အောင်မြင်သာကျေးရွာတွင် လျှပ်စစ်ဓာတ်အားအသုံးပြုနည်းဆိုင်ရာအသိပညာပေးခြင်းနှင့် အခက်အခဲများ ကူညီပေးသွားရန်ညှိနှိုင်း

အောင်မြင်သာကျေးရွာတွင် လျှပ်စစ်ဓာတ်အားအသုံးပြုနည်းဆိုင်ရာအသိပညာပေးခြင်းနှင့် အခက်အခဲများ ကူညီပေးသွားရန်ညှိနှိုင်း

EPN
မြစ်ကြီးနား |ဇန်န၀ါရီ ၁၆
  • မြစ်ကြီးနားမြို့ အောင်မြင်သာကျေးရွာတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြစ်ဆုံစီမံကိန်း တည်ဆောက်ရေး ကုမ္ပဏီဖြစ်သော ACHC/SPIC မှတာဝန် ရှိသူများ၊ ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ ပညာရှင်များ၊  အောင်မြင်သာကျေးရွာမှ တာဝန်ရှိလူကြီးများနှင့် ဒေသခံပြည်သူများ တွေ့ဆုံကာ လျှပ်စစ်ဘေးအန္တရာယ် မှကာကွယ်ခြင်းနှင့်  အခက်အခဲ များအားကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
  •  “ကျွန်တော်တို့လောလောဆယ် ဗို့အား (၂၀၀၀)ဗို့ ထုတ်လွင့်နေပါတယ် ပြီးတော့ လျှပ်စစ်မီးနဲ့ ပက်ပတ်ပြီး အဆင်ပြေအောင်လို့ ကျွမ်းကျင်ပညာရှင်တစ်ဦးထားဖို့လဲ ဒီကအုပ်ချုပ်ရေးမှူးနဲ့  ညှိနှိုင်းနေ ပါတယ်” ဟု အဆိုပါ ညှိနိုင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွင်  ACHC/SPIC ကုမ္ပဏီမှ မစ္စတာကျန်း  (မြစ်ကြီးနား ရုံးတာဝန်ခံ) ကပြော သည်။
  • အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ ဒေသခံပြည်သူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အချို့ ဒေသခံပြည်သူများ နေထိုင်ရာဘက်တွင် မီးအားအနည်းငယ် နည်းလျှက်ရှိနေကြောင်း ACHC/SPIC ကုမ္ပဏီ မှတာဝန်ရှိသူများ သို့ ဆွေးနွေးတင်ပြရာ ထိုပြဿနာနှင့်ပတ်သက်၍ အဆင်ပြေအောင်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မစ္စကျန်း ကပြောသည်။
  • အဆိုပါ ဆွေးပွဲကို အောင်မြင်သာရပ်ကျေးရွာရှိ  အထက (တန်ဖရဲ)ကျောင်းခန်းမတွင် ယမန်နေ့ နံနက်   ၈ နာရီမှ ၁၂ နာရီအထိပြုလုပ် ကျင်းပခဲ့ပြီး လျှပ်စစ်ဘေးအန္တရာယ်မှ ကင်းရှင်းရန် အသိပညာများကိုလည်း ACHC /SPIC ကုမ္ပဏီနှင့် ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ ကျွမ်းကျင်ပညာ ရှင်များက ဟောပြောပေးခဲ့သည်။
                                               လွမ်းအောင်



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ