မြစ်ကြီးနားမြို့ မြစ်ဖျားဧရာကားကြီးဝင်းသစ်ဖွင့်လှစ်

မြစ်ကြီးနားမြို့ မြစ်ဖျားဧရာကားကြီးဝင်းသစ်ဖွင့်လှစ်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၎

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်း၊ ထွယ်ဆန်ရပ်ကွက်၊ လမ်းသွယ်(၁၀)ရှိ မြစ်ဖျားဧ၇ာ ကားကြီးဝင်း အသစ်ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့၊ နံနက်(၉)နာရီ၌ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ၄င်းကားကြီးဝင်းအသစ်ကို ဖွင့်လှစ်ခဲ့သည့် ယနေ့ ဇန်နဝါရီ(၃)ရက်မှစတင်ကာ  ကချင်ပြည်နယ်အတွင်း ပြေးဆွဲသော ယာဉ်လိုင်းများအပါအဝင် ပြည်နယ်ဖြတ်ကျော် ပြေးဆွဲသော ယာဉ်လိုင်းများ အားလုံး ၄င်းကားကြီးဝင်းအသစ်မှပင် ထွက်ခွာရမည်ဟုဆိုသည်။

  • “ဒီကားကြီးဝင်းအသစ်ကိုပြောင်းလာရတာကောင်းပါတယ်။အဆင်လဲပြေပါတယ်။ရေပိုက်လိုင်းတွေပေါက်နေတာနဲ့ မီးသွယ်ထားတာ သိပ်အဆင်မပြေတာကလွဲရင် ကျန်တာအားလုံးကတော့ အဆင်ပြေပြီးကောင်းပါတယ်။ရေနဲ့ပတ်သက်ပြီး ပြင်ဆင်ပေးရမှာတော့ ရှိတယ်။ ကားကြီးဝင်းကိုလာတဲ့လမ်းဖြစ်တဲ့ ရွှေလမ်းမကြီုးကလဲ နဲနဲကျဉ်းနေတာရှိတယ်။ ဒီကားကြီး ဝင်းအသစ်ကို ပြောင်းရွေ့ပြီးရင်တော့ ရေလမ်းမကြီးကို ပေ(၈၀)လမ်းဖြစ်အောင် ချဲ့ဖို့ အစီအစဉ်ရှိတယ်လို့ စည်ပင်က ပြော ပါတယ်။ လမ်းချဲ့ပေးပြီးရင်တော့ လိုအပ်တာ ဘာမှသိပ်မရှိတော့ပါဘူး။” ဟု ပုဂ္ဂလိကပိုင်ယာဉ်များကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးအေးဇော်ဇော် ကပြောသည်။
  • အဆိုပါ ကားကြီးဝင်းအသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ခြင်းကြောင့် ကားဝင်းအဟောင်းအနီးရှိ ပြည်သူများမှ ကားကြီး ဝင်း အသစ်သို့ပြောင်းရွေ့သွားသည့်အတွက် မြစ်ကြီးနားမြို့မှ ကားကြီးဝင်း အသစ်၏ အဆင့်မြှင့်သွားမှုအပေါ် များစွာဝမ်း မြောက် ဂုဏ်ယူပါကြောင်းနှင့် ၄င်းကဲ့သို့ အဆင့်မြှင့်သွားသည့်အတွက် သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ် ရေးလုပ်ငန်းများ၌ ကချင်ပြည်နယ်သူ/သားများအတွက် များစွာအထောက်အကူပြုကြောင်း မြို့နေလူထုက ဆိုသည်။
  • “အခုလို ကားကြီးဝင်းအသစ် ဆောက်လုပ်ပြီး၊ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက်အရမ်းကောင်းပါတယ်။ကားကြီးဝင်းအသစ် ကလဲ တော်တော်ကို အဆင့်မြှင့်ပါတယ်။ ခုလိုအဆင့်မြှင့် ကားဝင်းအသစ်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းကောင်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်လာရင်တော့ မကြာပါဘူး။ ကချင်ပြည်နယ်ဟာ ခဏလေးနဲ့ တိုးတက် သွား မယ်လို့ မြင်ပါတယ်။” ဟုမြစ်ကြီးနားမြို့၌ နေထိုင်၍ကားဝင်းကို အမှီပြုကာ စီးပွားးရေးလုပ်ကိုင်နေသော ဒေါ်ဖြူဖြူမင်း ကပြောသည်။
  • အဆိုပါ ကားကြီးဝင်းအသစ်ကို ၂၀၁၅ခုနှစ်မှ စတင်၍အစိုးရ ဘတ်ဂျက်ဖြင့် တင်ဒါခေါ်ယူဆောက်လုပ်ခဲ့ရာမဉ္ဇူသာ ဆောက်လုပ်ရေး ကုမ္ပဏီမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ  ၂၀၁၈ခု၊ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်(၉)နာရီ၌ ကချင်ပြည်နယ် ဝန်ကြီးချုပ်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ဥက္ကဌကြီး ဦးထွန်းတင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ ကြီးကြပ်မှု ကော်မတီ ဥက္ကဌနှင့် မော်တော်ယာဉ် အသင်း ပိုင်ရှင်များ၊ နိုင်ငံကျော် အဆိုတော်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
                                                   ဘရန်ဆိုင်း                       




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ