မြစ်ကြီးနားတွင် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းအခမဲ့ဖွင့်လှစ်မည်

          မြစ်ကြီးနားတွင် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းအခမဲ့ဖွင့်လှစ်မည်
 EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၈
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ အသေးစား စက်မှုလက်မှုဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကချင်ပြည်နယ်၊ အသေးစား စက်မှုလက်မှုဦးစီးဌာနနှင့် မင်္ဂလာ မြစ်ကြီးနား ဆောက်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း၍ ပြည်တွင်းထွက် ဆန်၊ပဲ၊ပြောင်း၊ဂျုံနှင့် ပဲစင်းငုံအထူပြု တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဇန်နဝါရီလ(၂၂)ရက်မှ (၂၆)ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး တက်ရောက်သင်ကြားလိုသူများ အနေနှင့် အခမဲ့တက်ရောက် သင်ကြားနိုင်ကြောင်း သိရသည်။
  •  “ဒီသင်တန်းကို ကျနော်တို့ ပြည်နယ်အတွင်းမှာရှိတဲ့ စားသောက်ကုန်လုပ်ငန်း စိတ်ပါဝင်စားသူတွေ အတတ်ပညာတိုးပွား တတ်မြောက်လာစေဖို့နဲ့ အသေးစား လုပ်ငန်းရှင်တွေ ပိုပြီးပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတာပါ။ ဒီသင်တန်းမှာ မုန့်လုပ်နည်းတွေလဲ အများကြီးသင်ကြားပေးမှာဖြစ်လို့ လာတက်တဲ့သူတွေအတွက် အရမ်းအကျိုးရှိမဲ့ သင်တန်းတခုလို့ ပြောချင်ပါတယ်။” ဟု ပြည်နယ် အသေးစား စက်မှုလက်မှုဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဦးအောင်မောင်းမှ ပြောသည်။
  • ပဲစင်းငုံအထူးပြု စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းကို အသေးစားစက်မှု လက်မှုဦးစီးဌာနနှင့် မင်္ဂလာ မြစ်ကြီးနား ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ ပူးပေါင်းဖွင့်လှစ်ပေးမည်ဖြစ်ရာ ၄င်းဆောက်လုပ်ရေး ကုမ္ပဏီမှ သင်တန်းနှင့် ပတ်သက်သော ကုန်ကျစရိတ် အားလုံးကို ကျခံပေးပြီး၊ ဦးစီးဌာနမှ နည်းပညာစိုက်ထုတ် သင်ကြားပေးမည်ဟုဆိုသည်။
  • “ဒီသင်တန်းကို ပံ့ပိုးကူညီတာက ကျနော်တို့ ကချင်ပြည်နယ်အတွင်းမှာ အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်တွေ ပေါ်ပေါက်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကူညီဖြစ်တာပါ။ ဌာနကနည်းပညာပေးမယ်၊ ကျနော်တို့က ကုန်ကျစရိတ်ခံ ပေးမယ်။ စိတ်ဝင်စားတဲ့သူ ဘယ်သူမဆို အခမဲ့ လာတက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။” ဟု မင်္ဂလာ မြစ်ကြီးနား ဆောက်လုပ် ရေး ကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာဟိန်းသူ ကပြောသည်။
  • ကချင်ပြည်နယ် အသေးစားစက်မှု လက်မှုဦးစီးဌာနနှင့် မင်္ဂလာ မြစ်ကြီးနား ဆောက်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ကာ ဖွင့်လှစ်သင်ကြားပေးမည့် အဆိုပါ သင်တန်းတွင် စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းသည့် တန်ဖိုးမြှင့် ပဲစင်းငုံအခြေခံ စားသောက်ကုန်များ ထုတ်လုပ်တတ်စေရန် ရည်ရွယ်သင်ကြားပေး မည်ဖြစ်ပြီး သင်တန်းတွင် ပဲစင်းငုံကို အခြေခံသော ပဲကွတ်ကီး၊ ပဲကိတ်လိပ်၊ ပဲရွှေကြည်၊ ဆနွင်းမကင်း၊ ပဲလမုန့်၊ တို့ဟူခြောက်၊ ပူတင်း၊ ပဲခေါက်ဆွဲ၊ ပဲချောင်း၊ အချိုကြော်၊ အစပ်ကြော်၊ ပဲအာဟာရမှုန့် ပဲဟင်းခတ်မှုန့်တို့ကို အဓိက သင်ကြားပေးမည်ဖြစ်ကာ အခြားသော ဆန်၊ ဂျုံနှင့် ပြောင်းနှင့် ပြုလုပ်သော နည်းပညာများကိုလည်း သင်ကြားပေးမည်ဟု သိရသည်။
                         ဘရန်ဆိုင်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ