၂၀၁၈ခုနှစ်တွင်ပထမဦးဆုံးတစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်

၂၀၁၈ခုနှစ်တွင်ပထမဦးဆုံးတစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်

EPN
မိုးညှင်း ဇန်နဝါရီ ၁၈
  • မိုးညှင်းမြို့နယ် ဟိုပင်မြို့၌ ၂၀၁၈ခုနှစ် နှစ်ဦးပိုင်းတွင် ပထမဦးဆုံးတစ်လင်တစ်မယားဥပဒေဖြင့် ဇန်န၀ါရီလ ၁၆ရက်နေ့က ဟိုပင် နယ်မြေရဲစခန်းတွင်အမှုဖွင့် ခဲ့ကြောင်းသိရသည်။
  • ဟိုပင်မြို့ မြို့မတောင်ရပ်ကွက်နေ အသက်(၁၈)နှစ်ရှိ မနှင်းပွင့်ဖြူ သည်လွန်ခဲ့သော ၂၀၁၄ခုနှစ်တွင် အသက်(၂၁)နှစ်ရှိ ချစ်လွမ်းသူ ဆိုသူနှင့်အိမ်ထောင်ကျခဲ့ရာ သမီးဖြစ်သူ မအိအိမျိုးချစ်အားမွေးဖွားခဲ့သည်ဟု တရားလိုဖြစ်သူ မနှင်းပွင့်ဖြူ ဆိုသည်။
  • “ခင်ပွန်းဖြစ်သူကလွန်ခဲ့တဲ့(၁)နှစ်လောက်ကစပြီး ရန်ကင်းအောင်ရပ်ကွက်က အသက်(၁၇)နှစ်ရှိ  မစုဝေ ဆိုသူနဲ့ ချစ်ကြိုက်ခဲ့ပြီး ခိုးယူပေါင်းသင်းနေထိုင်ခဲ့လို့ မြို့မတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လူမှုရေး အရှုတ်အထွေးမပြုလုပ်ဖို့ခံဝန်ဂတိလက်မှတ်ရေးထိုးထားတာရှိခဲ့ပါတယ်”ဟု တရားလိုမနှင်းပွင့်ဖြူက ဟိုပင်ရဲစခန်း တွင်တိုင်ကြားပြောဆိုခဲ့ကြောင်းသိရသည် ။
  • မနှင်းပွင့်ဖြူ၏ခင်ပွန်းဖြစ်သူ ချစ်လွမ်းသူဆိုသူမှာ လွန်ခဲ့သော၂လခန့်မှ စတင်ကာနေအိမ် သို့ပြန်မလာ တော့ဘဲ ရန်ကင်းအောင်ရပ်ကွက် ဓမ္မပါလတောကျောင်းအနီး ရာဘာခြံတွင် မစုဝေ ဆိုသူနှင့်ပေါင်းသင်း နေထိုင် နေသဖြင့် ချစ်လွမ်းသူ အမှုအမှတ် -(ပ)၃/၂၀၁၈  တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၃  ဖြင့်တရားစွဲဆိုရန် အမှုဖွင့်ဖမ်းဆီးထားကြောင်းဟိုပင်နယ်မြေရဲစခန်းကသိရသည်။

သီဟ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ