွန်အကျွံသုံးစွဲထားသောစားသောက်ကုန်များကိုစစ် ဆေးပြီးရက်လွန်အစားအသောက်များမရောင်းချရန်ပညာပေးပြောကြားခဲ့သည်။ "ပညာပေးရုံလာတဲ့ခရီးစဉ်မို့ပြဒါးပါတဲ့အလှကုန်အလှကုန်အနည်းငယ်နဲ့ရက်လွန်ပစ္စည်းတေ...

လိုင်စင်မဲ့ဆိုင်ကယ်များ ပျောက်ဆုံးပါက ရဲတပ်ဖွဲ့သို့တိုင်ကြားနိုင်

Image
လိုင်စင်မဲ့ဆိုင်ကယ်များ ပျောက်ဆုံးပါက ရဲတပ်ဖွဲ့သို့တိုင်ကြားနိုင်   EPN မြစ်ကြီးနား၊ နိုဝင်ဘာ ၂၉ လိုင်စင်မဲ့ဆိုင်ကယ်များ ခိုးခံရပြီးပျောက်ဆုံးသွားပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆက်သွယ်ချိတ်ဆက်ကာ အကြောင်းကြား တိုင်ကြားနိုင်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ “ကျနော်တို့ ကချင်ပြည်နယ်မှာက လိုင်စင်မဲ့ဆိုင်ကယ်တွေ ပျောက်ရင်မတိုင်ကြတာများတယ် လိုင်စင် မရှိတော့ တိုင်လဲအလကားပဲ၊ ပြန်ရမှာလဲမဟုတ်ဘူး။ မတိုင်တာကကောင်းသေးတယ်၊ သွားတိုင်လိုက်မှလိုင်စင် မဲ့စီးလို့ ပြန်အမှုပတ်နေဦးမယ်ဆိုတဲ့ အမြင်လေးတွေရှိနေကြတယ်။ အဲ့ဒါကမှားနေတာပါ၊ တကယ်တော့ ကိုယ့် ဆိုင်ကယ်ပျောက်သွားတယ်ဆိုရင် ရဲတပ်ဖွဲ့နဲ့ဆက်သွယ်ချိတ်ဆက်ပြီး ပြန်လည်ရရှိရေးနဲ့ ခိုးသွားတဲ့သူခိုးကို ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းသင့်တယ်။ ဒါမှလဲ ဆိုင်ကယ်သူခိုးတွေကို ဖမ်းနိုင်မှာဖြစ်တယ်။ လိုင်စင်မဲ့ ဆိုင်ကယ် ပျောက်ရင်လဲ လာအကြောင်းကြားကြပါလို့ ပြောချင်ပါတယ်။ ပျောက်တဲ့သူကို ဘာမှအရေးမယူပါ ဘူး။”ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ(ပထမတန်း) ဒုရဲမှူးကြီးမျိုးသူရနောင် ကပြောသည်။ ကချင်ပြည်နယ်အတွင်း၌ ဆိုင်ကယ်ပျောက်မှုများတွင် လိုင်စင်မဲ့ဆိ...

အမျိုးသမီးနှစ်ဦးထံမှ နေအိမ်အတွင်း စိုက်ပျိုးထားသော ဆေးခြောက်အပင်များဖမ်းဆီးရမိ

Image
အမျိုးသမီးနှစ်ဦးထံမှ နေအိမ်အတွင်း စိုက်ပျိုးထားသော ဆေးခြောက်အပင်များဖမ်းဆီးရမိ   EPN မြစ်ကြီးနား  နိုဝင်ဘာ ၂၉ မြစ်ကြီးနားမြို့နယ်တွင် နေအိမ်အတွင်း စိုက်ပျိုးထားရှိသော ဆေးခြောက်အပင်၅ပင်နှင့် ဆေးခြောက် များဖမ်းဆီးရမိခဲ့ကြောင်း အမှတ်၂ မူးယစ်တပ်ဖွဲ့စုရုံးမှ သိရသည်။ မြစ်ကြီးနားမြို့နယ် အတွင်းတွင် နိုဝင်ဘာ၂၈ရက် တစ်ရက်တည်း၌ နန်းကွေ့ကျေးရွာနှင့် ကျွန်းပင်သာ ရပ်ကွက်အတွင်းရှိ အမျိုးသမီးနှစ်ဦးထံမှ သတင်းအရ ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။ ``ဆေးခြောက်တွေနဲ့အတူ အရင်မိတာကတော့ နန်းကွေ့ရွာက မအားနာကို မိတာပေါ့သူ့ရဲ့ထွက် ဆိုချက်အရ ဆက်စပ်တရားခံ ကျွန်းပင်သာရပ်ကွက်က မဆိုင်းတောင်ဆီက ထပ်မိတာပါ´´ဟု မြစ်ကြီးနားမြို့ မူးယစ်တပ်ဖွဲ့စု ၂မှ ရဲမှုးဌေးလွင်ကပြောသည်။ နန်းကွေ့ကျေးရွာ၊ရပ်ကွက်၅နေ မအားနာ၏ နေအိမ်အတွင်းမှ နေအိမ်မီးဖိုအတွင်း၌ ပီနံအိတ်ထဲ၌ ဆေးခြောက်၅၇၁ဂရမ်၊တန်ဖိုး (၁၉၉၈၅၀)ကျပ် သိမ်းဆည်းရမိပြီး ၎င်းနှင့်ဆက်စပ်တရားခံ မဆိုင်းတောင်၊ ကျွန်းပင်သာရပ်ကွက်၊အမှတ်၆၉၅(B)နေသူ၏ နေအိမ်အတွင်းမှ ခြံဝင်းအတွင်း စိုက်ပျိုးထားသော ဆေးခြောက် အပင် ၅ပင်နှင့် မီးဖိုဆောင် ပန်းကန်စင်ပေါ်မှ ဆေးခြောက်စုစုပေါင်း အ...

ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ လူကုန်ကူးမှု ၊ လူမှောင်ခိုမှု၊ အမျိုးသမီးများအကြမ်း ဖက်မှုမှကာကွယ်ရေး အသိပညာပေးဟောပြော

Image
ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ လူကုန်ကူးမှု ၊ လူမှောင်ခိုမှု၊ အမျိုးသမီးများအကြမ်း ဖက်မှုမှကာကွယ်ရေး အသိပညာပေးဟောပြော   EPN ဗန်းမော် နိုဝင်ဘာ ၂၉          ကချင်ပြည်နယ် ဗန်းမော်မြို့ တွင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ကကြီးမှူးကျင်းပသော လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အမျိုသမီးများအကြမ်းဖက်မှုမှကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၈ ရက် နေ့  မွန်းလွဲတစ်နာရီ ကမြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။         အခမ်းအနားတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်သီတာအောင်က အမှာစကားပြောကြား၍ မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း သိကောင်းစရာများကို ရှင်လင်းပြောကြားပြီး ခရိုင်အမျိုသမီး ရေးရာအဖွဲ့ ဥက္ကဌ ဒေါ်မြင့်မြင့်အား အဆိုပြုလွှာများနှင့်ရင်ထိုးများပေးအပ် ခဲ့ သည်။ အမျိးသမီးများ အကြမ်းဖက်မှု မခံရအောင်ကြိုတင်ကာကွယ်နိုင်တဲ့ အချက်များ၊ ဖေ့စ်ဘုတ်သုံးစွဲကြ ရာမှ အကြမ်းဖက်ခံနေရခြင်းများ ကိုအမျိုးသမီးများအားလုံးသိစေလိုသည့် ဆန္ဒဖြင့်ဟောပြော ရခြင်းဖြစ် ကြောင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်...

လိုင်စင်မဲ့ကားများကို မြို့အဝင်ဂိတ်များတွင် ပညာပေးကာလသာ ပြုလုပ် ထားဟုဆို

Image
လိုင်စင်မဲ့ကားများကို မြို့အဝင်ဂိတ်များတွင် ပညာပေးကာလသာ ပြုလုပ် ထားဟုဆို   EPNမြစ်ကြီးနား နိုဝင်ဘာ ၂၉ မြစ်ကြီးနားမြို့ဝင်ဂိတ်များတွင် လိုင်စင်မဲ့ကားများကို တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ဝင်ထွက်သွားလာမှု မပြုရန်ပညာပေးကာလကို ယခုထိပြုလုပ်ထားသည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ကချင်ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ် ကပြောသည်။ ယခင်က မြစ်ကြီးနားမြို့အဝင်ရှိ ၂၁မိုင်ပးပေါင်းစစ်ဆေးရေးဂိတ်နှင့် ဗလမင်းထင်တံတား အနီးရှိ ပူးပေါင်း စစ်ဆေးရေးဂိတ် နှစ်ခုတွင်  ၁၆.၈.၂၀၁၇မှ ၃၁.၁၀.၂၀၁၇ထ ပညာပေးကာလကို ပြုလုပ်ခဲ့ပြီး  ၃လသာသက်မှတ်ခဲ့သော်လည်း ယခုအချိန်ထိ ပညာပေးကာလ အဖြစ်ဆောင်ရွက်နေကြောင်း  ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှသိရသည်။ ``အခုလောလောဆည်တော့ ပညာပေးကာလပါပဲ ထပ်ပြီးတိုးမြှင့်ထားတယ် ဘယ်အချိန်ထိ ပညာပေး ကာလ ပဲလုပ်ထားမလည်း ဆိုတာကိုတော့ ပြောလို့မရသေးဘူး အရးပေါ်ကိစ္စ တွေရှိလာရင်တော့  သွားလို့ရ တယ်  ဒါပေမယ့် လိုင်စင်မဲ့ ကားတွေကို မစီးတာနဲ့ မဝယ်တာက တော့ အကောင်းဆုံးပါပဲ´´ ဟု ဦးဒီဆင်ရမ် ကပြောသည်။ ယခုနှစ်သြဂုတ်လမှစတင်၍ အောက်တိုဘာ၃၁ရက်အထိ လိုင်စင်မဲ့ကားများနယ်စပ်ဖြတ်...

ဆက်သွယ်ရေးတာဝါတိုင်ကိုလူနေအိမ်နှင့်ဝေးသောနေရာသို့ပြောင်းရွှေ့စိုက်ထူပေးရန်အတွက်ဒေသခံများဖော်ထုတ်

Image
ဆက်သွယ်ရေးတာဝါတိုင်ကိုလူနေအိမ်နှင့်ဝေးသောနေရာသို့ပြောင်းရွှေ့စိုက်ထူပေးရန်အတွက်ဒေသခံများဖော်ထုတ်   EPN ဟိုပင် နိုဝင်ဘာ ၂၈ ကချင်ပြည်နယ်၊ဟိုပင်မြို့တွင်“ဦးငွေသောင်းပိုင်ခြံမြေမှတာဝါတိုင်ပြောင်းရွှေ့စိုက်ထူပေးရေး(ဒို့အရေး)”ဟူသောဆိုင်းပုဒ်ကိုကိုင်ဆောင်ကာ ယနေ့ ၂၈ နံနက်(၉)နာရီတွင်စတင်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။ ထိုသို့ကန့်ကွက်မှုမှာဟိုပင်မြို့၊မြဇေယျာနယ်မြေ(၆)ရန်ကင်းအောင်ရပ်ကွက်တွင်ဦးငွေသောင်းပိုင်ခြံမြေ မှာတည်ဆောက်နေဆဲဖြစ်သောဆက်သွယ်ရေးတာဝါတိုင်ကိုလူနေအိမ်များနှင့်ဝေးသောနေရာသို့ပြောင်းရွှေ့ စိုက်ထူပေးရန်အတွက်ဖြစ်ပြီးလူဦးရေ တစ်ရာကျော်လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်းသိရသည်။ “ကျွန်တော်တို့ကမလုပ်နဲ့လို့မပြောပါဘူးဒါပေမယ့်လူနေအိမ်နဲ့ခပ်လှမ်းလှမ်းမှာစိုက်ထူပေးဖို့ပါပဲ၊ဘာ ဖြစ်လို့လဲဆိုရင်အနီးအနာကလူတွေမှာခေါင်းကိုက်ခေါင်းခဲဖြစ်မယ်၊မှတ်ဥာဏ်ပျက်စီးလာမယ်၊နှလုံးရောဂါတွေ ဖြစ်လာနိုင်တယ်လို့သိထားတော့ကြောက်နေရတာပါ“ဟုတည်ဆောက်နေဆဲဖြစ်သောဆက်သွယ်ရေးတာဝါတိုင်၏အနီးအနားအိမ်မှဦးဟောင်းစောင်းကပြောသည်။ ဆက်သွယ်ရေးတာဝါတိုင်၏ဆိုးကျိုးများရေးသားထားသောစာရွက်ကိုလူအများသိရှိအောင်လည်းလမ်း လျှောက်ဆန္ဒဖော်ထုတ်ရင်းလာ...

ထီးချိုင့်ကျေးရွာ သုဇနာရာမကျောင်းတိုက်ဆရာတော်ပျံလွန်တော်မူ

Image
                              ထီးချိုင့်ကျေးရွာ သုဇနာရာမကျောင်းတိုက်ဆရာတော်ပျံလွန်တော်မူ EPN မိုးကောင်းနိုဝင်ဘာ ၂၈ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တောင်နီကျေးရွာအုပ်စု ထီးချိုင့်ကျေးရွာ သုဇနာရာမကျောင်း တိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဇာတ (သာသနဓဇ ဓမ္မာစရိယ)သက်တော်(၆၇)နှစ် ဝါတော်(၄၇)ဝါသည် နိုဝင်ဘာ ၂၇ ရက်ညနေ(၆း၁၀)နာရီ၌ ရန်ကုန်မြို့ အမှတ် (၂)မင်္ဂလာဒုံစစ်ဆေးရုံတွင် နှလုံးနှင့် အဆုပ်ကင်ဆာရောဂါကြောင့် ဘဝနတ်ထံပျံလွန်တော်မူသွားပြီဖြစ်ကြောင်းသိရသည်။ ဆရာတော်ကိုတောင်နီကျေးရွာအုပ်စု ထီးချိုင့်ကျေးရွာခမည်း တော်ဦးချစ်မောင်မယ်တော် ဒေါ်မိသင်း တို့မှ ၁၃၁၃ ခုနှစ်တန်ဆောင်မုန်း လဆန်း(၁၀)ရက်သောကြာနေ့တွင် အဆိုပါကျေးရွာ၌ ဖွားမြင်ခဲ့ပြီး မွေးချင်း(၅)ဦးအနက်တတိယမြောက်သားရတနာဖြစ်ကာငယ်မည်မှာမောင်ကျော်အေးဖြစ်သည်။ ၁၃၂၀ခုနှစ်တန်ခူးလဆန်း၁၀ရက်နေ့တွင်တောင်နီကျေးရွာအုပ်စု ထီးချိုင့်ကျေးရွာ သုဇနာရာမကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တကိတ္တိသာရအားဥပဇ္ဈယ်ပြု၍မိဘနှစ်ပါးတို့၏ပစ္စယာနုဂ္ဂဟ...

တရုတ်နိုင်ငံသို့ ရောင်းစားခံရသူ အမျိုးသမီးတစ်ဦး ၂နှစ်ကျော်အကြာတွင် ပြန်လည်တွေ့ရှိ

Image
တရုတ်နိုင်ငံသို့ ရောင်းစားခံရသူ အမျိုးသမီးတစ်ဦး ၂နှစ်ကျော်အကြာတွင် ပြန်လည်တွေ့ရှိ EPN မြစ်ကြီးနား၊ နိုဝင်ဘာ ၂၈ ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်းရှိ နောင်စီပေါကျေးရွာတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက တရုတ်နိုင်ငံ သို့ ရောင်းစားခံခဲ့ရပြီး နှစ်နှစ်ကျော်အကြာ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်၁၇နှစ် အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ လွန်ခဲ့သော နှစ်နှစ်ကျော်ခန့် က ရောင်းစားခံခဲ့ရပြီး ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအား ပြန်လည်တွေ့ရှိချိန်တွင် အသက်၁၉ နှစ် အရွယ်ဖြစ်နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ အမှတ်၁၂ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ သိရသည်။ ``ရောင်းစားခံရပြီး ၂နှစ်ကျော်ကြာတဲ့အချိန်မှာ သူဘယ်မှာရောက်ရှိနေကြောင်း သူ့အဖေရဲ့ဖုန်းကို ဆက်ခဲ့ရာကနေတစ်ဆင့် တရားခံ သားအမိနှစ်ယောက်ဆိုတာ သိခဲ့ရတယ် သမီးကိုတော့ မိထားတယ် ရင်ကျန်းမှာနေတဲ့ သူ့အမေကိုတော့ တရုတ်မြန်မာ နှစ်နိုင်ငံဆက်သွယ်ရေးရုံးကနေတစ်ဆင့် ဖမ်းဆီး ရမိဖို့ လုပ်နေပါတယ် ´´ဟု အမှတ်၁၂ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ ရဲအုပ်လှိုင်စိုးကပြောသည်။ ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ် နောင်...

မိုးညှင်းမြို့တွင် မြန်မာ့အသံချစ်သူများအဖွဲ့ ဝင်ခွင့်လျှောက်ထား ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပွဲပြုလုပ်

Image
မိုးညှင်းမြို့တွင် မြန်မာ့အသံချစ်သူများအဖွဲ့ ဝင်ခွင့်လျှောက်ထား ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပွဲပြုလုပ်  EPN ဟိုပင် နိုဝင်ဘာ ၂၈              ကချင်ပြည်နယ်မှုခင်းသတင်းထောက်အဖွဲ့မှမြန်မာ့အသံချစ်သူများအဖွဲ့၊အမြို့မြို့အနယ်နယ်သတင်း ထောက်များဝင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ရှင်းလင်းပွဲကို ၊မိုးညှင်းမြို့၊အရှေ့ကျောင်း ကြီးတိုက် အတွင်းရှိ ဓမ္မာရုံတွင်နိုဝင် ဘာ(၂၇)ရက်နံနက်(၁၀)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။   မြန်မာ့အသံချစ်သူအဖွဲ့ဝင်များနှင့်ပြန်ကြားရေးဝန်ကြီးဌာနမြန်မာ့ရုပ်မြင်သံကြား၊အသံလွှင့်ဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲကိုမကြာမှီကျင်းပတော့မည်ဖြစ်ပြီးကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုမြန်မာ့အသံချစ်သူအဖွဲ့ဝင်များကြိုတင်သိရှိနိုင်ရန်နှင့်သတင်းပို့တတ်စေရန်အတွက်ပြုလုပ်ရခြင်းဖြစ်သည်ဟုတွေ့ ဆုံပွဲဖြစ် မြောက်အောင်ကူညီပံ့ပိုးနေသောကချင်ပြည်နယ်မှုခင်းသတင်းထောက်ဒုပြည်နယ် တာဝန်ခံကပြောသည်။  “ပွဲမ၀င်ခင်အပြင်က ကျင်းပဆိုတဲ့အတိုင်း အဖွဲ့ဝင်သူတွေသိထားသင့်တာတွေပြောပြတာပါ သတင်း ထောက်ကောင်း ဆိုတာအပြုသဘောနဲ့မိမိတ...