မိမိတို့အခွင့်အရေး မိမိတို့ဆောင်ရွက်ရမယ့်လုပ်ငန်းကိုမိမိတို့ကိုယ်တိုင်ထဲ ထဲဝင်ဝင်ပါဝင်ဆောင်ရွက် ရန်လိုအပ်
မိမိတို့အခွင့်အရေး မိမိတို့ဆောင်ရွက်ရမယ့်လုပ်ငန်းကိုမိမိတို့ကိုယ်တိုင်ထဲ ထဲဝင်ဝင်ပါဝင်ဆောင်ရွက် ရန်လိုအပ်
EPN
မိုးကောင်း ဇန်နဝါရီ ၁၄
- မိုးကောင်းမြို့နယ်ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်းယာဉ်များကြီးကြပ်မှုကော်မတီ၏ ၂၀၁၇ခု နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် ကော်မတီအသစ်ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက်က ကျင်းပပြုလုပ်ပါသည်။
- "မြို့နယ်မော်တော်ယာဉ်လုပ်ငန်းအောင်မြင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂိတ်ပိုင်များ ယာဉ်ပိုင်ရှင်များမှ ကော်မတီနှင့် ပူးပေါင်းပြီးမိမိတို့အခွင့်အရေး မိမိတို့ဆောင်ရွက်ရမယ့် လုပ်ငန်းကို မိမိတို့ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်မှသာ ရည်မှန်းချက်အောင်မြင်ပြီး ခရီးသွားများလဲအဆင်ပြေ ယာဉ်ပိုင်ရှင်များလည်း အဆင်ပြေ တဲ့WinWinသီအိုရီလို သူလဲနိုင်မယ်ကိုယ်လဲနိုင်တဲ့ သဘောသက်ရောက်ကာ လုပ်ငန်းများအဆင်ပြေချောမွေ့ လာမှာဖြစ်ပါတယ်”ဟု အဆိုပါအခမ်းအနား နှုတ်ခွန်းဆက်စကားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း မှပြောကြားပါသည်။
- ကချင်ပြည်နယ်မိုးကောင်းမြို့ အ.ထ.က(၂)ရတနာခန်းမတွင်ပုဂ္ဂလိကပိုင်မော်တော်ယာဉ်လုပ်ငန်း ယာဉ်များ ကြီးကြပ်မှုကော်မတီ၏ ၂၀၁၇ခုနှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးနှင့် ကော်မတီအသစ် ရွေးချယ်ပွဲကို ဇန်နဝါရီ ၁၄ရက်နံနက်(၁၀) နာရီကကျင်းပရာ အဆိုပါအခမ်းအနား နှုတ်ခွန်းဆက်စကား တွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းမှအထက်ပါအတိုင်းပြောကြားခဲ့သည်။
- အဆိုပါ မိုးကောင်းမြို့နယ်ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်းယာဉ်များကြီးကြပ်မှုကော်မတီ၏ ၂၀၁၇ခု နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးနှင့် ကော်မတီအသစ်ရွေးချယ်ပွဲအခမ်းအနားကို ကုန်းလမ်း ပို့ဆောင် ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ရွေးချယ်ကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူးဦးခင်သန်းမှ သဘာပတိအဖြစ် ဆောင်ရွက်၍ ရွေးချယ်ရေးနှင့်ပတ်သက်၍ ခရိုင်ဦးစီးမှူး ဦးသက်ခိုင်ဝင်းမှ ရှင်းလင်းကာ၂၀၁၇ခု ယာဉ်လုပ်ငန်း ဆောင်ရွက်မှုကို မြို့နယ်(ယ.က.တ) ဥက္ကဌ ဦးသန်းဦးမှ ရှင်းလင်းတင်ပြပြီး ဘဏ္ဍာရေးရှင်းတမ်းဖတ်ကြားကာ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးပါသည်။
- "(ယ.က.တ)သက်တမ်း၂နှစ်ဖြစ်ပြီးတော့ ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ ကော်မတီအသစ် ပြန်ရွေး ရမှာဖြစ်ပေမဲ့ သတ်မှတ်ကာလမှာ ကော်မတီအသစ်အတွက် လျှောက်လွှာခေါ်ထားရာမှာ ဂိတ်ပိုင်တွေ၊ ယာဉ်ပိုင် ရှင်တွေ ဘက်ကတက်လာတဲ့သူမရှိတဲ့အတွက် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးသာ ဖြစ်ပါတယ်" ဟု လက်ရှိ(ယ.က.တ)ဥက္ကဌ ဦးသန်းဦးမှ ဆိုသည်။
- မိုးကောင်းမြို့တွင် မော်တော်ယာဉ်အသင်း(၁၀)သင်းရှိပြီး အသင်းစတင် တာဝန်ယူစဉ်ကာလက အစီးရေ (၁၀၀)စီးခန့်နှင့် စတင်ပြေးဆွဲသော်လည်းလက်ရှိတွင်အစီးရေ(၆၀)စီးခန့်သာရှိတော့ကြောင်းသိရသည်။
- ဆက်လက်၍သက်တမ်းအတွင်း စွမ်းဆောင်ရည်ကောင်းသော အသင်းများနှင့် ကော်မတီ၏ ရည်ရွယ်ချက်တွင်ပါဝင်သော ပြည်နယ်ဖွံ့ဖြိုးရေးနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ရန်ဟူသော မူဝါဒအရ ဖွံ့ဖြိုးရေးဆိုင်ရာ အလှူငွေများကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ပေးအပ်ပါသည်။
- ယနေ့အခမ်းအနားသို့ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (ကလဌာန) ပြည်နယ်ဦးစီးမှူး ရွေးချယ်ကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး ဦးခင်သန်း၊ ခရိုင်ဦးစီးမှူး ဦးသက်ခိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးဝင်းမြင့်အောင်၊ ဌာနဆိုင်ရာအရာရှိများ ဧည့်သည်တော်များ ယာဉ်ပိုင်ရှင်များ ယာဉ်မောင်းများအင်အား၂၅၀ ဦးကျော်တက်ရောက်ပါသည်။



Comments
Post a Comment