ကချင်ပြည်နယ်အတွင်း မြို့၃မြို့တွင် လူကုန်ကူးမှု အများဆုံးဖြစ်ပွား

ကချင်ပြည်နယ်အတွင်း မြို့၃မြို့တွင် လူကုန်ကူးမှု အများဆုံးဖြစ်ပွား

EPN
မြစ်ကြီးနား ဇန်နဝါရီ ၁၆
  • ကချင်ပြည်နယ်အတွင်းတွင်ရှိသော မြစ်ကြီးနားမြို့သည် လူကုန်ကူးမှု အများဆုံးဖြစ်ပွားနေပြီး၊ ဒုတိယ အဖြစ်များဆုံးမှာ ဝိုင်းမော်မြို့နှင့် တတိယမှာ မိုးကောင်းမြို့ဖြစ်ကြောင်း  အမှတ်၁၂ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ မြစ်ကြီးနားမှ သိရသည်။
  • ဇန်န၀ါရီ ၁၆ရက်နေ့ မြစ်ကြီးနားနည်းပညာတက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများကို လူကုန်ကူးမှု  ဖြစ်ပွားနိုင်ပုံများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ၊မူးယစ်ဆေးဝါး၏ အန္တရာယ်များ အသိပညာပေးဟောပြော ပွဲပြုလုပ်ရာတွင် ပြောခြင်းဖြစ်သည်။
  • ``လူကုန်ကူးမှု အဖြစ်များနေတာကတော့ သုံးမြို့ပေါ့ မြစ်ကြီးနားရယ် ဝိုင်းမော်၊ မိုးကောင်း အဓိကကတော့ စားဝတ်နေရေးကြောင့် လူကုန်ကူးမှုတွေ ဖြစ်တာများတယ် လှုမှုဘဝခက်ခဲတာတွေ ပွဲစားတွေရဲ့ မက်လုံးပေးစည်းရုံးနိုင်မှု့တွေ မသိနားမလည်မှုတွေ အဲ့ဒါတွေကြောင့်လည်း  အဖြစ်များနေတယ်” ဟု အမှတ် ၁၂ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မြစ်ကြီးနားမှ ရဲအုပ်လှိုင်စိုး ကပြောသည်။
  • ကချင်ပြည်နယ်တွင် စစ်ဘေးဒဏ်ကြောင့် ဒေသအတွင်း မတည်ငြိမ်မှု ဖြစ်ပွားကာမိမိရပ်ရွာတွင် နေထိုင်မရသောကြောင့် စစ်ရှောင်စခန်းများတွင် နေထိုင်ကြပြီး လူငယ်အများစုမှာ ငွေကြေးရှားပါးမှု၊ အလုပ်အကိုင် ရှားပါးမှုနှင့် ကြုံတွေ့နေရပြီး လူကုန်ကူးခြင်းများလည်း ခံနေရကြောင်း သိရသည်။
  • ၂၀၁၇ခုနှစ်အတွင်း၌ ကချင်ပြည်နယ်အတွင်းတွင်လူကုန်ကူးမှု ၃၂ မှု ဖြစ်ပွားခဲ့ပြီး  လူကုန်ကူးခံရသူနှင့် လူကုန်ကူးသည့် တရားခံများမှာ ကချင်လူမျိုးများ အများဆုံး ဖြစ်ပွားကာ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့များမှာ မြစ်ကြီးနားမြို့ ၊ မိုးညှင်းမြို့နှင့်လွယ်ဂျယ်မြို့ များတွင်ရှိကြောင်း သိရသည်။

                                           မီးမီး





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ