မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်ခွင့်မရ
EPN
မြစ်ကြီးနား ဇန်နဝါရီ ၆
- မြစ်ဆုံအနီးရှိ ကျေးရွာများ၏ ဒေသခံများသည်မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ၊Palm Spring Hotel ရှေ့တွင် ဇန်နဝါရီလ ၅ရက်နေ့နံနက်က မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးအတွက် ဆန္ဒဖော်ထုတ်ရန်လာရောက်ခဲ့သော်လည်း ဆန္ဒဖော်ထုတ်ခွင့်မရခဲ့ကြောင်းသိရသည်။
- အဆိုပါ ဆန္ဒဖော်ထုတ်ရန်အတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မည့်အကြောင်း(ငြိမ်း၊စု၊စီ)ကိုသက်ဆိုင်ရာ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ရုံးထံသို့ ၄၈နာရီကြိုတင်၍ တင်ပြထားပြီး ခွင့်ပြုမိန့်တောင်းခံထားခြင်း မရှိသောကြောင့် ဥပဒေအရ တားမြစ်ရ ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးက ပြောသည်။
- `` စုဝေးမယ်ဆိုပုံစံ၁၊လှည့်လည်မယ်ဆို ပုံစံ၂၊ စုဝေးလှည့်လည်မယ်ဆိုပုံစံ၃ပေါ့ အဲ့ဒီလိုမျိုး ကျွန်တော့်ဆီကို ဒီနေဒီအဖွဲ့က့စာတင်ထားတာမရှိဘူး အဲ့လိုမျိုး စာမတင်ဘဲ မိမိသဘောအရ လုပ်ပိုင်ခွင့်မရှိလို့ဒီနေ့ တားမြစ်ရခြင်း ဖြစ်ပါတယ် ငြိမ်းစုစီဥပဒေပုဒ်မ၁၉အရ ခွင့်ပြုချက်မရရှိဘဲ စုဝေးလို့မရပါဘူး´´ဟု ရဲမှူးသန်းဦး ကပြောသည်။
- ထိုသို့ Palm Spring Hotel ရှေ၌ ဆန္ဒထုတ်ဖေါ်ရခြင်းသည် မြစ်ချောင်းအင်းအိုင်များနှင့်ပတ်သက်ပြီး လေ့လာ ဆန်းစစ်၍ အဓိက တွေ့ရှိချက် အနှစ်ချုပ်များကို SEAအဖွဲ့မှ ကြီးမှုး၍ မြစ်ကြီးနားမြို့ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန NGO, CSO အဖွဲ့များနှင့် အထက်ဧရာဝတီမြစ်ဝှမ်းဒေသ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေသောကြောင့် ဒေသခံများမှ ထိုကဲ့သို့ ဆန္ဒဖော် ထုတ်ရခြင်းဖြစ်ကြောင်းသိရသည်။
- ` ဒီနေ့ဆန္ဒဖော်ထုတ်မယ်လို့ စာမတင်ထားခဲ့တာ ဟုတ်ပါတယဒီဟေိုတယ်ထဲမှာ အလုပ်ရုဆွေးနွေးပွဲ လုပ်နေတာကု မနေ့ညကမှသိတော့ စာတင်နေလဲ မမှီနိုင်ေူတာ့ဘူးမြစ်ဆုံစီမံကိန်း ပြန်လုပ်မယ်လို့ သတင်းကြားလို့ ဆန္ဒဖော်ထုတ်ဖို့ ရောက်လာခြင်းဖြစ်ပါတယ် နောက်ဆုံး အချိန် အထိ သမိုင်းပေးတာဝန်အရ ဆက်ကန့်ကွက်သွားမှာပါ ကျွန်တော်တို့ ယုံကြည်မျှော်လင့်ခဲ့တဲ့ NLD အစိုးရအပေါ်မှာလဲ တော် တော်လေးကို စိတ်ကုန်နေပြီ။ ကော်မရှင်အဖွဲ့လာတာကလဲ မျက်လှည့်ပြသလိုပါပဲ ဒေသခံတွေနဲ့ မတွေ့ဆုံဘူး ဆိုးကျိုး ကောင်းကျိုးတွေလဲ မပြောပြဘူး ရှင်းပြတာလဲမရှိသလို ကျွန်တော် တို့ဘက်က ညှိနှိုင်းခွင့်လဲ မရရှိပါဘူး´´ဟု ဆန္ဒဖော်ထုတ်ရန်လာသည့် ဦးမုန်ရာကပြောသည်။
- ဧရာဝတီမြစ်ဘေးမှ ရွာများဖြစ်သော အာလံရွာ၊ဒွမ်ဘမ်ရွာ၊ အောင်မြင်သာရွာ၊ လမုန်ဇွပ်ရွာ ၊ အူပြစ်ရွာဒေသခံ ၃၀ခန့်မှ Palm Spring Hotel ရှေ့တွင် ဆန္ဒဖော်ထုတ်ခွင့် မရသော်လည်း နာရီဝက်ခန့် စုဝေးခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။
- ၂၀၁၇ ဇန်နဝါရီလ ၃၁ ရက် နေ့နံနက်တွင်လည်း အဆိုပါဟော်တယ်ရှေ့တွင် ဒေသခံပြည်သူများမှ မြစ်ဆုံရေ အားလျှပ်စစ်စီမံကိန်းလုံးဝရပ်ဆိုင်းပေးရန်နှင့် ဒေသခံများ မူလနေရာသို့ပြန်နေနိုင်ရေး ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပြီး မတ်လ ၁၄ ရက်က မြစ်ဆုံအနီးရှိ တန်ဖရဲကျေးရွာတွင် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းအင်းအိုင်များနေ့တွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် အထိမ်းအမှတ်အခမ်းအနားပြုလုပ်ကာ ထိုနေ့၏ အထိမ်းအမှတ်အဖြစ် ဝါးဖောင်တစ်ခုကို ဧရာဝတီမြစ် အတွင်းသို့ မျှောချခဲ့ကြောင်း သိရသည်။




Comments
Post a Comment