မိုးညှင်းတွင်(၁၀)တန်းကျောင်းသား(၃)ဦး ကျောက်ခဲတင်ကားနှင့်တိုက်မိ
မိုးညှင်းတွင်(၁၀)တန်းကျောင်းသား(၃)ဦး ကျောက်ခဲတင်ကားနှင့်တိုက်မိ
EPN
မိုးညှင်း ဇန်နဝါရီ ၆
- မိုးညှင်းမြို့အထက(၁)ကျောင်းသား(၃)ဦးစီးလာသောဆိုင်ကယ်နှင့်ကျောက်ခဲတင်သည့် ကားတစ်စီးနှင့် ဇန်န၀ါရီ လ(၄)ရက်နေ့ ညနေ(၁)နာရီခွဲအချိန်က ရွာသစ်ကုန်းကျေးရွာအုပ်စု ထန်းတပင်ကျေးရွာအနီးတွင်တိုက်မိခဲ့ရာကျောင်းသား (၂)ဦးသေဆုံးခဲ့ရကြောင်းသိရသည် ။
- အဆိုပါကျောင်းသားမှာ မိုးညှင်းမြို့အရှေ့စု(၅)လမ်းနေ အထက(၁)ဒဿမတန်း(H)အခန်းတွင် ပညာသင်ကြား နေသူ အသက်၁၆နှစ်ရှိ ကျော်နိုင်ဝင်းနှင့် အသက်(၁၆)နှစ်ရှိ ဇင်မင်းသန့် ဆိုသူတို့ ဖြစ်ကြောင်းသိရသည်။
- အဆိုပါယာဉ်တိုက်မှုမှာယာဉ်စည်းကမ်းလိုက်နာမှုမရှိသဖြင့်သေဆုံးခဲ့ရကြောင်း ရွာသစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကပြောသည်။
- “ကျောင်းသားတွေက ဆိုင်ကယ်တစ်စီးကို(၃)ယောက်စီးပြီးအရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့အခါကျောက်တင်တဲ့ကား တောင်ဇလတ်စားသောက်ဆိုင်ကအတွက်မှာတိုက်မိခဲ့ကြတာပါ “ဟု ရွာသစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်ယု ကပြောသည်။
- အခုဆိုင်ကယ်တိုက်တဲ့ကလေးတွေဟာဆိုင်ကယ်ဦးထုတ်သာဆောင်းခဲ့မယ်ဆိုရင်ဦးခါင်းကို မထိခိုက်နိုင်ပါဘူး ဆိုင်ကယ် စီးသူတိုင်း ဦးထုတ်ကိုသေသေချာချာ ဆောင်းသင့်ပါတယ်ဟု မိုးညှင်းမြို့မရဲစခန်း ဒုစခန်းမှူး ညွှန်လှိုင်က ပြောသည်။
- အဆိုပါ ဖြစ်စဉ်မှာထန်းတပင်ကျေးရွာအနီး တောင်ဇလပ် စားသောက်ဆိုင်ရှေ့ မြို့ရှောင်ကားလမ်းကြီး ပေါ်တွင် နန်းပုတ်ကျေးရွာဘက်မှအင်ကြင်းကုန်းကျေးရွာလမ်းစုံဘက်သို့ KENBO-125 နီ နက်ရောင်ဆိုင် ကယ်တစ်စီးအား မိုးညှင်း အထက(၁)ကျောင်းသား မိုးညှင်းအရှေ့စုရပ်ကွက် (၅)လမ်းနေ ကျော်နိုင်ဝင်းဆိုသူက မောင်းလာခဲ့ရာ ဆိုင်ကယ်အလယ် တွင် ဇင်မင်းသန့် မှထိုင်ခဲ့ပြီး အနောက်ဆုံးတွင် မိုးညှင်းမြို့နမီးစုရပ်ကွက် နေအသက် (၁၆)နှစ်ရှိ န၀မတန်း အထက(၁) ကျောင်းသား သန်းတိုးအောင်က ထိုင်လျှက်လိုက်ပါလာခဲ့ကြောင်းသိရသည်။
- အဆိုပါ(၃)ဦးစီးလာသောဆိုင်ကယ်နှင့် မိုးညှင်းမြို့နယ်ဘီလူးမြို့ ဘုံချောင်းကျေးရွာ နေသူ အသက်(၃၃)နှစ် ထွန်းထွန်းလင်း(ခ)အောင်မိုးဆက် မှအင်ကြင်းကုန်းကျေးရွာဘက်မှ နန်းပုတ်ကျေးရွာဘက်သို့ မောင်းလာသော ကျောက်တင်သည့် ယာဉ်အမှတ် 2P/9678 FORLAND အနီရောင်ရှိ ကျောက်တင်သည့်ကား နှင့်တိုက် မိခဲ့သဖြင့် ကျော်နိုင်ဝင်းဆိုသူမှာနဖူးပေါက်ပြဲဒဏ်ရာ၊ညာဘက်ပါးတွင်ပွန်းခြစ်ဒဏ်ရာများ၊ဘယ်ဘက်နှင့်ညာဘက်လက်ကောက်ဝတ် (၂)ခုစလုံးမှာကျိုးပဲ့ ဒဏ်ရာများ ၊ ဇင်မင်းသန့် ဆိုသူ မှာ ဦးခေါင်းကြေမွကာဝမ်းဗိုက်ပွင့်ခဲ့သဖြင့်အဆိုပါနှစ်ဦးစလုံးအခင်းဖြစ် သည့်နေရာတွင်သေဆုံးခဲ့ကြကြောင်းသိရသည်။
- ဆိုင်ကယ်၏အနောက်ဆုံးတွင်လိုက်ပါလာသူ သန်းတိုးအောင်၏ ၀ဲဘက်မျက်လုံးမှာ ဖူးရောင်ဒဏ်ရာများ၊ ညာဘက်ပေါင်တွင်ဖူးရောင်ဒဏ်ရာများ ၊ညာဘက်ဒူးတွင်ပေါက်ပြဲဒဏ်ရာများ ၊ဘယ်ဘက်နှင့်ညာဘက် ခြေဖမိုး နှစ်ဖက်စလုံးတွင်စုတ်ပြတ်ဒဏ်ရာများရရှိခဲ့ရာအသက်အန္တရာယ်စိုးရိမ်ရသဖြင့်အရေးပေါ်မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်းသိရသည်။
- အဆိုပါယာဉ်တိုက်မှုဖြစ်ပွားခဲ့သူ ယာဉ်မောင်း ထွန်းထွန်းလင်း(ခ)အောင်မိုးဆက်အား ယာဉ်(ပ)၂ ရာဇသတ်ကြီး ပုဒ်မ -၃၀၄-(က)/၃၃၈ ဖြင့်ဖမ်းဆီးအရေးယူထားကြောင်းမိုးညှင်းမြို့မရဲစခန်းကသိရသည်။


Comments
Post a Comment