မြန်မာနိုင်ငံ၏စီးပွားရေး အထောက်အကူဖြစ်စေဖို့ တိရစ္ဆာန် အကောင်အရေစာရင်းကောက်ယူ
မြန်မာနိုင်ငံ၏စီးပွားရေး အထောက်အကူဖြစ်စေဖို့ တိရစ္ဆာန် အကောင်အရေစာရင်းကောက်ယူ
EPN
မိုးညှင်း ဇန်နဝါရီ ၁၆
- မိုးညှင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကောက်ယူနေသည့် မိုးညှင်းမြို့နယ်ရှိအတွင်း တိရစ္ဆာန် အကောင်အရေ စာရင်း ကောက်ယူရေးလုပ်ငန်းများကို မိုးညှင်းမြို့အတွင်းရှိ သီတာရပ်ကွက် နှင့် ဟိုပင်မြို့ရှိ မြို့မတောင်ရပ်ကွက်နှင့်မြို့မမြောက် ရပ်ကွက်အပြင် ကျေးရွာပေါင်း (၃၀)အား ဇန်န၀ါရီလ ၁ ရက်နေ့ မှ ဇန်ဝါရီ ၃၀ ရက်နေ့ အထိသာ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း မိုးညှင်းမြို့နယ် မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန က ပြောသည် ။
- အဆိုပါ စာရင်းကောက်ယူမှုသည် မြန်မာနိုင်ငံအတွင်းရှိ တိရစ္ဆာန်အကောင်အရေ စာရင်းအမှန် သိရှိနိုင်ရန် စီးပွားရေးအရ အရေးကြီးသော တိရစ္ဆာန်များစာရင်းကိုအတိအကျရရှိစေရန် ၊မွေးမြူထားသော တိရစ္ဆာန် အကောင်အရေစာရင်း ပေါ်အခြေခံသည့် မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံ့ကိန်းများရေးဆွဲပြီး နိုင်ငံ၏ စီးပွားရေးကိုအထောက်အကူပြုစေရန် အတွက် ရည်ရွယ်ကြောင်း မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ကဆိုသည်။
- “အခုလို၂၀၁၇-၂၀၁၈ခုနှစ်အတွက် တိရစ္ဆာန်များရဲ့စာရင်းတွေကောက်ဖို့ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီးလုပ်ဆောင်နေကြတာပါ နိုင်ငံတော်ရဲ့ ဦးတည်ချက်စေတနာတွေကို ပြည်သူတွေနားလည် သဘော ပေါက်ကြစေဖို့ရည်ရွယ်ခဲ့ တာပါ” ဟု မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဝေမွန်ထက် မှပြောသည် ။
- အဆိုပါ စာရင်းကောက်ယူရာတွင် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်ခဲ့ရာ အိမ်ခြေ(၃၁၆)အိမ်ရှိ တိရစ္ဆာန် စာရင်းများကို ကောက်ယူပြီးစီးနေပြီး စုစုပေါင်းအိမ်ခြေ (၃၁၆)အိမ်အား သွားရောက်ကောက်ယူကြ မည်ဖြစ်ကြောင်းသိရသည်။




Comments
Post a Comment