မြစ်ကြီးနား တွင်အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး
မြစ်ကြီးနား တွင်အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး
EPN
မြစ်ကြီးနား ဇန်နဝါရီ ၎
- မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ မိမိကိုယ်ကို ကြိုးဆွဲချသတ်သေသည်ဟု ယူဆရသော သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှ သိရသည်။
- အဆိုပါ သေဆုံးသူ ကျော်သက်ဦး(ခ)ကျော်ကြားသည် ဇန်န၀ါရီ ၂ရက်ညနေ ၄နာရီခွဲခန့်က ရမ်ပူရပ်ကွက်၊နယ်မြေ ၂၂၊ ရှိရေးအိမ်တစ်လုံးတွင် ၊ ဆာလာအိတ်နှင့် ပလပ်စတစ်ကြိုးခွေများထားသည့် လူမနေသည့် ပစ္စည်းသိုလှောင် သည့် နေအိမ်ဂိုထောင် ထပ်ခိုးပေါ်တွင် သေဆုံးခြင်းဖြစ်ကြောင်း နေအိမ်ဂိုထောင်ထပ်ခိုး၏ အမြင့်၇ပေခန့်ရှိသော ဂိုထောင်၏ အလယ်ထုတ်တန်းတွင် ချည်ထားသော နိုင်လွန်ကြိုး အဖြူ ၃၄ပေအရှည်နှင့် လုံးပတ်တစ်မတ် လုံးခန့်ရှိ သောကြိုးနှင့် ၎င်း ၏ဦးလေးမှ ကြိုးဆွဲချအနေအထားဖြင့် တွေ့ရှိရပြီး သေဆုံးသူ၏အနီးတွင် အပြာရောင်ပလပ်စတစ်ထိုင်ခုံ၁လုံးVivoတံဆိပ်ပါ ရွှေရောင်ဖျော့ လက်ကိုင်ဖုန်း၁လုံး တွေ့ရှိရ ကြောင်း သိရသည်။
- `` ဆရာဝန်တွေ စစ်ဆေးချက်အရ သေဆုံးသူမှာ ပြင်ပဒဏ်ရာ မတွေ့ရှိထားဘူး လည်ပင်းမှာ ကြိုးရာတစ်ခုပဲ တွေ့တယ် ဒီနေ့တော့ ရင်ခွဲစစ်ဆေးမှု ထပ်လုပ်နေတယ်´´ဟု နယ်မြေရဲစခန်းမှ တာဝန်ရှိသူရဲတစ်ဦးကပြောသည်။
- အဆိုပါ သေဆုံးသူသည် အမှတ်၇၇၊ လမ်းသွယ်၃၊ ယုဇနရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး၊နယ်မြေရဲစခန်းမှတာဝန်ရှိ သူများက ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သေမှုသေခင်းအမှတ်၁/၂၀၁၈အရ စစ်ဆေးလျှက်ရှိကြောင်း သိရ သည်။
မီးမီး

Comments
Post a Comment