မြစ်ကြီးနားမြို့၌သမဝါယမဝန်ကြီးဌာနမှအသေးစားအရင်းအနှီးချေးငွေနှင့်လယ်ယာသုံးစက်ကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရ
မြစ်ကြီးနားမြို့၌သမဝါယမဝန်ကြီးဌာနမှအသေးစားအရင်းအနှီးချေးငွေနှင့်လယ်ယာသုံးစက်ကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရ
EPN
မြစ်ကြီးနား၊ ဇန်နဝါရီလ ၈
EPN
မြစ်ကြီးနား၊ ဇန်နဝါရီလ ၈
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်သမဝါယမ ဦးစီးဌာနမှ ပြည်နယ်တွင်းရှိ သမဝါယမ အသင်းသူ/သား များကို အသေးစားအရင်းအနှီး ချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
- ၄င်းထောက်ပံ့ပေးအပ်ပွဲတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြသိန်းမှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး၊ အသေးစား အရင်းအနှီးချေးငွေ လုပ်ငန်းအတွက် ပံ့ပိုးငွေအဖြစ် သန်းပေါင်း (၁၇၅၂၇.၀၈၇၄)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် သန်းပေါင်း (၅၁၁.၄၅၁)ကျပ်၊ လယ်ယာသုံး စက်ကိရိယာများ အရစ်ကျဝယ်ယူခြင်းအတွက် ပံ့ပိုးငွေ(၂၄၉.၃၅၆)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ စုစုပေါင်း ပံ့ပိုးငွေကျပ် ((၁၈၂၈၇.၈၉၄၄)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
- “အခု အခမ်းအနားကတော့ ကချင်ပြည်နယ်တွင်းက သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝတိုးတက်လာစေရေးအတွက် နဝမအကြိမ်မြောက် ပေးအပ်တဲ့ အသေးစား အရင်းအနှီးချေးငွေနဲ့ လယ်ယာသုံး စက်ကိရိယာများ ပေးအပ်တဲ့ပွဲပဲ ဖြစ်ပါတယ်။ အရစ်ကျငွေချေးစနစ် လုပ်ငန်းနဲ့ ဆောင်ရွက်ပေးနေခြင်းတွေမှာလည်း အသင်းသား တောင်သူများလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အသုံးတည့်တဲ့ စက်ကိရိယာတွေကို အသုံးပြုပြီး လုပ်ငန်းတွေ ကြိုးစားဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။ ယနေ့ဆောင်ရွက်နေတဲ့ သမဝါယမလုပ်ငန်း များကို လက်ရှိအရှိန် အဟုန်အတိုင်း ထိန်းသိမ်းအောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြပါလို့ တိုက်တွန်းပါတယ်။” ဟု ကချင်ပြည်နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးမြသိန်း ပြောကြားသည်။
- ကချင်ပြည်နယ်၊ သမဝါယမဦးစီးဌာနမှာ ပြည်နယ်တွင်းရှိ တောင်သူလယ်သမားများနှင့် သမဝါယမအသင်းသား များ အတွက် အသေးစားချေးငွေနှင့် လယ်ယာသုံး စက်ကိရိယာများ ပေးအပ်မှုမှာ နဝမအကြိမ်မြောက်ဖြစ်ပြီး၊ ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခြင်းများအတွက် အသင်းသားများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း အသင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
- “တကယ်ကို ကျေးဇူးတင်ပါတယ်။ အခုလို ချေးငွေ လေးတွေပေးတော့ လိုအပ်တဲ့နေရာတွေမှာ အရင်းအနှီးလုပ် လို့ရတာပေါ့။ လယ်ယာသုံးစက်တွေ ကိုလဲအရစ်ကျ ဝယ်လို့ရ အောင် စီစဉ်ပေးတော့ အရမ်းအဆင်ပြေပါတယ်။ အခုလို စီစဉ်ပေးတဲ့အထဲမှာ ပါဝင်ပတ်သက်သူတွေကို တကယ်ပဲ အရမ်း ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။” ဟု သမဝါယမအသင်းသား တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။
- ကချင်ပြည်နယ်အတွင်းရှိသမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်အသင်းများ၏လူမှုဘဝစီးပွားတိုးတက်ရေး အတွက် အသေးစားချေးငွေ ထောက်ပံ့မှုနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းမှာ နဝမအကြိမ်မြောက် ဖြစ်ပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေနှင့် ရည်မှန်းချက်(၁၁)ရပ်ထားရှိ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းနှင့် သမဝါယမ မူဝါဒ(၆)ရပ်နှင့် လုပ်ငန်းစဉ်(၁၀)ရပ်တို့ဖြင့် ပြည်နယ် အတွင်း (၁၈) မြို့နယ်အနက် (၁၃)မြို့နယ်တွင်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Comments
Post a Comment