ပြည်သူ့ဝန်ဆောင်မှုရုံးမှ ပြည်သူ(၆၀၁၂)ဦး ၏အခြေခံလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ခဲ့ဟုပြောဆို

ပြည်သူ့ဝန်ဆောင်မှုရုံးမှ ပြည်သူ(၆၀၁၂)ဦး ၏အခြေခံလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ခဲ့ဟုပြောဆို

EPN
မိုးညှင်း ဇန်နဝါရီ ၁၈

  • မိုးညှင်းမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး OSS (One Stop Shop ) မှ ပြည်သူများ၏လိုအပ်ချက်တွေကို ပြည့်စုံစွာဆောင်ရွက်ပေးနိုင်ကြောင်းသိရသည်။
  • အဆိုပါ ရုံးမှ  ၂၀၁၇ခုနှစ် အတွင်း၌  အစိုးရ   ဌာန(၈)ခု ၏လုပ်ငန်း ဆောင်တာများနှင့် ပတ်သက်သော ပြည်သူအများ၏ အခြေခံလိုအပ်ချက် လုပ်ငန်း(၆၀၁၂)ခုကို ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်ထံမှသိရသည်။
  • အဆိုပါဌာန၏ ရည်ရွယ်ချက်မှာပြည်သူများ၏လိုအပ်ချက်များ အဆင်ပြေချောမွေ့စွာ ၀န်ဆောင်မှု ပေးနိုင်ရေး၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုကင်းရှင်း ရေးအတွက်ရည်ရွယ်ခဲ့ပြီး ၂၀၁၅ သြဂုတ်လ ၂၄ရက်နေ့တွင် မိုးညှင်းမြို့နယ် ထွေအုပ်ရုံးဝင်းအတွင်း၌ စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး မှဆိုသည်။
  •         “ပြည်သူတွေမှာသူတို့ရဲ့ရပိုင်ခွင့်တွေရှိတယ် သူတို့ရဲ့နိုင်ငံသားအခွင့်အရေး နဲ့ပတ်သက် လို့ပညာရေး အတွက်သော် ၎င်းကျန်းမာရေးအတွက်သော်လည်းကောင်း အခြေခံလိုအပ်ချက်အရပ်ရပ် တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်   ရည်ရွယ်ချက် ၄ရပ်နဲ့ အတူ OSS ရုံး ကိုဖွင့်ပေးပြီးဆောင်ရွက်ပေးခဲ့တာပါ ဒါမှသာလျှင်     ပြည်သူအများကဌာနဆိုင်ရာများ အပေါ်အားကိုးယုံကြည် လာမှာဖြစ်ပါတယ် ၀န်ထမ်းကောင်းများ နှင့် ဦးစီးဌာနများ အလိုက်လည်း အပြန်အလှန်ထိန်းကျောင်းမှုများ ပြုလုပ်နိုင်စေဖို့အတွက် ရည်ရွယ်ပြီး ပြည်သူတွေအတွက် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့တာပါ ”ဟု မိုးညှင်းမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးကပြောသည်။
  • အဆိုပါဌာနတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန  ၊ မီးသတ်ဦးစီးဌာန  ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန  စသည့်ဌာနကြီး(၈)ခုကိုထားရှိ ပေးခဲ့ပြီး မိုးညှင်းမြို့နယ် အတွင်း   မိုးညှင်းမြို့နှင့် ဟိုပင်မြို့ရှိ ရပ်ကွက် ၉ ခု ၊ ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စု၊ အိမ်ခြေပေါင်း (၃၆၀၁၄)အိမ် ၊အိမ်ထောင်စုပေါင်း (၃၆၃၇၀)နှင့်လူဦးရေပေါင်း(၂၀၆၉၀၇)ဦးတို့အတွက် ဖွင့်လှစ်ဆောင်ရွက်ပေး နေကြောင်း သိရသည်။

သီဟ


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ