ဟိုပင်မြို့ မူဆလင်ကျောင်းများတွင် ပြင်ပဧည့်သည်များဝင်ထွက်မှု ရှိ မရှိ စစ်ဆေး

ဟိုပင်မြို့ မူဆလင်ကျောင်းများတွင် ပြင်ပဧည့်သည်များဝင်ထွက်မှု ရှိ မရှိ စစ်ဆေး EPN မိုးညှင်း၊ စက်တင်ဘာ ၃၀ မိုးညှင်းမြို့နယ် ဟိုပင်မြို့ရှိ မူဆလင်ကျောင်းများတွင် ပြင်ပမှလာရောက်သော ဧည့်သည်များ ဝင်ထွက်မှု ရှိ မရှိကို သိရှိနိုင်ရန် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ဟိုပင်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ရှိန်းထက်ဦး နှင့်အဖွဲ့ဝင်များ၊ မြဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ ရာအိမ်မှူး ဦးအေးလွင် တို့ပါဝင်ပြီး မြဇေယျာရပ်ကွက် နယ်မြေ( ၁)ရှိ ရှစွန္နီဗဟို ဘလီကြီး မူဆလင်ကျောင်းအား စက်တင်ဘာ ၂၉ ရက် ညနေ(၃)နာရီက သွားရောက်စစ်ဆေးခဲ့ကြကြောင်း ဟိုပင်မြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ရှိန်းထက်ဦးက ပြောသည်။ “ယခုလိုလာရောက်ရတာဟာ မြို့ရဲ့တည်ငြိမ်အေးချမ်းမှုရှိစေဖို့နဲ့ မြို့ရွာလုံခြုံမှုရှိစေဖို့ပါ ထူးခြား မှုရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြားပေးနိုင်ကြဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ဒုရဲအုပ်ရှိန်းထက်ဦးက ပြောသည်။ ဟိုပင်မြို့တွင် မကြာခဏဆိုသလို လုယက်မှုများဖြစ်ပေါ်နေခြင်းကြောင့် စစ်ဆေးဆောင်ရွက်ရခြ...