မိုးညှင်း ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ မှစာပေဟောပြောပွဲပြုလုပ်
မိုးညှင်း ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ မှစာပေဟောပြောပွဲပြုလုပ်
EPN
မိုးညှင်း ဇန်နဝါရီ ၎
- ကချင်ပြည်နယ် မိုးညှင်းမြို့ မိုးညှင်းဒီဂရီကောလိပ်ကျောင်းတွင် ကျောင်းသားကျောင်းသူများအတွက် ပထမ အကြိမ် စာပေဟောပြောပွဲကို ကျောင်းသားများသမဂ္ဂမှ ဦးစီးပြီး ဇန်န၀ါရီ ၃ရက်နေ့ နံနက်ပိုင်း ၁၀နာရီမှာ ကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။
- အဆိုပါ စာပေဟောပြောပွဲများပြုလုပ်ပေးရခြင်းမှာကျောင်းသားကျောင်းသူများက စာအုပ်စာပေတွေကို အလေး ထားပြီးလေ့လာဖတ်ရှ့ကြစေဖို့အတွက်ရည်ရွယ်ပြီးပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မိုးညှင်းဒီဂရီကောလိပ်ကျောင်းသားများ သမဂ္ဂ အတွင်းရေးမှူးမမြတ်နိုးဝေ ကပြောသည် ။
- “ကျောင်းသူကျောင်းသားတွေမှာစာဖတ်အင်အားနည်းနေကြတယ်စာကြည့်တိုက်ဖွင့်ထားပေမဲ့အသွားအလာနည်း နေကြတယ် အခုလိုစာပေဟောပြောပွဲတစ်ခုဟာစွယ်စုံကျမ်းကြီးတစ်အုပ်ဖတ်ရသလိုညီမျှ မှုရှိလို့စာရေးဆရာ ဆရာမတွေ ကိုဖိတ်ပြီးဟောပြောပွဲပြုလုပ်ပေးနေတာပါ “ဟု ၎င်းကပြောသည်။
- မိုးညှင်း ဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂကို ၂၀၁၇ခုနှစ် သြဂုတ်လ ၁၆ရက်နေ့က ဖွဲ့စည်းပြီး ယခုလို ကျင်းပ ပြုလုပ်သည့်စာပေဟောပြောပွဲမှာပထမအကြိမ်မြောက်ပြုလုပ်ပေးခြင်းဖြစ်၍ကျောင်းသားများရဲ့ရပိုင်ခွင့်အခွင့်အရေးများ၊ ကျောင်းပညာရေးနှင့်ပတ်သက်သော စာပေစကားဝိုင်းများနှင့် ဟောပြော ပွဲများကို လည်းယင်းကျောင်းတွင် ဆက်လက်ပြု လုပ်ပေးသွားမည် ဖြစ် ကြောင်းသိရသည်။
- အဆိုပါ စာပေဟောပြောပွဲတွင် စာရေးဆရာ ဆရာမများဖြစ်ကြသော ဆရာမဒေါ်ခင်ခင်ထူး မှ“တန်းဖိုး” ဟူသောခေါင်စဉ်ဖြင့် ၎င်း ၊ဆရာနေ၀င်းမြင့် မှ “ပညာကြီးကြစေ ” ဟူသောခေါင်စဉ်ဖြင့် ၎င်း၊ ဆရာမ သီတာ(စမ်းချောင်း)မှ “လူတိုင်း ပိုင်နိုင်တဲ့ ၂၄နာရီ ” ဟူသောခေါင်စဉ်ဖြင့် ၎င်း၊ဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီးနှင့်ဆရာဆရာမများ ကျောင်းသူကျောင်းသား များ အင်အား (၄၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သီဟ



Comments
Post a Comment