(၉)ကြိမ်မြောက်နိဗ္ဗာန်ဈေးပွဲတော်ကို အမေများအားဂုဏ်ပြုသောအားဖြင့်ပြာသိုလပြည့် အမေများနေ့တွင်ကျင်းပ

(၉)ကြိမ်မြောက်နိဗ္ဗာန်ဈေးပွဲတော်ကို အမေများအားဂုဏ်ပြုသောအားဖြင့်ပြာသိုလပြည့် အမေများနေ့တွင်ကျင်းပ
EPN
  • မိုးကောင်း ဇန်နဝါရီ ၂
  • ၂၀၁၈ခုနှစ်နိဗ္ဗာန်ဈေးပွဲတော်ကိုအမေများအားဂုဏ်ပြုသောအားဖြင့်ပြာသိုလပြည့်အမေများနေ့တွင်နိဗ္ဗာန်ဈေးဖြစ် မြောက်ရေးအဖွဲ့မှ(၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်ပါသည်။
  • ကချင်ပြည်နယ်မိုးကောင်းမြို့တွင်ဇန်နဝါရီ(၁)ရက်ပြာသိုလပြည့်နေ့၌ ခုနှစ်ဆူဘုရားဝင်းအနောက်ဘက်ကွင်းအ တွင်းအမေများအားဂုဏ်ပြုသောအားဖြင့်(၉)ကြိမ်မြောက်နိဗ္ဗာန်ဈေးပွဲတော်ကိုကျင်းပပြုလုပ်ပါသည်။   
  •   "အမေများကိုဂုဏ်ပြုပြီးဖိတ်ထားတာလဲမဟုတ်တဲ့အယုတ်အလတ်အမြတ်မရွေးလာတဲ့သူအကုန်ကျွေးရတာဆို တော့ဝမ်းသာပီတိဖြစ်လွန်းလို့လဲနှစ်စဉ်မပျက်စံနစ်တကျပြင်ဆင်ပြီးတော့ကိုကျွေးဖြစ်ပါတယ်"ဟု အောင်စည်ဘော်ဒါမှကို ခင်ဇော်ကဆိုသည်။
  •  ယခုနှစ်တည်ခင်းသောအာဟာရများမှာ အုန်းနို့ခေါက်ဆွဲ ၊ကျောက်ကျော၊ ရှမ်းခေါက်ဆွဲ ၊မုန့်ပဲဆုပ်၊ နို့စိမ်းကိတ်၊ ပင်လယ်စာ၊ လက်ဖက်ရည် ၊အာပူလျှာပူ ၊ရေစိမ်ခေါက်ဆွဲ၊ မုန့်လုံးရေပေါ် ၊သာကူ၊ ကြေးအိုးဆီချက၊် ကြွပ်ကြွပ်ကလေး ဌာပနာ၊ အိုဗာတင်း+မုန့်ပေါင်မုန့်မုန့်လုံးရေပေါ်၊ကြေးအိုးဆီချက်ဝေဖာအစရှိသည်ဖြင့်နံနက်၆း၀၀နာရီမှစတင်ကာစတုဒီသာ ကျွေးမွေး ခြင်းဖြစ်သည်။
  •      ဒီနှစ်တော့၂ဆိုင်လောက်တော့လျော့သွားတယ် မလုပ်နိုင်ကြဘူးလေ လူအများကြီးကျွေးကြရတာဆိုတော့လူအင် အားလဲအများကြီးသုံးရတယ် ကိုယ်တို့အဖွဲ့တောင်ခါတိုင်းကောက်ညှင်းပေါင်းအကြော်ကျွေးကြတာ ဒီနှစ်တော့ရယ်ဒီမိတ် ဘဲဝေလိုက်တာကျင်းပတဲ့နှစ်တိုင်းတော့အမေများကိုဂုဏ်ပြုဖြစ်ပါတယ်"ဟုကြံ့ခိုင်ရေးပါတီမှဦးထွန်းထွန်းအောင်မှပြောပါ သည်။
  • "အမလေး မောတာ မောလဲမော ပျော်လဲပျော်ဗိုက်လဲတင်းနေပြီကြာဇံချက်ရယ် သာကူရယ် အာပူလျှာပူရယ်မှတ်မိ တော့ဘူး ၆မျိုးလောက်တော့စားပြီးပြီ ဟီး ကြေးအိုးဆီချက်ရယ် ကျောက်ကျောရယ်ဝေဖါထုပ်ရယ် သာကူရယ်ပေါင်မုန့်ကပါ ဆယ် ဟဲ ဟဲ"  ဟုသူငယ်ချင်းများနှင့်ရောက်အားပေးသူမြို့ဦးရပ်မှ မစိုးစိုးကဆိုသည်။
  • ပြာသိုလသည် မြန်မာ့ (၁၂ )လ ရာသီ၏ ဒဿမမြောက်လ ဖြစ်၍ရာသီပန်းမှာခွာညိုပန်း (Clematissmilacifolia)  ဖြစ်ပါသည်။ ပြာသိုလပြည့်နေ့ကို အမေများနေ့ (မိခင်များနေ့)အဖြစ်စာရေးဆရာ ဒါရိုက်တာဆရာကြီးဦးသုခကသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ချိုမောင်




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ