ယခုတစ်ပါတ်အတွင်း KIA မှ ကားသမားများထံမှ ငွေကြေးကောက်ခံမှု နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း သိရ

ယခုတစ်ပါတ်အတွင်း KIA မှ ကားသမားများထံမှ ငွေကြေးကောက်ခံမှု နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း သိရ

 EPN
မြစ်ကြီးနား၊ ဇန်နဝါရီလ ၁၄
  • မိုးကောင်းမြို့နယ်၊ လွယ်လီယံကျေးရွာအုပ်စု၊ လွယ်လီယံကျေးရွာနှင့် ဖားကန့်မြို့နယ်၊ ဒွန်ဘုံးခ ကျေးရွာအကြား မြစ်ကြီးနားမှ တနိုင်းသို့ သွားလာရာလမ်းဖြစ်သော လီဒိုလမ်းမ(ဒေသအခေါ်- ဖိုးထူးကွေ့)အနီး၌ ၂၀၁၈ခု၊ ဇန်နဝါရီလ ၁၃ ရက်၊ နံနက်(၈)နာရီခွဲ အချိန်က ကချင်လွတ်မြောက်ရေးတပ် KIA ရင်း(၁၁)မှ ဗိုလ်အဆင့်ရှိသူ လှရွှေ ဦးဆောင်သော အင်အား(၃၀)ခန့်ပါဝင်သော အဖွဲ့သည် ဖားကန့်-တနိုင်း အတက်/ အဆင်း သွားလာနေကြသည့် ကားသမားများထံမှ တစ်စီးလျှင် ငွေကျပ်(၅)သောင်းမှ (၂)သိန်းကျပ်အထိကို ကောက်ခံလျှက်ရှိရာ ယခုတစ်ပတ်အတွင်း၌ နှစ်ကြိမ် ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
  • အဆိုပါကိစ္စနှင့် ပတ်သက်၍ KIA တပ်ဖက်မှ ခရီးသွားလာ ဖြတ်သန်းနေကြသော မော်တော်ယာဉ်များကို ငွေကြေးကောက်ခံလျှက်ရှိသော်လည်း ယခင်က KIA တပ်ဖွဲ့ကို ငွေကြေးအခွန်ပေးဆောင်ခဲ့ဖူးကြောင်း သက်သေ ခံဖြတ်ပိုင်းပြသနိုင် သည်ရှိသော် ငွေကျပ်(၂၀၀၀၀)မှ (၃၀၀၀၀)ကျပ်အထိသာ ပေးဆောင်ရကြောင်း ၄င်းလမ်း၌ ပြေးဆွဲလျှက်ရှိသော ကားသမားများထံမှ သိရသည်။
  • “တနိုင်းသွားတဲ့လမ်းမှာ KIA တပ်က ပိုက်ဆံကောက်နေတာရှိတယ်။ ကားအသေးအကြီး၊ လူပြည့်မပြည့် နဲ့ ကုန်အနည်းအများပေါ်မူတည်ပြီးတော့ ငွေအနည်းအများတော့ကွာတယ်။” ဟု မြစ်ကြီးနား-တနိုင်းလမ်း ပြေးဆွဲလျှက်ရှိသော ကားသမားတစ်ဦးမှဆိုသည်။
  • ကချင်လွတ်မြောက်ရေးတပ် KIA မှ လီဒိုလမ်းမကြီးပေါ်၌ ငွေကြေးများ ကောက်ခံလျှက်ရှိကြောင်း သိရသည့်အတွက် မိုးကောင်းမြို့နယ်၊ လွယ်လီယံကျေးရွာအုပ်စု၊ လွယ်လီယံကျေးရွာ (ဒေသအခေါ်-မရမ်ကထောင်)လမ်း လုံခြုံရေးစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်လျှက်ရှိသော စကခ(၃)၊ ကွပ်ကဲမှုအောက်ရှိ ခမရ(၃၉၀)မှ ၈မိုင်-ကားမိုင်းလမ်းအတိုင်း လမ်းလွှဲစေလွတ်လျှက်ရှိကာ ယာဉ်ပိတ်ဆို့မှု၊ ပြည်သူများ ခရီးသွားလာရာတွင် အချိန်ကြန့်ကြာမှု မရှိစေရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးတို့အတွက် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ဇန်နဝါရီ(၁၃)ရက်နေ့၊ ညနေ(၅)နာရီအချိန်မှစ၍ ဖားကန့်-တနိုင်းလမ်း အတက်/အဆင်း မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာမှုများ ရှိနေပြီဟု သိရသည်။
  • ၄င်းလမ်း၌ မော်တော်ယာဉ် မောင်းနှင်သူများထံမှ ငွေကြေးကောက်ခံနေမှုများသည် ယခုလ(၁၁)နေ့၌ တစ်ကြိမ်နှင့် (၁၃)ရက်နေ့၌ တစ်ကြိမ်ဖြစ်ကာ ယခုတစ်ပတ်အတွင်း နှစ်ကြိမ်ရှိလာပြီဟု သိရပြီး၊ ငွေကြေး ကောက်ခံနေသော အဖွဲ့နှင့် ခေါင်းဆောင်သူမှ KIA တပ်ဖက်မှ ဗိုလ်လှရွှေနှင့်အဖွဲ့ဖြစ်ကြောင်း အဆိုပါ ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။
                                            လွမ်းအောင်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ