တရုတ်နိုင်ငံသားတစ်ဦးကို လောင်းကစားမှုဖြင့်ဖမ်းဆီး
တရုတ်နိုင်ငံသားတစ်ဦးကို လောင်းကစားမှုဖြင့်ဖမ်းဆီး
EPN
မြစ်ကြီးနား ဇန်နဝါရီ ၎
- မြစ်ကြီးနားမြို့၊အမှတ်၁၄၈၊နယ်မြေ၆အောင်နန်းရပ်ကွက်တွင်တရုတ်နိုင်ငံသားတစ်ဦးပိုင်ရှင်အဖြစ်ဖွင့်လှစ်ထားသောတရားမဝင်ငါးမန်းဂိမ်းစက်များ၊ဝန်ထမ်းအမျိုသမီးများနှင့် အိမ်တွင်လာရောက်၍ ငါးမန်းဂိမ်းလောင်းကစားသူ တို့၏ ဆိုင်ကယ်မျိုးစုံနှင့်အတူ ဇန်နဝါရီလ ၂ရက်နေ့ မွန်းလွဲ ၂နာရီခန့်က ဖမ်းမိခဲ့ကြောင်း နယ်မြေရဲစခန်း မှ သိရသည်။
- ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊မှုခင်းအကူ နှိမ်နင်းရေး ဌာနစုမှ သတင်းအရ လာဖမ်းခြင်းဖြစ်ပြီး တရုတ်နိုင်ငံသား၊Mr Zhang Wen Winနှင့်အတူ၊ငါးမန်းဂိမ်းစက်၎လုံး၊ဂိမ်းကစားရာတွင် လောင်းကစားဒိုင်အဖြစ်ပြုလုပ်သည့်ဝန်ထမ်း လုပ်ကိုင် သူ အမျိုးသမီး(၂)ဦး၊ ဂိမ်းလာရောက်ကစားသည့် အမျိုးသား ၁၁ဦး ၊စုစုပေါင်း၁၄ဦးကို ငါးမန်းဂိမ်းလောင်းကစားရာတွင် အသုံးပြုသော သက်သေခံပစ္စည်း၂၉မျိုး၊ လောင်းကြေးငွေ ၆၅၃၅၀၀၊ဆိုင်ကယ်မျိုးစုံ၁၅စီးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
- ``အဲ့ဒီတရုတ်နိုင်ငံသားက ရပ်ကွက်ထဲမှာ အိမ်ဌားနေတာပါ၊ အိမ်ရှင်နာမည်တွေတော့ မသိရသေးဘူး ဒီဇင်ဘာလ လောက်မှာ စပြီးဌားထားတာ တရားဝင်ပတ်စပို့စ်တော့တွေ့တယ်၊ ငါးမန်းဂိမ်းဖွင့်တာ တစ်ပတ်လောက်တော့ရှိပြီထင်တယ် စက်တွေကအသစ်တွေပဲ ရှိသေးတယ် ´´ဟု အောင်နန်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းကပြောသည်။
- အဆိုပါ တရားမဝင် ငါးမန်းဂိမ်းဆိုင်ဖွင့်သ တရုတ်နိုင်ငံသားနှင့်အတူ စုစုပေါင်း ၁၄ဦးကို မြစ်ကြီးနားမြို့၊ နယ်မြေ ရဲစခန်းတွင် အမှုအမှတ် ၂/၂၀၁၈ ဥပဒေပုဒ်မ ၁၃(က)/၁၄(က)လောင်းကစားဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

Comments
Post a Comment