မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်အရောင်းအဝယ် နည်းပါးနေ

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်အရောင်းအဝယ် နည်းပါးနေ

EPN
မြစ်ကြီးနား  ဇန်နဝါရီ ၁၅
  • မြစ်ကြီးနားမြို့တွင်  လွန်ခဲ့သည့်သုံးနှစ်ခန့်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်သည် ဆိုင်ကယ်အရောင်းအဝယ် အလွန်နည်းပါးနေကြောင်း မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်အတွင်းရှိ ဆိုင်ကယ်အရောင်းအဝယ် ပြုလုပ်နေ သူများထံမှ သိရသည်။
  • ထိုကဲ့သို့ ဆိုင်ကယ်အရောင်းအဝယ် နည်းပါးနေခြင်းသည် စီးပွားရေးကျပ်တည်းခြင်း၊ ကချင်ပြည်နယ် အတွင်း တပ်မတော်နှင့် လက်နက်ကိုင်များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး  ရွှေမှော်များ၊ ပယင်းမှော်များ ပိတ်ထားရခြင်းနှင့် ရွေ့ပြောင်းလုပ်သားများ လာရောက်ဝယ်ယူခြင်းမရှိသောကြောင့် ဖြစ်နိုင်ကြောင်း ဆိုင်ကယ် အရောင်းအဝယ် ပြုလုပ်နေသူများက သုံးသပ်ကြသည်။
  • ``ဆိုင်ကယ်အရောင်းအဝယ်က အရင်တုန်းကနဲ့ကိုမတူဘူး အခုကရောင်းကို မရောင်းရတာ ဆိုင်ဖွင့် ထားပြီး နေ့လည်ထိတစ်စီးမှဈေးဦးမပေါက်တဲ့နေ့တွေလည်းရှိတယ် တစ်အားကို အရောင်းအဝယ်ပါးသွားတယ် ပြီးခဲ့တဲ့(၂)နှစ်(၃)နှစ်ကတော့ ရွှေနှစ်ပဲ မနှစ်ကနဲ့ တစ်နှစ်က အရမ်းရောင်းကောင်းတယ် အဓိကက ရွှေမှော်တွေ ပိတ်တာနဲ့လည်း ဆိုင်မယ်ထင်တယ်”ဟု ဆိုင်ကယ်အရောင်းအဝယ် ပြုလုပ်နေသူ ကိုမြင့်ထွေးကပြောသည်။
  • ယခင်နှစ်များက ပူတာအိုမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းတိုင်းဘက်မှ ပယင်းမှော်နှင့်ရွှေမှော်တက်မည့် ရွေ့ပြောင်းလုပ်သားအုပ်စုများမှာ ဆိုင်ကယ်လာဝယ်ခြင်းမျိုး ရှိခဲ့သော်လည်း ယခုနှစ်တွင် ထိုကဲ့သို့ လာဝယ်သူ မရှိသလောက် ဖြစ်နေကြောင်း သိရသည်။
  • ဇန်နဝါရီ၁၄ရက်နေ့၏ ဆိုင်ကယ်ဈေးနှုန်းများအရ ကလစ်ဘီး(Circularတံဆိပ်)ကို ခုနှစ်သိန်းရှစ်သောင်း နှင့် ရှစ်သိန်းသုံးသောင်း နှစ်မျိုးရှိပြီး ၊ Kenbo-125 မှာ ခုနှစ်သိန်း ၊Canda၊SHAYAN၊Feeling တံဆိပ် 125များမှာ ငါးသိန်းနှစ်သောင်းနှင့် စူပါကပ်ဆိုင်ကယ်သည် ငါးသိန်းခြောက်သောင်းရှိကြောင်း သိရသည်။
                                             မီးမီး

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ