နမ္မတီးမြို့တွင်တစ်ရက်တည်းမူးယစ်ဆေး နှစ်ကြိမ်ဖမ်းဆီးရမိ

နမ္မတီးမြို့တွင်တစ်ရက်တည်းမူးယစ်ဆေး နှစ်ကြိမ်ဖမ်းဆီးရမိ

EPN
မိုးကောင်း ဇန်နဝါရီ  ၁၄
  •     ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် တစ်ရက်တည်းမူးယစ်ဆေးနှစ်ကြိမ်ဖမ်းဆီးရမိ နမ္မတီးမြို့နယ်မြေရဲစခန်းမှသိရသည်။   
  •     မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာ၊ ထွယ်ဆန်ရပ်ကွက်၊ အိမ်အမှတ် ထဆ/၄၁တွင် ဇန်နဝါရီ  ၁၃ရက်ညနေ ၄း၃၀နာရီက မူးယစ်ဆေးသုံးစွဲရောင်းချနေသည်ဟူသော သတင်းအရ နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လွန်းအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် နေအိမ်ရှာဖွေခွင့်ဝရမ်း အမှတ်(၂/၂၀၁၈)ဖြင့် ဝင်ရောက် ရှာဖွေရာ ဒေါ်ဘောက်ဂျာ(၅၃)နှစ၊် ဒေါ်မန်နန်(၅၇)နှစ်၊ မဆိုင်းပန်(၃၂)နှစ်တို့ကို 88/1စာတမ်းပါ ဆေးပြား (၉၄၀)ပြား မူးယစ်ရောင်းရငွေကျပ်ရှစ်သောင်းနှင့်အတူ ဖမ်းဆီးမိသဖြင့် နမ္မတီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။
  • ၎င်းနေ့အစောပိုင်းညနေ၃နာရီအချိန်ကလည်း နမ္မတီးမြို့၊ မြို့မရပ်ကွက် တရုတ်ဇီးခြံ၌ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေကြောင်း သတင်းအရ နမစမှူး(နမ္မတီး)ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေရာ ဇီးခြံ၏ဘယ်ဘက်ထောင့်တွင် တဲထိုး၍၀ိုင်းဖွဲ့ကာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသော ဦးအောင်ဇော်ဦး၊ ဦးဆန်းလင်းအောင်၊ ဦးနော်ဆိုင်း၊ ဦးအောင်ဇော်ထိုက်၊ ဦးတူးမိုင်၊ ဦးတန်ဂွမ်း၊ ဦးရဲနိုင်၊ ဦးဘောင်ဆန်၊ ဦးဒီးလာတို့(၉)ဦးအား ဘိန်းဖြူဟုယူဆရသော ဖြူ/၀ါကြားရောင်အမှုန့် (၀.၀၆)ဂရမ်ခန့် WYစာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၅)ပြား၊ 88/1စာတမ်းပါ ဆေးပြား၂ပြားနှင့် ၎င်းတို့၏ဆိုင်ကယ်(၇)စီးအား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
  •     အဆိုပါဖြစ်စဉ်၌ ဖမ်းဆီးရမိသော ဒေါ်ဘောက်ဂျာ(၅၃)နှစ်၊ ဒေါ်မန်နန်(၅၇)နှစ်၊ မဆိုင်းပန် (၃၂)နှစ်တို့ကို မယ(ပ) ၃/၂၀၁၈၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ ဖြင့်လည်းကောင်း၊ ဦးအောင်ဇော်ဦး၊ ဦးဆန်းလင်းအောင်၊ ဦးနော်ဆိုင်း၊ ဦးအောင်ဇော်ထိုက်၊ ဦးတူးမိုင်၊ဦးတန်ဂွမ်း၊ ဦးရဲနိုင်၊ဦးဘောင်ဆန်၊ ဦးဒီးလာတို့ (၉)ဦးအား မယ(ပ)၂/၂၀၁၈၊မူး/စိတ်ပုဒ်မ၁၅/၁၆(ဂ)/၂၁တို့ဖြင့်အသီးသီး အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှသိရသည်။

                                      ချိုမောင်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ