ဆိုင်ကယ်စီးနှင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ပစ္စည်းများ အခမဲ့ပေးဝေ
ဆိုင်ကယ်စီးနှင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ပစ္စည်းများ အခမဲ့ပေးဝေ
EPN
မြစ်ကြီးနား ဇန်နဝါရီ ၁၈
- မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ် FXB Myanmar (လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ် ကင်းရှင်း ရေးစီမံချက် )အဖွဲ့မှ ဆိုင်ကယ်စီးနှင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေး ပစ္စည်းများ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
- FXB Myanmarသည်၊ ပူးမား(PUMA) လေယာဉ်ဆီကုမ္မဏီနှင့် ပူးပေါင်း၍ ဆိုင်ကယ်စီးနှင်းသူများကို အခမဲ့ ဆိုင်ကယ်စီးဦးထုတ်ဝေခြင်း၊ ဆိုင်ကယ်များကို ညအခါမောင်းနှင်ပါက ဝတ်ဆင်ရမည့်ရောင်ပြန်စတစ်ကာများ ပေးဝေခြင်း၊ ယာဉ်မောင်းနှင်ပါက မပြုလုပ်သင့်သည့်အချက်များ ပါဝင်သည့်စတစ်ကာများကို မြစ်ကြီးနားမြို့ရှိ အမှတ်၉၈ယာဉ်ထိန်းတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန(ကညန)နှင့် ပူးပေါင်း၍ မြစ်ကြီးနားမြို့၏ ပြည်သူ့ဆေးရုံကြီးအနီး မြို့မဈေးကြီး အနီးတွင် ဇန်နဝါရီ ၁၇ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
- ``ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းအောင် ကျောင်းတွေမှာလဲ အသိပညာပေးပြဇာတ်တိုတွေနဲ့ လိုက်ဖြေဖျော်မှာ လမ်းအသုံးပြုသူ ပြည်သူတွေယာဉ်အန္တရာယ် ကင်းရှင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ မြစ်ကြီးနားမြို့အပါအဝင် မြို့ကြီး ၁၀ မြို့မှာ ပြုလုပ်သွားမှာပါ´´ဟု FXB Myanmar၏ စီမံချက်မန်နေဂျာ ဦးကျော်ဇော ကပြောသည်။
- မြစ်ကြီးနားမြို့ တစ်မြို့ထဲတွင် ဇန်န၀ါရီလ ၁၅ရက်နေ့မှ ၂၁ရက်နေ့အထိ ၇ရက်ကြာ ဈေးများ၊ ကျောင်းများ၊လူစည်ကားရာ နေရာများတွင် ပြုလုပ်သွားမည်ဖြစ်ပြီး FXB နှင့်အတူ မြစ်ကြီးနားမြို့၊အမှတ်၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ယာဉ်စီးနှင်းပါက လိုက်နာသင့်သည့် အချက်အလက်များကို ဟောပြောခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန(ကညန)မှလည်း ဆိုင်ကယ်ယာဉ်မောင်း(က)လိုင်စင်များကို လာရောက်လုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။
- ``ကျွန်တော်တို့ရုံးမှာ စနေနေ့မနက်တိုင်း ကိုးနာရီခွဲဆို (က)လိုင်စင် လုပ်ပေးနေပါတယ် တခါတည်း စာမေးပွဲဖြေရမှာပါ မှတ်ပုံတင် မိတ္တူတစ်စောင်နဲ့ နောက်ခံအပြာရောင်ပတ်စပို့စ်ဓာတ်ပုံနှစ်ပုံ ယူလာခဲ့ပါ၊ ပိုက်ဆံကတော့ ကိုးထောင်၊ ကိုးထောင့်ငါးရာလောက် ကုန်ပါမယ်” ဟု ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန(ကညန)မှ စီစစ်ရေးမှူး(၂) ဦးစိန်လွင်ကပြောသည်။
- FXB မှမြန်မာတစ်နိုင်ငံလုံးရှိ မြစ်ကြီးနား၊ ဟဲဟိုး၊ နေပြည်တော်၊ တာချီလိတ်၊ ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းစသည့် မြို့ကြီး၁၀မြို့တွင် ထိုသို့အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


Comments
Post a Comment