မှုခင်းအသိပညာပေး ဟောပြောပွဲများ ပြုလုပ်နေခြင်းကြောင့် မှုခင်းကျဆင်းလာဟုသိရ

မှုခင်းအသိပညာပေး ဟောပြောပွဲများ ပြုလုပ်နေခြင်းကြောင့် မှုခင်းကျဆင်းလာဟုသိရ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၆
  • မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြစ်ကြီးနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး၊ အမှတ်(၂)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲအုပ်စိုင်းစံဖေ၊ အမှတ်(၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်စိုးနိုင်ထွန်း တို့ကဦးဆောင်ဟောပြော ခဲ့ကြပြီး နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ/သားများ မှုခင်းအသိပညာ တိုးပွားစေရေး အသိပညာပေး ဟောပြောခဲ့ကြသည်ဟု သိရသည်။
  • မြစ်ကြီးနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးမှ မှုခင်းဖြစ်ပွားမှုနှင့် ဖြစ်ပွားနိုင်သော အခြေအနေများကို ပါဝါပွိုင့်များဖြင့် ရှင်းလင်းဟောပြောခဲ့ပြီး၊ မှုခင်းနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို ပြောကြားရာတွင် “အခုလိုမှုခင်း အသိပညာပေးတွေ လိုက်လံဟောပြောပေးနေသလို ရွေ့လျားအနေနဲ့လဲ မှုခင်းပညာပေးကားနဲ့ လှည့်လည် ဟောပြော ရှင်းလင်းပြောပြပေးတာတွေကိုလဲ လုပ်နေပါတယ်။ ခုလို မှုခင်းဆိုင်ရာ အသိပညာပေး တာတွေ လုပ်နေတော့ မှုခင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကျောင်းသူ၊ ကျောင်းသားတွေ ပိုသိလာပြီး ရှောင်ရှား နိုင်တာပေါ့။ ဟောပြောပွဲမှာလဲ ဆောင်ရန်၊ ရှောင်ရန်တွေကိုပါ တခါထဲပြောပြပေးတော့ ခုဆိုရင် မှုခင်းတွေလဲ ကျဆင်းသွားတာတွေ့ရပါတယ်။” ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး သန်းဦး ကပြောသည်။
အဆိုပါ ဟောပြောပွဲ၌ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနှိမ်နင်းရေးဟုသာ အမည်တပ်ထားသော်လည်း ရဲတပ်ဖွဲ့မှ ဌာန(၃)ခုနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်လာရောက် ဟောပြောပေးသည့်အတွက် အလွန်တန်ဖိုးရှိ ကာ အသိပညာများစွာ တိုးပွားကြောင်းနှင့် မှုခင်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း များစွာသိခဲ့ရ သည်ဟု နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးကဆိုသည်။
  • “ကျနော်တို့ ကျောင်းမှာမူးယစ်ဆေးဝါးအကြောင်း ဟောပြောပွဲလာလုပ်မယ်ဆိုလို့ သွားနားထောင်တော့ မှ မှုခင်းနဲ့ပတ်သက်တဲ့ ဌာန(၃)ခုက လာဟောပြောပေးတာ ဖြစ်နေတယ်။ အရမ်းကိုကောင်းပါတယ်။  ရဲတပ်ဖွဲ့ဝင်တွေ မှုခင်း ပညာပေးကားနဲ့ မြို့ထဲမှာလှည့်ပြီး လက်ကမ်းစာစောင်တွေ ဝေတယ်။ ရှင်းလင်းပြောကြား ပေးတာတွေ ဆောင်ရန်ရှောင်ရန်တွေ ပြောပြပေးတာတွေ လုပ်နေတယ်။ ခုလိုပဲ အခြေခံပညာကျောင်းတွေ တက္ကသိုလ်တွေမှာလဲ မှုခင်းအသိပညာပေးတာတွေကို ဆက်တိုက်လုပ်နေတာလဲ ကြားရတယ်။ ဒီလို မှုခင်းနဲ့ဆိုင် တဲ့ အသိပညာပေးတာတွေ ဆက်တိုက်လုပ်တော့ ပြည်သူတွေ မှုခင်းအသိပညာပိုတိုးလာပြီး မှုခင်းတွေ ကျဆင်းသွားမယ်လို့ ထင်ပါတယ်။”ဟု မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှ ကျောင်းသားဖြစ်သူ ကိုဖြိုး ကပြောသည်။
  • အဆိုပါ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲ၌ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ မှုခင်းဆိုင်ရာများ ဟောပြောခဲ့ပြီး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ မော်တော်ယဉ်ဆိုင်ရာ ဥပဒေများနှင့် ပြစ်မှုဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးမှ လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေးခြင်းများနှင့် မူးယစ်တပ်ဖွဲ့စုမှ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးခြင်းများကို အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စက်မှု ကျောင်းသား/သူများ မှုခင်းအသိပညာတိုးပွားလာစေပြီး မှုခင်းနှင့်ပတ်သက်၍ ကြိုတင်ရှောင်ရှားနိုင်စေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များကို ပိုမိုသိမြင်လာစေရန်အတွက် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနှိမ်နင်းရေး အသိပညာပေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှ စီမံဌာနမှူး ဒေါက်တာဘောမ်မျှော်နှင့် ဆရာ/မများ၊ ကျောင်းသူ/သားများ စုစုပေါင်းလူဦးရေ(၁၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
                                           ဘရန်ဆိုင်း



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ