အွန်လိုင်းသူရဲ၊ ဝါဒဖြန့်သူရဲများကို အထူးဂရုစိုက်

 အွန်လိုင်းသူရဲ၊ ဝါဒဖြန့်သူရဲများကို အထူးဂရုစိုက်
 
အယ်ဒီတာ့အာဘော်
  • ကချင်ပြည်နယ်အတွင်းတွင် လက်ရှိ အစိုးရတပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA,KIO) တို့ကြားစစ်ရေးတင်းမာနေပြီး စစ်ပွဲဖြစ်နေသော နေရာအနီးအနားရှိ ဒေသခံကျေးရွာမှာ နေထိုင်ကြသည့် ဒေသခံပြည်သူများကလည်း စိုးရိမ်ထိတ်လန့်နေကြသည်။ အထူး သဖြင့် တနိုင်း ဒေသအတွင်းမှာ နှစ်ဖက် တိုက်ပွဲများကြောင့် လက်နက်ကြီးများ ပစ်သံကိုလည်း နေ့စဉ်နှင့်အမျှ ကြားနေရသည်ဟု ဆိုသည်။
  • ထိုသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်မှာ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်က စပြီးဖြစ်ပွားနေခြင်းဖြစ်သည်။ လွန်ခဲ့သော ကာလများမှလည်း အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရရှိရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
  • ထိုသို့ တိုက်ပွဲဖြစ်ပွားချိန်မှာ သတင်းမီဒီယာများကလည်း တိုက်ပွဲနှင့် ပတ်သက်၍ သတင်းများ ရှုထောင့်အစုံမှ ရေးသားကြသည်။ ဤသည်မှာ သတင်းမီဒီယာများဖြစ်သည့်အတွက် ရေးသားရသည်။ ယခုကဲ့သို့ တိုင်းပြည် မငြိမ်းမချမ်းဖြစ်နေချိန်မှာ လူမှုကွန်ရက် စာမျက်နှာပေါ် ( Face Book) တွင် တိုက်ပွဲအရှိန်မြင့်တင်စေမည့် ဝါဒဖြန့်ရေးသားခြင်းမျိုးကို အထူးဂရုစိုက်ရန် လိုအပ်သည်။ ယခုလ ရက်ပိုင်းက အကောင့်ပိုင်ရှင်တစ်ဦးမှ အွန်လိုင်းပေါ်ရှိ မိမိ စာမျက်နှာပေါ်တွင် ကချင်အထူးဒေသ (၁)၏ ဦးဇခုန်တိန့်ယိမ်းပြည်သူ့စစ်တပ်ဖွဲ့မှ မြောက်ပိုင်းတိုင်းစစ်ဌာနအား စစ်ကူအဖြစ် တနိုင်းဒေသသို့ တက်သွားနေကြောင်း၊ ယင်းအဖွဲ့မှ ဘာသာရေး တံဆိတ်ကို တပ်ဆင်၍ ပြုလုပ်နေကြောင်း ရေးသားခဲ့ သည်။
  • ယင်းရေးသားမှုမျိုးသည် အပစ်ရပ်စေသည့် ၊ ငြိမ်းရေးလမ်းစဉ် ဖြစ်ထွန်းစေသည့် အရေးအသားမျိုးမဟုတ်သည့်အပြင် စစ်မီးကို ပို၍ တောက်စေနိုင်သည့် အရေးအသားဖြစ်သည်။ ယခုကဲ့သို့ စာသားနှင့် ပတ်သက်၍ ရေးသားသူ အကောင့်ပိုင်ရှင်အနေဖြင့် ပြည်တွင်းသာမက ကမ္ဘာကပါ သိမြင်စေသည့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မရေးသားမှီ သေချာ ဆင်ခြင်သုံးသပ်သင့်သည်။ သို့မဟုတ် စာဖတ်သူများ ထင်ယောင်ထင်များဖြစ်စေသည့်အပြင် မိမိရေးသားသည့် အဖွဲ့အစည်းများကို အပုပ်ချသလိုဖြစ်ပေသည်။
  • ကချင်ပြည်နယ်သာမက ပြည်တွင်း၌ ဖြစ်ပေါ်နေသော စစ်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းသားယာသော၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်စေရန်မှာ လူမှုကွန်ယက်ကို အသုံးပြုနေသည့် အွန်လိုင်းသူရဲ၊ ဝါဒဖြန့်သူရဲများ အထူးအလေးထား ဆင်ခြင်သင့်ရန်လိုအပ်ကြောင်း အပြုသဘောဆောင် တိုက်တွန်းအပ်ပါသည်//
  •  
  • အယ်​ဒီတာ
  • ထာဝရငြိမ်းချမ်း​ရေးသတင်းကွန်​ရက်​ (EPN)

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ