လူသတ်အလောင်းဖျောက် တရားခံများကို ၄၈နာရီအတွင်းဖမ်းဆီး
လူသတ်အလောင်းဖျောက် တရားခံများကို ၄၈နာရီအတွင်းဖမ်းဆီး
EPN
မိုးကောင်း ဇန်နဝါရီ ၈
EPN
မိုးကောင်း ဇန်နဝါရီ ၈
- ကချင်ပြည်နယ်မိုးကောင်းမြို့နယ်မန်ရွက်ကျေးရွာအုပ်စုမီးသွေးကုန်းကျေးရွာအနီး ၉မိုင်ရော်ဘာခြံတွင် လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အလောင်းအားဖျောက်ခဲ့သည့် တရားခံများကို ၄၈နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
- ၂၀၁၇ခုဒီဇင်ဘာလ၃ရက်နေ့ကဝမ်းလျောပြီးသရဲပူးကာ ရုတ်တရက်သေဆုံးသွားသည်ဟု ရာဘာခြံလုပ်သား များက သတင်းလွှင့်မြုပ်နှံထားသည့် လူသတ်မှုနှင့် ပတ်သက်၍ ရာဘာခြံလုပ်သားအချိုကိုမသင်္ကာ၍ ၎င်း အလောင်း မြုပ်နှံထားသည့်မြေနေရာကိုပြန်လည်တူးဖော်စစ်ဆေးရာမှ လူသတ်မှုအဖြစ်ပေါ်ပေါက်ပြီး လူသတ်အလောင်းဖျောက် တရားခံများကို ၄၈နာရီ အတွင်း ဖမ်းဆီးရမိပြီဖြစ်သည်။
- ကချင်ပြည်နယ်မိုးကောင်းမြို့နယ်မန်ရွက်ကျေးရွာအုပ်စုမီးသွေးကုန်းကျေးရွာအနီး ၉မိုင်ရော်ဘာခြံတွင် အလုပ်လုပ် ကိုင်သူ မန်ရွက်ကျေးရွာနေ ဦးဇော်မိုးအေး(ခ)လွမ်းဝေ(၃၆)နှစ်သည်၂၀၁၇ခုဒီဇင်ဘာလ ၃ရက်နေ့ကဝမ်းလျောပြီး သရဲပူး ကာရုတ်တရက်သေဆုံးသွားသည်ဟု ခြံလုပ်သားအချို့ကသတင်းလွှင့်ပြီးနေ့ခြင်း မြုပ်နှံထားခဲ့ကြောင်း ၊ယင်းအလောင်း မြုပ်ထားသည့် နေရာသို့၂၀၁၈ခု ဇန်နဝါရီ ၅ရက်နေ့တွင်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထိုက်ဦးစီးတပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းများပူးပေါင်းအဖွဲ့သည်ဥပဒေနှင့် အညီအလောင်းကိုပြန်လည် တူး ဖော် ၍စစ်ဆေးရာမှလူသတ်မှု အဖြစ်ပေါ် ပေါက်ပြီးလူသတ်အလောင်းဖျောက်တရားခံများကိုဖမ်းဆီးရမိရေးနှင့် သက်သေ ခံပစ္စည်း သိမ်းဆည်းရမိ ရေး ဆောင်ရွက်ခဲ့ ရာဇန်နဝါရီ ၇ရက်နေ့တွင်ရာဘာခြံတာဝန်ခံဦးသန်းထွန်းဝင်း ၄၇ နှစ်နှင့် ပါဝင် ပတ်သက်သူ ဦးဝဏ္ဏ(ခ)ဝဏ္ဏဖြိုး တို့ကို သက်သေခံတရားမဝင်ကိုင်ဆောင်သည့်လုပ်သေနတ်အရှည်တစ်လက်နှင့်ကျည်ဆံ (၆)တောင့် ဝါးစိမ်းတုတ်(၂)ချောင်း ချည်ကြိုးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
- "ဦးဝဏ္ဏကလူသတ်မှုဖြစ်ပြီးတဲ့နောက်မှာရန်ကုန်ကိုတိမ်းရှောင်သွားပြီးမိုးကောင်းကိုပြန်လာတဲ့သတင်းရလို့ကား ဂိတ်မှာ ဝိုင်းဝန်းဖမ်းဆီးလိုက် တာပါ"ဟုနယ်ထိန်းခေါင်းဆောင်ရဲအုပ်ဇော်ဝင်းမှပြောပါသည်။
- ဖြစ်စဉ်နှင့်ပတ်သက်၍ ရာဘာခြံတာဝန်ခံဦးသန်းထွန်းဝင်းနှင့်ဦးဝဏ္ဏ(ခ)ဝဏ္ဏဖြိုးတို့ကိုလူသတ်အလောင်းဖျောက် တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့်မိုးကောင်းမြို့မရဲစခန်းမှ(ပ)အမှတ်၅/၂၀၁၈ အမှုကြီး အမှတ်စဉ်၁/၂၀၁၈ ရာဇသတ် ကြီး ၃၀၂/၂၀၁ ဖြင့်အမှုဖွင့်လှစ်ထားကြောင်းသိရသည်။

Comments
Post a Comment