မိုးညှင်းခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကျောင်းသားငယ်များအတွက်ဟောပြောပွဲများဦးစားပေးလာ
မိုးညှင်းခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကျောင်းသားငယ်များအတွက်ဟောပြောပွဲများဦးစားပေးလာ
EPN
မိုးညှင်း ဇန်နဝါရီ ၁၈
EPN
မိုးညှင်း ဇန်နဝါရီ ၁၈
- မိုးညှင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်အန္တရာယ် ကင်းရှင်းရေးဟောပြောပွဲများကို ဇန်န၀ါရီလ ၉ရက် နေ့ နောက်ပိုင်းတွင် ကျောင်းသားငယ်များ အတွက် ဦးစားပေး ဟောပြောနေကြကြောင်းသိရသည် ။
- ထိုကဲ့သို့ပြုလုပ်ရခြင်းမှာ၂၀၁၈ခုနှစ် တွင် ယာဉ်မတော်တဆမှုကြောင့် ဇန်န၀ါရီလ (၄)ရက်နေ့က မိုးညှင်း အထက(၁)ကျောင်းမှ ၁၀တန်းကျောင်းသား(၂)ဦး၊ ကိုးတန်းကျောင်းသား(၁)ဦး၊ ဇန်န၀ါရီ (၉)ရက်နေ့က ဆယ်မိုင် ကျေးရွာ အထက(ခွဲ) ကျောင်းမှ ကျောင်းသူ(၁)ဦး သေဆုံးခဲ့သဖြင့် ကျောင်းများတွင်ဦးစားပေးဆောင်ရွက်ပေးရ ကြောင်းအမှတ်(၁၀၁) မိုးညှင်းရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု ခရိုင်မှူး ဒုရဲမှူးမြင့်မိုးကပြောသည်။
- “ကျောင်းသားလူငယ်တွေ ယာဉ်မတော်တဆမှုကြောင့် အသေအပျောက်အဖြစ်များလာတယ် အဲဒါကြောင့် စာသင်ကျောင်းတွေကို ဦးစားပေးပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာ ပေးတဲ့ဟောပြောပွဲတွေကို ဆက်တိုက်ပြုလုပ်ပေးနေတာပါ ” ဟု ဒုရဲမှူးမြင့်မိုးကပြောသည်။
- အမျိုးသားယာဉ်အန္တရာယ်လမ်း အန္တရာယ်ကင်းရှင်းရေး ကောင်စီမှချမှတ်ထားသောလုပ်ငန်းစဉ်များအတိုင်း ၂၀၁၆ခုနှစ်တွင် မိုးညှင်းမြို့နယ်အတွင်းရှိ မိုးညှင်းဒီဂရီကောလိပ်ကျောင်း တွင်ပညာပေးဟောပြောမှု(၂)ကြိမ်၊ အစိုးရ အထက်တန်းကျောင်းများတွင်(၂၂)ကြိမ်၊ အစိုးရ အလယ်တန်းကျောင်းများတွင်(၅)ကြိမ် ၊ အစိုးရ မူလတန်း ကျောင်းများတွင်(၄)ကြိမ်၊ ၀န်ထမ်းများအား(၃)ကြိမ်၊ ပြည်သူလူထုအကြားတွင် (၁၁)ကြိမ် ၊ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်များအားဟောပြောမှုတွင်(၁၈)ကြိမ် စစ်သည်များအတွက် (၃) ကြိမ် စုစုပေါင်း(၆၈)ကြိမ် တို့ကိုပညာပေးခဲ့ကြောင်းသိရသည်။
- ၂၀၁၇ ခုနှစ်အတွင်းတွင် မိုးညှင်းဒီဂရီကောလိပ်ကျောင်း တွင်ပညာပေးဟောပြောမှု(၂)ကြိမ်၊ အစိုးရ အထက်တန်းကျောင်းတွင်(၂၀)ကြိမ်အစိုးရ အလယ်တန်းကျောင်းတွင်(၃)ကြိမ် ၊၀န်ထမ်းများအတွက် (၃)ကြိမ် ပြည်သူအကြားတွင် (၆)ကြိမ် ယာဉ်မောင်းနောက်လိုက်များအတွက် (၅)ကြိမ် စစ်သည်များအတွက် (၁)ကြိမ် စုစုပေါင်းအကြိမ်(၄၀)၊နှင့်၂၀၁၈ခုနှစ် ဇန်န၀ါရီလ၁၆ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များအတွက် (၁)ကြိမ် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် ၊မိုးညှင်းမြို့နယ်မြိုင်သာယာကျေးရွာ ရှိအထကကျောင်းတွင်(၁)ကြိမ်၊ မော်ဟန်ကျေးရွာ အထကကျောင်းတွင်(၁)ကြိမ်ဆယ်မိုင်ကျေးရွာအထကခွဲတွင်(၁)ကြိမ်၊ညောင်ကိုင်းကျေးရွာအလယ်တန်းကျောင်းတွင်(၁)ကြိမ် စုစုပေါင်း (၅)ကြိမ်အထိ ယာဉ်စည်းကမ်းအသိပညာများကို ဟောပြောပေးနေပြီးဖြစ်ကြောင်း သိရ သည်။
- မိုးညှင်းမြို့နယ်အတွင်း အဆိုပါပညာပေးဟောပြောမှုများ ကိုပြုလုပ်ပေးနေသော်လည်း၂၀၁၇ ခုနှစ်တွင် ယာဉ်မတော်တဆမှုပေါင်း (၁၈၉)မှုနှင့်အမျိုးသား(၆၇)ဦးနှင့် အမျိုးသမီး(၁၂)သေဆုံးခဲ့ရကြောင်းသိရသည်။

Comments
Post a Comment