ကားမိုင်းမြို့နယ်၌ တရားမဝင်ကျောင်စိမ်းအရိုင်းတုံးဟု ယူဆရသော အရွယ်စုံ ကျောက်(၈၀)တုံး ဖမ်းဆီးရမိ

ကားမိုင်းမြို့နယ်၌ တရားမဝင်ကျောင်စိမ်းအရိုင်းတုံးဟု ယူဆရသော အရွယ်စုံ ကျောက်(၈၀)တုံး ဖမ်းဆီးရမိ 

EPN
မြစ်ကြီးနား၊ ဇန်နဝါရီလ ၁၄
  • ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကားမိုင်းမြို့၌ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က တရားမဝင် ကျောက်စိမ်း အရိုင်းတုံးဟု ယူဆရသော (၈၀)တုံး၊ စုစုပေါင်းအလေးချိန် (၁၅၆၀)ကီလိုဂရမ်ခန့်ကို ကားမိုင်းနယ်မြေ ရဲစခန်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
  •     ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က ကားမိုင်းမြို့ရှိ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ အမှတ် (၂၅၅) ခြေလျင်တပ်ရင်း (နန့်တိန်း အခြေပြု)တပ်မှ ဗိုလ်အောင်ဇော်လင်း ဦးစီးအဖွဲ့သည် နန့်တိန်း စစ်ဆေးရေးဂိတ်တွင် ယာဉ်များစစ်ဆေးရေး တာဝန်ဆောင်ရွက်နေစဉ် ဖားကန့်မြို့မှ မြစ်ကြီးနားမြို့သို့ သွားလာရန် ယာဉ်မောင်း ခင်မောင်သန်း မောင်းနှင်လာသည့် ယာဉ်အမှတ်(9A/8542) ဗင်အမျိုးအစား အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ၄င်းယာဉ်၏ နောက်အခန်း ခရီးသည်များထိုင်သည့် ကျောမှီအံဝှက် အတွင်းမှ ကျောက်စိမ်းအရိုင်းတုံးဟု ယူဆရသော အရွယ်စုံ ကျောက်စိမ်း(၈၀)တုံး၊ စုစုပေါင်း အလေးချိန်(၁၅၆၀) ကီလိုဂရမ်ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
  •     ၄င်းကျောက်စိမ်းအရိုင်းတုံးဟု ယူဆရသော ကျောက်များကို သယ်ဆောင်လာသည့် ယာဉ်မောင်းဖြစ်သူ ဦးခင်မောင်သန်း၊ (၅၂)နှစ်၊ (အဘ)ဦးမောင်ကို ၊ ၅/ကဘလ(နိုင်)၀၄၇၄၀၉၊ ဗမာ/အစ္စလာမ်၊ ရွှေညောင် ပင်ရပ်ကွက်၊ ဖြစ်ကြီးနားမြို့ နေထိုင်သူကို (ပ)အမှတ် ၄/၂၀၁၈၊ ကျောက်မျက် ဥပဒေပုဒ်မ-၄၂(က)အရ ဖားကန့်မြို့နယ်၊ ကားမိုင်း နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
                                      လွမ်းအောင်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ