ဆိုင်ကယ်စီးသူများအားဆိုင်ကယ်ဦးထုတ်မဆောင်းသူနှင့်ယာဉ်မောင်းလိုင်စင်မရှိသူများအားရဲစခန်းတွင်အမှုဖွင့် ဖမ်းဆီးမည်ဟုဆို
ဆိုင်ကယ်စီးသူများအားဆိုင်ကယ်ဦးထုတ်မဆောင်းသူနှင့်ယာဉ်မောင်းလိုင်စင်မရှိသူများအားရဲစခန်းတွင်အမှုဖွင့် ဖမ်းဆီးမည်ဟုဆို
EPN
မိုးညှင်း ဇန်နဝါရီ ၁၈
- မိုးညှင်းခရိုင်အတွင်း ဆိုင်ကယ်စီးသူများအား ဆိုင်ကယ်ဦးထုတ်မဆောင်းသူနှင့်ယာဉ်မောင်းလိုင်စင်မရှိသူ ယာဉ်စည်းကမ်းပျက်သူများအား သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့် ဖမ်းဆီးကာ တရားစွဲအရေးယူတော့မည်ဟု အမှတ်(၁၀၁) မိုးညှင်း ခရိုင်ယာဉ်ထိန်းရဲ တပ်ဖွဲ့ ကပြောသည်။
- “အရင်က ယာဉ်ထိန်းရဲ အနေနဲ့ဖမ်းဆီးပြီး တရားရုံးမှာ ဒဏ်ငွေဘဲ ရိုက်ခဲ့ပါတယ် အခုနောက်ပိုင်းမှာ စည်းကမ်းပျက်ယာဉ်မောင်း တွေကိုသက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ရပါမယ် မြို့နယ်တရားရုံးက စစ်ဆေးပြီး တရားသူကြီးက ဆုံးဖြတ်အမိန့်ချမှတ်ပါတော့မယ်” ဟု မိုးညှင်း ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူးမြင့်မိုး ကပြောသည်။
- အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပျက်ဆီးနေမှုနှင့်ပါတ်သက်ပြီး မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ နန့်မွန်းကျေးရွာ တွင် ဆိုင်ကယ်ကို လူ(၃)ယောက်စီးသဖြင့် ဇန်န၀ါရီလ၁၅ရက်နေ့က ယာဉ်တိမ်းမှောက် မှုဖြစ်ကာ လူ(၃)ဦးထိခိုက်ဒဏ်ရာရခြဲ့ပီး လူ(၁)ဦးအသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရသည် ။
- ယာဉ်အန္တရာယ်ကင်းဖို့အတွက် ဆိုင်ကယ်စီးသူတွေက ဆိုင်ကယ်ဦးထုတ်ဆောင်းကြရပါမယ် ယာဉ်မောင်း လိုင်စင်တွေ ရှိကြရပါမယ် လူ (၃)ယောက်မစီးရပါဘူး ယာဉ်မောင်းသူတွေနဲ့ လမ်းကိုအသုံးပြုတဲ့သူတွေက လမ်းစည်းကမ်း ယာဉ်စည်းကမ်းတွေလိုက်နာဖို့လိုပါတယ် အန္တရာယ်ဖြစ်စေမဲ့ နေရာနဲ့ကျောင်းပတ်ဝန်းကျင် တွေမှာယာဉ်တွေကိုအရှိန်လျော့မောင်းနင်ကြဖို့လိုပါတယ်ဟု အမှတ်(၁၀၁) မိုးညှင်း ခရိုင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဒုရဲမှူးမြင့်မိုး ကဆက်လက်ပြောသည်။
- စည်းကမ်းပျက်ယာဉ်နှင့်ပါတ်သက်ပြီး ဘီလူး-နန့်မွန်း - မိုင်းနောင် ကားလမ်းမပေါ်တွင် နန်းမွန်း ကျေးရွာမှ မိုင်းနောင်ကျေးရွာဘက်သို့ နန့်မွန်းကျေးရွာနေထိုင်သူအသက်(၁၈)နှစ်ရှိ ခင်မောင်ရီဆိုသူက မောင်းလာသော MIKKO-125 အနီအနက်ဆိုင်ကယ်တွင် အသက်(၁၆)နှစ်ရှိမင်းမင်းဇော် ၊ထွန်းနိုင်ဦး ဆိုသူကနောက် တွင်လိုက်ပါခဲ့ရာ နန်းမွန်းကျေးရွာ တိုက်ဝါးကုန်း ရပ်ကွက် စာကြည့်တိုက်အနီးတွင် လမ်းခင်းရန် ပုံထားသည့်ကျောက်ခဲပုံအားတိုက်မိခဲ့ပြီးတိမ်းမှောက်ခဲ့ကြောင်းသိရသည် ။
- အဆိုပါတိမ်းမှောက်မှုကြောင့်ခင်မောင်ရီ၏၀ဲဘက်နဖူးပေါက်ပြဲကာဝဲဘက်မျက်လုံးအောက်တွင်၂လက်မ ခန့်ပေါက်ပြဲဒဏ်ရာ ၊နှုတ်ခမ်းအပေါ် နှင့်အောက်တွင် ပေါက်ပြဲဒဏ်ရာများနှင့် ထွန်းနိုင်ဦးဆိုသူ မှာယာဘက်နား ထင်တွင် ၁လက်မခန့်ပေါက်ပြဲဒဏ်ရာ များ ရရှိခဲ့ကြောင်းသိရသည်။
- မင်းမင်းဇော်၏နဖူးထိပ်မှာရောင်ရန်းကာ ပေါက်ပြဲဒဏ်ရာနားထင်တွင်ပွန်းပဲ့ဒဏ်ရာ၊ ယာဘက်နားတွင် ပေါက်ပြဲဒဏ်ရာ ရရှိပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်းမိုးညှင်းဆေးရုံမှသိရသည်။
- အဆိုပါယာဉ် တိမ်းမှောက်မှုတွင် ခင်မောင်ရီဆိုသူမှ ယာဉ်မောင်းလိုင်စင်မရှိသည့် အပြင်ယာဉ်ကို မဆင်မခြင် မောင်းနင်ခဲ့ သဖြင့်ယာဉ်(ပ)၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ၃၃၇/၃၃၈ဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူထား ကြောင်း မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကသိရသည်။

Comments
Post a Comment