မြစ်ကြီးနားမြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကစားပွဲများကျင်းပမည့်ရက်ရွေ့
မြစ်ကြီးနားမြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကစားပွဲများကျင်းပမည့်ရက်ရွေ့
EPN
မြစ်ကြီးနား ဇန်နဝါရီ ၅
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နှစ်စဉ်ဇန်န၀ါရီ၎ရက်နေ့ တွင်ကျရောင်သည့်၊လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပသည့် ပျော်ပွဲရွှင်ပွဲ ကစားပွဲများကို ဇန်န၀ါရီလ၁၀ရက် ကချင်ပြည်နယ်နေ့တွင်သာ ကျင်းပသွားမည်ဖြစ် ကြောင်း မြစ်ကြီးနားခရိုင် အားကစား နှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
- မြစ်ကြီးနားမြို့၊ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ်ပြည်သူ့အားကစားပြိုင်ဝင်းတွင် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ များ(၃၁)မျိုးကို ကျင်းပပြုလုပ်မည်ဟု စီစဉ်ထားသော်လည်း လွန်ခဲ့သည့် ၃ရက်ခန့်မှစ၍ မြစ်ကြီးနားမြို့တွင် နေ့စဉ်ရက် ဆက်မိုးရွာခဲ့သောကြောင့် ထိုကဲ့သို့ ရွေ့ဆိုင်းရခြင်းဖြစ်ကြောင်း သိရသည်။
- ``လူကြီးတွေနဲ့ အစိုးရအဖွဲ့နဲ့တိုင်ပင်ပြီး ရွေ့လိုက်တာပါ အဓိကကတော့ ရာသီဥတုအခြေအနေကြောင့် မိုးရွာလာ ရင် ကစားမယ့်ကလေးတွေ ကျန်းမာရေးထိခိုက်မှာစိုးလို့ လောလောဆည် ကချင်ပြည်နယ်နေ့ကို ရွေ့ထားတယ်လို့ သိရ တယ်´´ဟု မြစ်ကြီးနားခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ရဲထူးကပြောသည်။
- ကချင်ပြည်နယ် စက်ဘီးစီးအဖွဲ့၏ ဥက္ကဌ ဦးသောင်းက``ဗမာတိုင်းရင်းသားရေးရာဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ရက်ရွေ့ဆိုင်းလိုက်တာပါ အားကစားပြိုင်မယ့် ကွင်းထဲမှာလဲ မိုးရေတွေများနေတော့လေ စက်ဘီးစီးပြိုင်မယ့် ကလေးတွေ လဲ မိုးစိုရင် နေမကောင်းဖြစ်မှာစိုးလို့ ကချင်ပြည်နယ်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်´´ဟု ပြောသည်။
- ထိုကဲ့သို့ ရက်ရွေ့ဆိုင်းလိုက်သည်နှင့် ပတ်သက်၍ အဆိုပါနေ့တွင် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့်ကလေးများကို အချိန်မီကြိုတင်အကြောင်းကြားခြင်းမျိုးမရှိဘဲ ပြိုင်ပွဲဝင်မည့်ကွင်းသို့ လာရောက်ကြသည့် အခါမှသာ ကျောင်းသူကျောင်း သားကစားသမားများနှင့် ရပ်ကွက်အတွင်းရှိ ကစားသမားများကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရက်ရွေ့ဆိုင်းသည့်အကြောင်းကှို ပြောပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
- ဇန်န၀ါရီ၎ရက်နေ့တွင် စီစဉ်ထားသည့် ပျော်ပွဲရွှင်ပွဲ၃၁မျိုးအနက်၊ မိုးလုံလေလုံခန်းမများတွင်ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊စစ်တုရင်ပြိုင်ပွဲ၎မျိုးကိုသာ ပြုလုပ်ခဲ့ကြောင်းသိရပြီး ထိုနေ့၏ညနေပိုင်းတွင် အဆိုပါကစားပွဲများကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
- မြစ်ကြီးနားမြို့ပေါ်ရှိ၊ရွှေညောင်ရပ်ကွက်၊အောင်နန်းရပ်ကွက်၊ တပ်ကုန်းရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်နှင့် အချို့ ရပ်ကွက်များတွင်၊ ဇန်န၀ါရီ ၄ရက်နေ့က ချောတိုင်တက်ပြိုင်ပွဲ၊မုန့်စားပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်၍အပြေးပြိုင်ပွဲ၊ အာလူးဇွန်းထဲ တွင်ထည့်၍ အပြေးပြိုင်ပွဲ၊အလွတ်အပြေးပြိုင်ပွဲ၊ဘော်လီဘောပြိုင်ပွဲ သံပုံးရိုက်ပြိုင်ပွဲများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မီးမီး

Comments
Post a Comment