ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် ရေမဆေးသမားများ ၅ ဦးထပ်မံသေဆုံး

ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် ရေမဆေးသမားများ ၅ ဦးထပ်မံသေဆုံး
 
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၇
  • ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာရှိ ကျောက်တူးဖေါ်ရေး လုပ်ကွက်တစ်ခုအတွင်း ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း ၃ နာရီခန့်က မြေပြိုမှုကြောင့် ရေမဆေးသမား ၅ ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
  • အဆိုပါ ဝှေခါ ကျေးရွာရှိ ကျောက်တူးဖေါ်ရေး ကုမ္ပဏီလုပ်ကွက်အတွင်း ရေမဆေးသမားများ ကျောက်ရှာဖွေနေစဉ် မြေပြိုကျခဲ့မှုကြောင့် ရေမဆေးသမား ငါးဦးမှာ ပွဲချင်းသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ သုံးဦးကို ဖားကန့်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူနေကြောင်း ဆိတ်မူကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
  • “ ငါးဥိးကတော့ မြေပြို့တဲ့နေရာမှာပဲသေတယ်။ ဒဏ်ရာရရှိတဲ့လူတွေကိုတော့ ဆေးရုံမှာ ဆေးကုနေတယ်။ မစိုးရိမ်ရဘူး။ ” ဟု ယင်းက ပြောကြားသည်။
  • ထိုသို့ မြေပြိုရခြင်းမှာ ယခုရက်ပိုင်း နှစ်ရက်က ဖားကန့်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြင် ပျော့နေသည့်အတွက် မြေပြိုရခြင်းဖြစ်ကြောင်းနှင့် ရေမဆေးသများအနေဖြင့် ကျောက်ရှာဖွေရာတွင်လည်း အခက်အခက်များနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
  • ဖားကန့်ဒေသတွင် ယခုလ ဇန်နဝါရီလ ၄ ရက်နေ့နှင့် ဇန်နဝါရိ ၆ ရက်နေ့တို့တွင် မြေပြိုမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြိး မြေပြိုမှုကြောင့် ရေမဆေးသမား စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
                         ပုံ။ ဆိတ်မူကျေးရွာအုပ်စုရှိ ဝှေခါလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
                                             ပတ်ကွိုင်သား

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ