လူဝမ်းလျောပြီးသရဲပူးသေသည်ဟုသတင်းလွှင့်မြုပ်နှံထားသူကိုမသင်္ကာ၍ပြန်လည်တူးဖေါ်စစ်ဆေးရာသတ်မှုပေါ်ပေါက်

လူဝမ်းလျောပြီးသရဲပူးသေသည်ဟုသတင်းလွှင့်မြုပ်နှံထားသူကိုမသင်္ကာ၍ပြန်လည်တူးဖေါ်စစ်ဆေးရာသတ်မှုပေါ်ပေါက်

EPN
မိုးကောင်းဇန်နဝါရီ ၈
  • ၂၀၁၇ခု ဒီဇင်ဘာလ၃ရက်နေ့က ဝမ်းလျောပြီးသရဲပူးကာရုတ်တရက်သေဆုံးသွားသည်ဟုသတင်းလွှင့်မြုပ်နှံထား သူကိုမသင်္ကာ၍ ပြန်လည်တူးဖေါ်စစ်ဆေးရာမှလူသတ်မှုအဖြစ် ပေါ်ပေါက်ခဲ့ကြောင်းသိရှိရသည်။
  • ကချင်ပြည်နယ်မိုးကောင်းမြို့နယ်မန်ရွက်ကျေးရွာအုပ်စုမီးသွေးကုန်းကျေးရွာအနီး ၉မိုင်ရော်ဘာခြံတွင် အလုပ်လုပ် ကိုင်သူမန်ရွက်ကျေးရွာနေဦးဇော်မိုးအေး(ခ)လွမ်းဝေ (၃၆)နှစ်သည်၂၀၁၇ခုဒီဇင်ဘာလ ၃ရက်နေ့ကဝမ်းလျောပြီး သရဲပူး ကာရုတ်တရက်သေဆုံးသွားသည်ဟုသတင်းလွှင့်ပြီးနေ့ခြင်းမြု ပ်နှံထား၍ တာဝန်သိသူတစ်ဦးမှဓမ္မတာအတိုင်း သေဆုံးခြင်း မဖြစ်နိုင်ကြောင်းသတင်းပေးတိုင်တန်းသဖြင့်မြို့နယ် တရားသူကြီး၏အလောင်းပြန်လည်တူးဖော်ခွင့် အမိန့်ကိုတောင်းခံ၍ ၂၀၁၈ခုဇန်နဝါရီ၅ရက်နေ့တွင်မြို့မရဲစခန်းမှူးဒုရဲမှူးသန်းထိုက်ဦးစီးတပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းများပူးပေါင်းအဖွဲ့သည်ဥပဒေနှင့်အညီအလောင်းကိုပြန်လည်တူးဖော်၍မိုးကောင်းပြည်သူ့ဆေးရုံကြီးသို့သယ်ဆောင်ရင်ခွဲစစ်ဆေးရာနံရိုးများကျိုး ကာဓမ္မတာအတိုင်းမဟုတ်ဘဲတစ်စုံတစ်ဦး၏ ပယောဂကြောင့်သေဆုံးခြင်းဖြစ်ကြောင်းတွေ့ရသည်။
  • "မြုပ်ထားတာတော့၈မိုင်သုဿန်အဟောင်းမှာပါ။မြေကျတာတစ်လကျော်ပြီဆိုတော့အနံ့အသက်ကမတရားပြင်းထန် နေတယ်စောင်၃ထပ်နဲ့အထပ်ထပ်ပတ်ပြီးမြုပ်နှံထားတော့ အလောင်းကိုမပျက်စီးအောင်တာဝန်ရှိသူတွေ ကိုယ်တိုင် စံနစ်တကျကိုင်တွယ်ပြီးဆေးရုံကြီးကိုသယ်ဆောင်လာတာပါ"ဟုလောကတ္ထစရိယနာရေးကူညီမှုအသင်းဥက္ကဌဦးကျော်လွင်စိုးမှဆိုသည်။
  • ဖြစ်စဉ်နှင့်ပတ်သက်၍မိုးကောင်းမြို့မရဲစခန်းမှ(ပ)အမှတ်၅/၂၀၁၈အမှုကြီးအမှတ်စဉ်၁/၂၀၁၈ရာဇသတ်ကြီး၃၀၂/ ၂၀၁ ဖြင့်အမှုဖွင့်လှစ်ပြီးတရားခံဖမ်းဆီးရမိရေးနှင့်သက်သေခံပစ္စည်းသိမ်းဆည်းရမိရေးဆောင်ရွက်လျှက်ရှိကြောင်းသိရ သည်။
                           ချိုမောင်


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ