အင်းတော်ကြီးဒေသတွင်တရားမ၀င် သစ်လုံးများသယ်ယူသူ ထွက်ပြေးလွှတ်မြောက်နေ

အင်းတော်ကြီးဒေသတွင်တရားမ၀င် သစ်လုံးများသယ်ယူသူ ထွက်ပြေးလွှတ်မြောက်နေ 

EPN
မိုးညှင်း ဇန်နဝါရီ ၁၆

  • မိုးညှင်းမြို့နယ်အင်းတော်ကြီးဒေသ ဘေးမဲ့တောကြိုးဝိုင်းအတွင်းမှ တရားမ၀င်သစ်လုံးများသယ်ယူလာ သည့်ကားတစ်စီးအား ဇန်န၀ါရီ၁၅ရက် နေ့ညနေ ၅နာရီခွဲအချိန်က ဖမ်းဆီးမိခဲ့ရာ ကားမောင်းသူမှာ ထွက်ပြေး သွားခဲ့  သည်ဟု အင်းတော်ကြီးဘေးမဲ့တော တောအုပ်  ကပြောသည်။
  • “တရားမ၀င်သစ်တွေသယ်ယူနေတာ  တွေ့လို့ဖမ်းဆီးခဲ့တာပါ အောင်နိုင်ဝင်းဆိုသူကတော့ ထွက်ပြေး သွားပါတယ်” ဟုအင်းတော်ကြီးဘေးမဲ့တော တောအုပ် ကိုနေမျိုးထွန်းကပြောသည် ။
  •      အဆိုပါဖမ်းဆီးခဲ့သူနှစ်ဦးမှာ မိုးညှင်းမြို့နယ်ဘီလူးမြို့ကျေးရွာမြို့ဟောင်းရပ်ကွက်နေ အသက်(၃၆)နှစ်ရှိ အောင်နိုင်ဝင်းနှင့် အသက်(၃၈)နှစ်ရှိကျော်လွင်ဖြစ်ပြီးအင်းတော်ကြီးဘေးမဲ့တောအုပ် နှင့်အဖွဲ့က ဘေးမဲ့တော ကြိုးဝိုင်းအတွင်းကင်းလှည့်နေစဉ်လေကြောင်းရန်ကာကွယ်ရေးစခန်း၏တောင်ဘက်(၁)ဖာလုံခန့်အကွာတွင်ဖမ်းဆီးမိခဲ့ကြောင်း၎င်းကပြောသည်။
  • အောင်နိုင်ဝင်းဆိုသူမောင်းနင်ပြီးကျော်လွင်လိုက်ပါလာသည့်အယ်ဇူးအမျိုးအစားအပြာရောင်(၆)ဘီးကားအပေါ်တွင်  တရားမ၀င်သစ်လုံး အရှည်(၁၈)ပေ လုံးပတ် (၆)ပေခန့် (၅)လက်မ မအူ အမျိုးအစား သစ်လုံး(၁) လုံး ၊ အရှည်(၁၈)ပေ လုံးပတ် (၅)ပေခန့် (၆)လက်မ မအူ အမျိုးအစား သစ်လုံး(၁)လုံးအရှည် (၁၈)ပေ လုံးပတ် (၆)ပေ ၄လက်မခန့်ရှိ ကျောက်ခလောက်သစ်အမျိုးအစား သစ်လုံး(၁)လုံး ၊ အရှည်(၁၈)ပေ လုံးပတ် (၆)ပေ (၅)လက်မခန့်ရှိ ကျောက်ခလောက်သစ်အမျိုးအစား သစ်လုံး(၂)လုံး ၊ အရှည်(၁၈)ပေ လုံးပတ် (၇)ပေခန့် ဆိတ်နံအမျိုးအစား သစ်လုံး(၁)လုံး ၊ စုစုပေါင်းသစ်လုံး(၆)လုံး(၅.၄၆၂)တန်ခန့်အားတွေ့ရှိခဲ့သည်ဟုဆိုသည်။
  • အဆိုပါနှစ်ဦးစလုံးအားဖမ်းဆီးခဲ့ရာအခင်းဖြစ်သည့်နေရာနှင့်(၁)မိုင်ခန့်အကွာတွင် အောင်နိုင်ဝင်းဆိုသူမှာ ဖမ်းဆီးထားသည့်ကားပေါ်မှခုချ ထွက်ပြေး သွားခဲ့ကြောင်းသိရသည်။
  • အဆိုပါနှစ်ဦးအား (ပ)အမှတ်၁၂/၂၀၁၈ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝ နယ်မြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၆(ခ)ဖြင့်အမှုဖွင့်ထားပြီး ကျော်လွင်ဆိုသူအား မိုးညှင်းမြို့မရဲစခန်း တွင်ဖမ်းဆီးအရေးယူထားပြီဖြစ်ကြောင်း ဖမ်းဆီးရေးအဖွဲ့ကပြောသည်။
                                               သီဟ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ