ဓမ္မာရုံ သစ်တည်ဆောက်ရေး၌ ရှေ့ဆောင်စွမ်းအား လူမှုရေးအဖွဲ့ မှလုပ်အားပေးဆောင်ရွက်

ဓမ္မာရုံ သစ်တည်ဆောက်ရေး၌ ရှေ့ဆောင်စွမ်းအား လူမှုရေးအဖွဲ့ မှလုပ်အားပေးဆောင်ရွက်

EPN
မြစ်ကြီးနား ဇန်နဝါရီ ၁၄
  • မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာအုပ်စုရှိ ၉၆၉ မျိုးဆက်သစ် ဓမ္မစင်တာ ကျောင်းတိုက် ၊ဓမ္မာရုံသစ်တည်ဆောက်ရေး၌ ရှေ့ဆောင်စွမ်းအား လူမှုရေးအဖွဲ့မှ ယခုလ ၁၄ ရက် နံနက် ၈ နာရီတွင်လုပ်အားပေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
  • နန်းကွေ့ ကျေးရွာအုပ်စု ၊နယ်မြေ(၇)တွင် ၉၆၉ မျိုးဆက်သစ် ဓမ္မစင်တာ ကျောင်းတိုက် ၊ဓမ္မာရုံသစ်တည်ဆောက်ရေးကို ဆရာတော်ဦးစက္ကပါလမှ ဦးဆောင်၍ ဒါယကာ၊ဒါယိကာမများနှင့်အများပြည်သူ မှထည့်ဝင်ငွေ ဖြင့်တည်ဆောက်နေခြင်းဖြစ်သည်။
  • ၉၆၉ မျိုးဆက်သစ် ဓမ္မစင်တာ ကျောင်းတိုက် ၊ဓမ္မာရုံ သစ်တည်ဆောက်ရေးကို ဆရာတော်ဦးစက္ကပါလမှ ဦးဆောင်၍ ဒါယကာ၊ဒါယိကာမများနှင့် ရှေ့ဆောင်စွမ်းအားလူမှုရေးအဖွဲ့မှ အင်အား(၅၀) တို့စုပေါင်း၍ လုပ်အားပေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
  • " ကျွန်တော်တို့ ရှေ့ဆောင်စွမ်းအားလူမှုရေးအဖွဲ့၊ အဖွဲ့ဝင်များအနေနဲ့ တစ်ယောက်တစ်လက်ဝိုင်းလို့ စုပေါင်းလုပ်အားပေးပါဝင်နေတာပါ" ဟု ရှေ့ဆောင်စွမ်းအား လူမှုရေးအဖွဲ့မှ  ဒုဥက္ကဌ ဦးမြင့်အောင် ကပြော သည်။
  • ရှေ့ဆောင်စွမ်းအားလူမှုရေးအဖွဲ့သည် မြစ်ကြီးနားမြို့တွင်းရှိ ပညာရေး၊ ကျန်းမားရေး၊ သာရေး၊ နားရေးလုပ်ငန်းများတွင် လုပ်အားပါဝင်ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
                                      စိုင်းဆိုင်မင်း






Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ