Posts

ယခုနှစ်အတွင်း မြစ်ကြီးနားမြို့ဆေးရုံကြီး၏ သားဖွားဆောင်နှင့် ကလေးဆောင်တိုးချဲ့ရန် အစီအစဉ်မရှိ

Image
ယခုနှစ်အတွင်း မြစ်ကြီးနားမြို့ဆေးရုံကြီး၏ သားဖွားဆောင်နှင့် ကလေးဆောင်တိုးချဲ့ရန် အစီအစဉ်မရှိ EPN မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ ဒူကထောင်ရပ်ကွက်အတွင်းရှိ ကုတင်၅၀၀ဆံ့အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံအတွင်းရှိ အမျိုးသမီး သားဖွားဆောင်နှင့် ကလေးဖျားနာဆောင်ကို ယခုနှစ်အတွင်း တိုးချဲ့ရန်အစီအစဉ်မရှိသေး ကြောင်း အဆိုပါဆေးရုံ၏ ဆေးရုံအုပ်ကြီးထံမှ သိရသည်။ အဆိုပါဆေးရုံကြီး၏ သားဖွားမီးယပ်ဆောင်နှင့် ကလေးဖျားနာဆောင်များ၏  အခန်းများတွင် သတ်မှတ်ထားသည့် လူနာဦးရေထက် ကျော်လွန်များပြားနေသောကြောင့် ဆေးရုံလာတက်သည့် လူနာများမှာ အဆင်မပြေမှုများ ကြုံတွေ့ နေရသည့်အကြောင်း မေးမြန်းရာမှ ထိုကဲ့သို့ဖြေကြားခြင်းဖြစ်သည်။  ``၂၀၁၈ထဲတော့ တိုးနိုင်လောက်မှာ မဟုတ်သေးဘူး၊ ဒီဆေးရုံဝင်းထဲမှာ လေးထပ်ဆောင်အသစ်ဆောက်နေတာ အပေါ်ဆုံးထပ်က ခွဲစိတ်ခန်းပါတယ် အောက်ကလူနာဆောင်၊ ခွဲစိတ်ခန်းနဲ့ဆက်နွယ်တဲ့ လူနာဆောင်တွေပေါ့ ခွဲစိတ်ဆောင်တို့ အရိုးဆောင်တွေပေါ့ အဲ့ဒီဘက်က လေးထပ်အသစ်အဆောင်ပြီးသွားရင်တော့ ရွေ့လို့ရပြီ ဒီအဆောင် အဟောင်းဘက်က ခွဲစိတ်ဆောင်တို့ အရိုးဆောင်တွေ ၊လွတ်သွားတဲ့နေရာမှာ  ကလေးဆောင်တို့ သားဖွ...

ကိုယ်ပိုင်ဘဝများကိုစွန့်လွှတ်၍ အများသူငါ၏ အပူမီးကိုငြိမ်းစေသော "လောကတ္တစရိယ" လူမှုကူညီရေးအသင်းကြီး

Image
ကိုယ်ပိုင်ဘဝများကိုစွန့်လွှတ်၍ အများသူငါ၏ အပူမီးကိုငြိမ်းစေသော "လောကတ္တစရိယ" လူမှုကူညီရေးအသင်းကြီး EPN မိုးကောင်း၊ ဖေဖော်ဝါရီ ၁၂ အများသည် အသင်းအတွက်မဖြစ်စေရ အသင်းကသာလျှင် အများအတွက်ဖြစ်စေရမည် ဟူသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်တာဝန်ယူစဉ်ကာလက နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်ဆုပေး အပ်ရန်လျာထား ခြင်းခံခဲ့ရသည်။ ကချင်ပြည်နယ် မိုးကောင်းမြို့တွင်၂၀၀၄ ခုနှစ်၌"မိုးကောင်းနာရေးကူညီ မှုအသင်း"ဟူသော အမည်ဖြင့် စတင်ဖွဲ့စည်းပြီး၂၀၀၆ခုနှစ်၌"လောကတ္တစရိယ" လူမှုကူညီရေးအသင်းကြီး အဖြစ်အမည်ပြောင်း၍ အလုပ်အမှုဆောင် (၂၀)ဦးဖြင့် ပြန်လည်ဖွဲ့စည်းကာနိုင်ငံတော်၏ လူမှုရေးလုပ်ငန်းများတွင် တဖက်တလမ်းမှကူညီဆောင်ရွက်နေသော အသင်းကြီးဖြစ်သည်။ မြို့ရွာဖွံ့ဖြိုးရေး အခမဲ့ပညာသင်ကြားရေး နိုင်ငံဝန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ နယ်မြေအပိုင်းအခြား သတ်မှတ်မထားဘဲအရေးပေါ်လူနာများ အချိန်မှီဆေးကုသနိုင်ရန် ပို့ဆောင်ပေးရေး ၊နာရေး လိုအပ်ချက် များကိုအခမဲ့ဆောင်ရွက်ရေးနှင့် ဘာသာရေး သာသနာရေး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် မိတ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်...

ကေအိုင်အေမှ ဖမ်းဆီးထားသူအား ပြန်လွတ်ပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကတောင်းဆို

Image
ကေအိုင်အေမှ ဖမ်းဆီးထားသူအား ပြန်လွတ်ပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ကတောင်းဆို EPN မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂      ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မလိယန်ရွှေမှော်အတွင်းမှ ကေအိုင်အေမှ ဖမ်းဆီးထားသူ အားပြန်လွတ်ပေးရန်  မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တောင်းဆိုထားကြောင်း သိရှိရသည်။     ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ရက်နေ့ ညနေ ၃နာရီ အချိန်ခန့်က ဝိုင်းမော်မြို့နယ်၊ မလိယန်ရွှေမှော်တွင် ကေအိုင်အေ တပ်ရင်း(၄)မှ တပ်သားသစ်စုဆောင်းခြင်းဖြင့် ဖမ်းဆီးသွားသူများအနက်မှ နောင်တာလောကျေးရွာ၊ ရပ်ကွက်(၃)နေ (ဘ)ဦးမျိုးအောင် (မိ) ဒေါ်ခင်ညိုတို့၏ သားဖြစ်သူ မောင်မျိုးလင်းဇော် ၊ အသက် (၂၅)နှစ်အား တပ်သားသစ်စုဆောင်းခြင်းမှ ပြန်လွတ်ပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် တောင်းဆိုထားကြောင်းသိရသည်။ “သူတို့လက်နက်ကိုင် အချင်းချင်းတောင်မှ ပြန်လွတ်ပေးတာပဲ၊ ရှမ်းမျိုးနွယ်စုနဲ့ ကေအိုင်အေ ဆိုတာက ရန်သူတွေလည်း မဟုတ်ဘူး၊ ဒါကြောင့် ပြန်လွတ်ပေးဖို့တောင်းဆိုတာပါ”ဟု မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စ...

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

Image
မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက် EPN မြစ်ကြီးနား၊ ဖေဖော်ဝါရီ  ၉     ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်- ပူတာအိုသွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှ တံတားနှစ်စင်းအား ကေအိုင်အေတပ်ဖွဲ့မှ ဖျက်စီးလိုက်ခြင်းကြောင့်  အသွားအလာပြတ်တောက်နေပြီး လက်ရှိ    မြစ်ကြီးနားမြို့ပေါ်တွင် ဂရိတ်ဖရုသီးများ ဈေးနှုန်းမြှင့်တက်နေကြောင်း သိရှိရသည်။     အဆိုပါ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်-ပူတာအို လမ်းပိုင်းတွင် ပူတာအိုဒေသမှထွက်သော ဂရိတ်ဖရုသီးများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်ပြီးရောင်းချနေကြရာ လက်ရှိတွင် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းပြတ်တောက် သွားမှုကြောင့် ဂရိတ်ဖရုသီးများ သယ်ယူမှုမရှိသည့်အတွက် ဈေးတက်နေခြင်းဖြစ်ကြောင်း  မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီးသည် ဒေါ်အားချာ ထံမှသိရသည်။     “အခုလက်ရှိ ဂရိတ်ဖရုဈေးက အကြီးတစ်လုံးကို(၇၀၀)ရှိပါတယ်၊ အလတ်က (၅၀၀) အသေးက(၄၀၀) ရှိပါတယ်၊ လမ်းတံတားတွေပြတ်တောက်သွားလို့ ချေးတက်တာပါ။ တချို့ဆိုအသီးကုန်သွားလို့ သစ်သီးသည် ချင်းချင်းတဆင...

မိုးကောင်းတွင် ကားလတန်ဖိုး ၃၀၀ကျော်ရှိ ဆက်သွယ်ရေးကြိုးများခိုးယူသူနှင့် လက်ခံဖျောက်ဖျက်သူများကို ဖမ်းဆီးရမိ

Image
မိုးကောင်းတွင် ကားလတန်ဖိုး ၃၀၀ကျော်ရှိ ဆက်သွယ်ရေးကြိုးများခိုးယူသူနှင့် လက်ခံဖျောက်ဖျက်သူများကို ဖမ်းဆီးရမိ EPN မိုးကောင်း ဖေဖော်ဝါရီ ၉  မိုးကောင်းမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် ဆက်သွယ်ရေးကြိုး ကီလိုမီတာ ၇၈၀၀ကျော် ကာလတန်ကြေး ကျပ်သိန်း ၃၀၀ကျော်ဖိုး ခိုးယူသူနှင့်လက်ခံဖျောက်ဖျက်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း မိုးကောင်းမြို့မ ရဲစခန်းမှ သိရသည်။ ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင်ဆက်သွယ်ရေးကြိုးများ မကြာခဏ ခိုးယူခံ နေရသဖြင့် ပြည်သူများ၊  ဆက်သွယ်ရေးတာဝန်ရှိသူများ နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ဖေဖေါ်ဝါရီ ၇ ရက်နေ့က ခိုးရာပါ ပစ္စည်းများနှင့် အတူရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်ရှိ အောင်မင်္ဂလာ ကျေးရွာအနီး၌ မိုးကောင်းမြို့နယ် အောင်ရှမ်းစုကျေးရွာနေ မျိုးထက်(ခ)သားငယ်(၂၅)နှစ်နှင့် ရဲရင့်ကိုကို(ခ)ညီစိန် (၂၄)နှစ် တို့ကိုဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးအား  ဆက်လက်စစ်ဆေးမေးမြန်းရာ လွန်ခဲ့သော(၈)ရက် ခန့်က မိုးကောင်းမြို့ အရှေ့ရပ်နေ ဒေါ်ဌေးမြင့်ထံကြေးကြိုး(၂၅)ကျပ်သား ရောင်းချထားကြောင်းနှင့် အရှေ့ရပ်နေ ကိုတင့်နိုင်ဝင်း ထံရောင်းချရန် ကြေး...

မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက်

Image
မြစ်ကြီးနား -ပူတာအို လမ်းပိုင်းပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီး ဈေးနှုန်းမြှင့်တက် EPN မြစ်ကြီးနား၊ ဖေဖော်ဝါရီ  ၉     ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်- ပူတာအိုသွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှ တံတားနှစ်စင်းအား ကေအိုင်အေတပ်ဖွဲ့မှ ဖျက်စီးလိုက်ခြင်းကြောင့်  အသွားအလာပြတ်တောက်နေပြီး လက်ရှိ    မြစ်ကြီးနားမြို့ပေါ်တွင် ဂရိတ်ဖရုသီးများ ဈေးနှုန်းမြှင့်တက်နေကြောင်း သိရှိရသည်။     အဆိုပါ မြစ်ကြီးနား -ဆွမ်ဘရာဘွမ်-ပူတာအို လမ်းပိုင်းတွင် ပူတာအိုဒေသမှထွက်သော ဂရိတ်ဖရုသီးများကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်ပြီးရောင်းချနေကြရာ လက်ရှိတွင် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းပြတ်တောက် သွားမှုကြောင့် ဂရိတ်ဖရုသီးများ သယ်ယူမှုမရှိသည့်အတွက် ဈေးတက်နေခြင်းဖြစ်ကြောင်း  မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီးသည် ဒေါ်အားချာ ထံမှသိရသည်။     “အခုလက်ရှိ ဂရိတ်ဖရုဈေးက အကြီးတစ်လုံးကို(၇၀၀)ရှိပါတယ်၊ အလတ်က (၅၀၀) အသေးက(၄၀၀) ရှိပါတယ်၊ လမ်းတံတားတွေပြတ်တောက်သွားလို့ ချေးတက်တာပါ။ တချို့ဆိုအသီးကုန်သွားလို့ သစ်သီးသည် ချင်းချင်းတ...

ပန်ဝါမြို့တွင် လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ မတည်ငွေ လှူဒါန်း

Image
ပန်ဝါမြို့တွင် လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ မတည်ငွေ လှူဒါန်း   EPN ပန်ဝါ ဇန်နဝါရီ ၈ ကချင်ပြည်နယ် အထူးဒေသ(၁) ပန်ဝါမြို့တွင်ပထမဆုံးအကြိမ်  လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ မတည်ငွေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ပန်ဝါမြို့ စိန်ပေါလ် ကက်သစ်လစ် ဘုရားကျောင်း၌ပထမဆုံးအကြိမ် လာချိဒ်မျိုးနွယ်စု ဘာသာစကား/ စာများ သင်ကြားပေးနိုင်ရန် ယမန်နေ့ နေ့လည်(၁)နာရီတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးဇခုန်ယိန်းဆောင် မှ မတည်ငွေအဖြစ် တရုတ်ငွေယွမ်(၂၅၀၀၀) လှူဒါန်းပေးရာ လာချိဒ်စာပေ/ ယဉ်ကျေးမှုမှ Doctor ဂျီယိန်ဘောမ်မှ လက်ခံရယူခဲ့သည်။ အဆိုပါ ဘုရားကျောင်းတွင် Doctor ဂလောင်ယိန်းဘောမ် နှင့် ဆရာမကျန်းဝမ် တို့မှ  ကက်သလစ်ဆုတောင်း မေတ္တာအား လာချိဒ်စာပေ/စကားဖြင့် သင်ကြားခြင်း၊ ဆုတောင်းခြင်း action sound များဖြင့် သင်ကြားနေခြင်းဖြစ် သည်။ " လာချိဒ်မျိုးနွယ်စု ဘာသာစကား/စာတွေကို ဒေသမှာရှိတဲ့ ပြည်သူတွေ သင်ကြားနိုင်အောင်နဲ့ လိုအပ်တဲ့ နေရာမှာ အသုံးပြုနိုင်အောင် မတည်ငွေအဖြစ်လှူဒါန်းခဲ့တာပါ "ဟု ချီဖွေမြ...