အထက(တန်ဖရဲ)၊ အောင်မြင်သာရွာရှိ ကျောင်းရုံး၌စာရေး တစ်ဦးမှမရှိသည့်အတွက် အမြန်ဆုံး လိုအပ်လျှက်ရှိကြောင်း သိရ

အထက(တန်ဖရဲ)၊ အောင်မြင်သာရွာရှိ ကျောင်းရုံး၌စာရေး တစ်ဦးမှမရှိသည့်အတွက် အမြန်ဆုံး လိုအပ်လျှက်ရှိကြောင်း သိရ
 
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၅

  • မြစ်ကြီးနားမြို့၊ အောင်မြင်သာကျေးရွာရှိ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခဲ့ရသည့် ပြည်သူများနေထိုင်ရာဖြစ်သော အောင်မြင်သာကျေးရွာမှ အထက(တန်ဖရဲ)ကျောင်းရုံးခန်း၌ ရုံးလုပ်ငန်း တာဝန်ယူ ဆောင်ရွက်လျှက်ရှိသော ဝန်ထမ်း တစ်ဦးမှမရှိသည့်အတွက် အလွန်အခက်အခဲဖြစ်လျှက်ရှိကြောင်း အဆိုပါ အထက်တန်းကျောင်း၏ ကျောင်းအုပ် ဆရာမကြီးမှဆိုသည်။
  • အဆိုပါ အထက်တန်းကျောင်းဖြစ်သည့် အထက(တန်ဖရဲ)သို့ တာဝန်ကျလာသော ကျောင်းမှရုံးစာရေးများသည် တာဝန်ကျပြီး (၂)နှစ်မျှသာ တာဝန်ထမ်းဆောင်ပြီး ပြန်လည်ပြောင်းရွေ့သွားကြကာ ရည်ရှည်နေထိုင်လုပ်ကိုင်သော စာရေး မရှိသည့်အတွက် ကျောင်းလုပ်ငန်းများ အလွန်နှောင့်နှေးကာ အခက်အခဲရှိကြောင်း သိရသည်။
  • ကျောင်းရုံးဝန်ထမ်း လိုအပ်ချက်နှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးမှ ပြောကြားရာတွင် “ကျောင်းမှာက ရုံးစာရေးတစ်ယောက်မှ မရှိဘူး။ ကျောင်းသန့်ရှင်းရေးနဲ့ ကျောင်းစောင့် တစ်ယောက်စီပဲရှိတယ်။ ရုံးစာရေးက တစ်ယောက်မှမရှိတော့ ကျောင်းနဲ့ပတ်သက်တဲ့ ရုံးလုပ်ငန်းတွေ အားလုံးကို ကျမပဲလုပ်နေရတယ်။ ဆရာတွေ ဆရာမတွေကလဲ မအားကြဘူးလေ။ ကျမတစ်ယောက်ထဲ လုပ်နေရတော့ လုပ်ငန်းနှောင့်နှေးမှုတွေ ရှိတာပေါ့။”ဟု အထက(တန်ဖရဲ)ကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေဒီဆိုင်းပန် ကပြောသည်။
  •     ဒေသခံများမှလည်း ကျောင်းတစ်ကျောင်း၌ ရုံးဝန်ထမ်း စာရေးများ ရှိသင့်ပြီး၊ ၄င်းတို့မှ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ပါက လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ၊ ပိုမိုအဆင်ပြေ ချောမွေ့မြန်ဆန်လာမည်ဟု ယူဆကြကြောင်း သိရသည်။
  •     “ကျောင်းဆိုတာကတော့ ကျောင်းရုံးခန်းနဲ့ စာရေးတွေရှိကိုရှိရမှာပေါ့။ ရုံးနဲ့ပတ်သက်တာတွေကို စာရေးတွေ ဝန်ထမ်းတွေက လုပ်ရမယ်။ ဆရာတွေ ဆရာမတွေကတော့ သင်ကြားရေးနဲ့ တခြားကိစ္စတွေကို လုပ်ရမှာပေါ့။ ခုတော့ စာရေးမရှိလို့ ကျောင်းအုပ်ဆရာမကြီးကပဲ စာရေးတွေရဲ့အလုပ်မှန်သမျှကို လိုက်လုပ်နေရတယ်။ ဒါကြောင့် နှောင့်နှေးတာတွေ ကြန့်ကြာတာတွေရှိလိမ့်မယ်။ ဆရာ၊ ဆရာမတွေအတွက်ကော ကလေးတွေကော အဆင်ပြေစေဖို့ ကျောင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး မြန်ဆန်စေဖို့ ရုံးဝန်ထမ်းစာရေးတွေ အမှန်တကယ်ကို လိုအပ်နေပါတယ်။”ဟု ဒေသခံ ဦးခါးလီ ကပြောသည်။
  • ၄င်းအထက်တန်းကျောင်း၌ ခန့်ထားရန် ခွင့်ပြုထားသော ဝန်ထမ်းအင်အားစာရင်း  ရှိသော်လည်း ကျောင်း၌ တစ်ဦးမှမရှိသည့် အတွက် ကျောင်းလုပ်ငန်းများ လုပ်ကိုင်ရာ၌ အခက်အခဲများရှိနေပြီး စာရေးဝန်ထမ်း(၂)ဦးခန့် ခန့်ထားပေးမည်ဆိုပါက များစွာအဆင်ပြေ ချောမွေ့ကာ လုပ်ငန်းများမြန်ဆန် လွယ်ကူလာမည်ဟု ယူဆကြောင်း ဆရာမကြီးမှ ဆက်လက်၍ သုံးသပ်ပြောကြားသည်။
  • “အခုတော့ စာရေးက တစ်ယောက်မှမရှိလို့ စာရေးလုပ်ရမဲ့အလုပ်တွေ အကုန်လုံးကို ကျမပဲ လုပ်နေရတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့နေရာမှာ အခက်အခဲလေးတွေ နှောင့်နှေးကြန့်ကြာတာတွေလဲ ရှိတာပေါ့။ ကျမတို့ကျောင်းအတွက် ခန့်ထားဖို့ခွင့်ပြုနေရာတွေ ရှိတယ်။ ဒါပေမဲ့ အပြည့်ခန့်ထားပေးပါလို့ မပြောပါဘူး၊ နှစ်ယောက်လောက် ခန့်ထားပေးရင်ကို တော်တော်လေး အဆင်ပြေသွားမှာပါ။”ဟု အထက(တန်ဖရဲ)ကျောင်း၏ ကျောင်းအုပ် ဆရာမကြီး ဒေါ်ကေဒီဆိုင်းပန် ကသုံးသပ်ပြောကြားသည်။
  •     မြစ်ကြီးနားမြို့၊ အောင်မြင်သာကျေးရွာရှိ တန်ဖရဲ အထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမပေါင်း (၂၄)ဦး ရှိပြီး၊ လစ်လပ်ဝန်ထမ်းအင်အား  (၁၁) နေရာရှိကာ  ကျောင်းသူ/သားဦးရေ (၆၀၈)ဦး ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။ ကျောင်း၌ ရုံးဝန်ထမ်း စာရေးတစ်ဦးမှ မရှိဘဲ ကျောင်းစောင့် တစ်ဦးနှင့် သန့်ရှင်းရေးတစ်ဦးတို့သာရှိသောကြောင့် စာရေးများ အလျှင်အမြန်ချထားပေးရန် ဆရာ၊ ဆရာမများနှင့် ဒေသခံများမှ မျှော်လင့်လျှက်ရှိကြောင်း သိရသည်။                         
                                     ဘရန်ဆိုင်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ