ဗန်းမော်မြို့၌ မြို့အင်္ဂါရပ်ညီညွတ်စေရေး နိုင်လွန်ကတ္တရာ လမ်းခင်းပေး
ဗန်းမော်မြို့၌ မြို့အင်္ဂါရပ်ညီညွတ်စေရေး နိုင်လွန်ကတ္တရာ လမ်းခင်းပေး
EPN
ဗန်းမော် ဇန်နဝါရီ ၁၈
ဗန်းမော်သုခမိန်
EPN
ဗန်းမော် ဇန်နဝါရီ ၁၈
- ကချင်ပြည်နယ် ဗန်းမော်မြို့၌ မြို့အင်္ဂါရပ်ညီညွတ်ရေးနှင့် မြို့သာယာလှပရေးအတွက် မြို့တွင်းလမ်းများ အား နိုင်လွန်ကတ္တရာခင်းခြင်း၊ လမ်းချဲ့ခြင်း၊ ရေနှုတ်မြောင်းတူးခြင်း၊ ကျောက်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။
- မဟာသိမ်တော်ကြီးစေတီဝင်းရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများကို မန်းပြည်တံခွန်ကုမ္ပဏီလီမိတက်မှ ဇန်နဝါရီ၁၈ရက်နေ့ နံနက်၁၁နာရီတွင် စက်ယန္တယားများနှင့် လူအင်အား များစွာ အသုံးပြု၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
- “ဗန်းမော်မြို့ရဲ့ အဓိက မိန်းလမ်းမကြီး ဖြစ်တဲ့ ဒီဗိုလ်ချုပ်လမ်းကို အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ထဲမှာ အပြီးတိုးချဲ့ လုပ်ဆောင်သွားမှာပါ။ ခွင့်ပြုရန်ပုံငွေကတော့ ပြည်နယ်ရန်ပုံငွေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလမ်းချဲ့တဲ့နေရာမှာ လမ်းဘေး ကျောက်စီရေနှုတ်မြောင်း ပါမယ်။ ရေနှုတ်မြောင်းအပေါ်က ပလက်ဖောင်းဖြစ်သွားမယ်။ လမ်းအားလုံးပြီးသွားရင်တော့ မြို့ကြီးက တော်တော်လေး သွားရေးလာရေး အဆင်ပြေပြီး လှပသာယာသွားမှာပါ။”ဟု မန်းပြည်တံခွန် ကုမ္ပဏီလီမိတက်မှ တာဝန်ခံ အင်ဂျင်နီယာမှ ပြောသည်။
- ယခု တိုးချဲ့ဖောက်လုပ်လျှက်ရှိသော ဗန်းမော်မြို့၏ မိန်းလမ်းမကြီးဖြစ်သော ဗိုလ်ချုပ်လမ်း၏ အရှည်အကျယ်နှင့် အတိုင်းအတာသည် ၃၆၀၆ပေ×၅၀×၂လက်မ ဖြစ်သည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ ၏ ပြည်နယ် ခွင့်ပြုချက်ရန်ပုံငွေကျပ် ၁၁၄၁ ဒသမ ၆၀၀ သန်းဖြင့် ၂၀၁၇/ ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း မြို့တွင်း လမ်း(၈ )လမ်း နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို မန်းပြည်တံခွန်ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
- ဗန်းမော်မြို့ရှိ ယခုနှစ် ဘတ်ဂျက်ကာလအတွင်း တိုးချဲ့ဖောက်လုပ်မည့် လမ်း(၈)လမ်း တွင်အဓိကကျ သော နန်းသီတာမှ သီရိရတနာဈေးကြီးအထိ ဗိုလ်ချုပ်လမ်းနှင့် အထက ၁၊ အထက ၂ လမ်းဆုံမှ မြေနုဆိပ်ကမ်း အထိ မြေနုရေဆိပ်ဆင်း လမ်းများကို နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများကိုလည်း မန်းပြည်တံခွန် ကုမ္ပဏီလီမိ တက်မှ ဆောင်ရွက်နေကြောင်းသိရသည်။
ဗန်းမော်သုခမိန်

Comments
Post a Comment