ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်တပ်ဖွဲ့မှ စစ်သားများ KBC တံဆိပ်တပ်ပြီးကားနှင့် ရှဒူးဇွပ်သို့ စစ်ကူတက်လာကြောင်း ကြားဖြတ်သတင်းအဖြစ် Facebook ပေါ်မှသတင်းသည် ကောလဟာလသာဖြစ်ဟုဆို

ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်တပ်ဖွဲ့မှ စစ်သားများ KBC တံဆိပ်တပ်ပြီးကားနှင့် ရှဒူးဇွပ်သို့ စစ်ကူတက်လာကြောင်း ကြားဖြတ်သတင်းအဖြစ် Facebook ပေါ်မှသတင်းသည် ကောလဟာလသာဖြစ်ဟုဆို

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃

  • လူမှုကွန်ရက် စာမျက်နှာ Facebook ပေါ်၌ အကောင့်ပိုင်ရှင်ဖြစ်သူ Sai Pan ဆိုသူမှ ကချင်အထူးဒေသ(၁)၊ ထာဝရငြိမ်း ချမ်းရေး အဖွဲ့ချုပ် ခေါင်းဆောင်ကြီး ဦးဇခုန်တိန့်ယိန်း၏ဒေသပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် KBC တံဆိပ်များ တပ်ဆင်ထားသော ကားများဖြင့် မြန်မာ့တပ်မတော်သို့ စစ်ကူပေးရန်အတွက် ရှဒူးဇွပ်သို့ တက်လာကြောင်း ရေးသားခဲ့ သည့် စာများသည်အစစ်အမှန် မဟုတ်ဘဲ၊ ကောလဟလသတင်းများသာဖြစ်ကြောင်း ၄င်း၏သားဖြစ်သူဦးဇခုန်ယိန်းဆောင် ကပြောကြားသည်။
  • “ဒီသတင်းက အမှန်မဟုတ်ပါဘူး။ အင်တာနက်ပေါ်က ကောလဟာလသတင်းတခုပါ။ ကျနော်တို့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေက ကျနော်တို့ဒေသကို ကျူးကျော်လာတဲ့သူတွေကိုပဲ တိုက်ထုတ်တဲ့အစဉ်အလာရှိတာပါ။ ဘယ်နေရာ ဘယ်ဒေသကိုမှ သွားမတိုက်သလို စစ်ကူလဲသွားမပေးပါဘူး။ နောက်တစ်ခုက KBC တံဆိပ်တပ်ပြီးတော့ဆိုတော့ ပိုဆိုးသွားပြီးလို့ပြောရမယ်။ ဒါဟာကျနော်တို့ အထူးဒေသ(၁)က ဒေသပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကို ဘာသာရေးနဲ့ တိုက်ပေးတဲ့သဘောလို့မြင်ပါတယ်။ ဒီသတင်းတခုလုံးက အားလုံးအမှားတွေနဲ့ ကေူာလဟာလတွေပါပဲ၊။”ဟု ၄င်းကပြောကြားခဲ့သည်။
  • ဇန်နဝါရီလ (၁)ရက်နေ့၊ နံနက်ပိုင်းက Sai Pan အကောင့်ပိုင်ရှင်မှ ၄င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်တပ်ဖွဲ့မှ စစ်သားများ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) တံဆိပ်တပ်ပြီးကားနှင့် ရှဒူးဇွပ်သို့ စစ်ကူတက်လာကြောင်း ရေးသားခဲ့မှုအပေါ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
  • အဆိုပါ ကိစ္စ နှင့်ပတ်သက်၍ ယင်းရေးသားမှုသည် ဘာသာရေးကို ခုတုံးလုပ်ခြင်းခံရလျှင် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များမှ လက်ခံမည်မဟုတ်ဘဲ၊ ပြန်လည်တုန့်ပြန်မည် သာဖြစ်ကြောင်း၊ ယခုသတင်းသည် အစစ်အမှန် ဖြစ်ပါက လက်ရှိနိုင်ငံတော် အစိုးရနှင့် နိုင်ငံရေးပါတီများ၊ အသိုင်းအဝိုင်းများမှ ဝိုင်းဝန်းကြိုးစားနေကြသော ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သော အပြု အမူတစ်ခုဖြစ်ခြင်းကြောင့် ကာယကံရှင်ဖြစ်သော ဦးဇခုန်တိန့်ယိန်း မှ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်းနှင့် လူမှုကွန်ရက်စာ မျုက်နှာဖြစ်သည့်အတွက် ၄င်း၏စိတ်ဆန္ဒအရ စိတ်ကူးယဉ်ရေးသားခြင်းသာ ဖြစ်မည်ဟု နိုင်ငံရေးပါတီများက သုံးသပ် သည်။
  • “’ဒီသတင်းက မဖြစ်နိုင်ပါဘူး။ KBC တံဆိပ်တပ်ထားတဲ့ကားနဲ့ဆိုရင် ဘာသာရေးကိုခုတုံးလုပ်တာပဲ။ တကယ့် အမှန်သာဆိုရင် KBC ကလဲ ဘယ်ခံမလဲ။ နောက်တစ်ချက်က လူမှုကွန်ရက် စာမျက်နှာဆိုတော့ သူ့ဟာသူ ရေးချင်တာ ရေးခွင့်ရှိတဲ့အတွက် ရေးတဲ့သဘောပဲဖြစ်မှာပါ။ ဒီမိုကရေစီဆိုတော့ ကွဲလွဲခွင့်ရှိတာပဲလေ။ ဒီသတင်းကို အတည်ယူလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ အဓိက မီဒီယာကြီးတွေဖြစ်တဲ့ ဧရာဝတီတို့ အလဲဗင်းတို့မှာပါရင်တော့ အမှန်လို့ပြောလို့ရမယ်။ အခုကFacebookဆိုတော့ကောလဟာလပဲဖြစ်မှာပါ။ဒီလိုကောလဟာလမျိုးဟာငြိမ်းချမ်းရေးကိုအများကြီးထိခိုက်စေနိုင်တဲ့အတွက် ဒီလိုကောလဟာလတွေကိုတော့ မတင်သင့်ဘူးလို့ ထင်ပါတယ်။”ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးတူးရော် ကသုံးသပ်သည်။
  • ငြိမ်းချမ်းရေးရရှိစေရေးအတွက် ကြိုးပမ်းမှုများတွင် ရှေ့ဆုံးမှ ပါဝင်လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဂွမ်ဂျာမှ ၄င်းသတင်းအား ဖတ်ရှုမြင်တွေ့ခွင့် မရသေးသည့်အတွက် သုံးသပ်ချက် ပေးနိုင်ခြင်းမရှိသေးဘဲ၊ အဆိုပါသတင်းသည် အမှန်ဖြစ်ပါက ကောင်းမွန်သည့် သတင်းမဟုတ်ဘဲ၊ ကောလဟာလဖြစ်ပါက ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။
  • “ကျနော် အဲ့ဒီသတင်းကို မဖတ်ရသေးတော့ သုံးသပ်ချက်အနေနဲ့ ပြောဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဒီသတင်းသာ အမှန်ဆိုရင်တော့ မကောင်းဘူးပေါ့။ နောက်တခုက ကောလဟာလသာဆိုရင်တော့ ကျနော်တို့ ကြိုးစားနေကြတဲ့ ငြိမ်းချမ်းရေးကို အများကြီးထိခိုက်စေနိုင်ပါတယ်။ တခြားတော့ ဘာမှမပြောနိုင်သေးပါဘူး။”ဟု ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဂွမ်ဂျာ ကပြောသည်။
  • အဆိုပါ ကောလဟာလ သတင်းကို ရေးသားခဲ့သော Sai Pan အကောင့်ပိုင်ရှင်သည် ယခင်ကလည်း တပ်မတော် နှင့် KIA တို့အကြား တိုက်ပွဲများနှင့် ပတ်သက်ပြီး အစဉ်တစိုက် ဝါဒဖြန့်ရေးသားခဲ့သော အကောင့်ပိုင်ရှင်ဖြစ်ပြီး၊ တပ်မတော် ကို အမြဲအပုတ်ချရေးသားခဲ့ကြောင်း၊ ယခု ၂၀၁၇ခုနှစ်၊ နှစ်ကုန်ပိုင်း၌မူ ရှမ်းလူမျိုးများနှင့် ကချင်အထူးဒေသ(၁)၊ ထာဝရ ငြိမ်းချမ်းရေး အဖွဲ့ချုပ်တို့ ဖက်သို့တဖန် ပြန်လည်၍ တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်လျှက် သွေးထိုးလှုံ့ဆော် ရေးသားခဲ့ကြောင်း သိရသည်။
  • လတ်တလော အချိန်၌ တနိုင်းဒေသအတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့(KIA)တို့အကြား တိုက်ပွဲများ ပြင်းထန်းလျှက်ရှိကြောင်း သိရသည်။

ဘရန်ဆိုင်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ