မိုးညှင်းမြို့တွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်မာရသွန်ပြိုင်ပွဲတွင် ကျင်းပပြုလုပ်

မိုးညှင်းမြို့တွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်မာရသွန်ပြိုင်ပွဲတွင် ကျင်းပပြုလုပ်

EPN
မိုးညှင်း ဇန်နဝါရီ  ၅
  •        ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပြုလုပ်သော နှစ် (၇၀ )ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းကကျင်းပရာ အသက် (၁၆ ) နှစ်အရွယ် လူငယ် တစ်ဦးက ပထမဆု ဆွတ်ခူးသွားခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။
  • ''ကျွန်တော်တို့ ဒီပြိုင်ပွဲလုပ်လာတာ ( ၃ )နှစ်ရှိပြီ၊ မနှစ်က ၁၅၈ ယောက် ဝင်ပြိုင်တယ် ၊ ဒီနှစ်က တော့ ရာသီဥတုကြောင့်လည်း ပါမှာပေါ့ ၁၃၂ ယောက်ပဲတာလွှတ်နိုင်တယ်၊ ပြိုင်ပွဲကတော့ အသက်ကန့်သတ်မထားတဲ့ အလွတ်တန်း ပြိုင်ပွဲပါ၊ အခု ပထမဆုရ သွားတဲ့ ကလေးက(၁၀)မိုင်တာဝေးကို တစ်နာရီအတွင်း ပန်းဝင်လာနိုင်ခဲ့တယ် ''ဟု မြို့နယ် အားကစားနှင့်ကာယပညာဦးစီးမှူး ဦးဗညားအောင်က ပြောသည်။
  •    အဆိုပါပြိုင်ပွဲတွင် ဆယ်ကျော်သက်ရွယ် လူငယ်များဖြစ်သည့် မျိုးကိုကို ပြိုင်ပွဲဝင်နံပါတ် (၀၄၁ ) က ပထမဆု ပြိုင်ပွဲဝင်နံပါတ် ( ၁၁၈ ) အောင်မျိုးဝင်းက ဒုတိယဆုနှင့် တတိယဆုကို ထွန်းမင်းလတ်ပြိုင်ပွဲဝင်နံပါတ် ( ၁၂၅ )တို့က ကြာမြှင့်ချိန် တစ်နာရီခွဲ ဝန်းကျင်ဖြင့် ဆွတ်ခူးနိုင်ခဲ့ကြကြောင်း  သိရသည်။

  •       ''နန်းမား နန့်စော်လော်က လာပြိုင်တာပါ၊ ပြိုင်ပွဲဝင်တာ ( ၂ ) နှစ်ရှိပြီ၊ မနှစ်ကတော့ တတိယဆု ရပါတယ် ၊ သည်နှစ်ကတော့ ပထမဆုပါ၊ အိမ်မှာ ထရိန်နင်ဆင်းခဲ့ပြီး မိဘတွေခွင့်ပြုချက်နဲ့ လာပြိုင်တာပါ''ဟု နန်းခမ်း အ.ထ.က ကျောင်းမှ နမဝတန်းကျောင်းသား အသက် ၁၆ နှစ်ရွယ် မောင်မျိုးကိုကိုက ပြောသည်။
  • “ဆုရလို့ဝမ်းသာပါတယ်၊အားကစားကိုလိုက်စားရင်ကိုယ်စိတ်ကျန်းမာတယ်၊စိတ်လေလွင့်မှုနည်းတယ်၊လူငယ်တွေလမ်းမှားမရောက်ရအောင် အားကစားကိုလိုက်စားကြပါလို့ ပြောချင်တယ်'' ဟု ဒုတိယဆုရသည့် မောင်အောင်မျိုးဝင်းက ဆိုသည်။

  •          မိုးညှင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပသော အဆိုပါအခမ်းအနားတွင် နှစ် ( ၇၀ ) ပြည့် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ပြိုင်ပွဲဝင်ခဲ့ကြသည့် မာရသွန်ပြိုင်ပွဲမှ ဆုရသူများကို ဆိုင်ကယ်l ရေခဲသေတ္တာ နှင့် မှန်ပြားTV တို့ကို ချီးမြှင့် ပေးခဲ့ပြီး အဆင့်မြင့်ပညာအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲဆုရသူများအားလည်း ဆုများချီးမြှင့်ခဲ့သည်ဟု သိရသည်။
                                 ဂျူနီယာပေါက်ကျိုင်း








Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ