မိုးညှင်းတွင်လိုင်စင်မဲ့ကား၎စီးကိုတောလမ်းအတိုင်းသယ်ဆောင်လာသူအားဖမ်းဆီးမိ
မိုးညှင်းတွင်လိုင်စင်မဲ့ကား၎စီးကိုတောလမ်းအတိုင်းသယ်ဆောင်လာသူအားဖမ်းဆီးမိ
EPN
မိုးညှင်း ဇန်နဝါရီ ၁၇
- ကချင်ပြည်နယ် မိုးညှင်းမြို့တွင် လိုင်စင်မဲ့ကား ၄စီးအား မိုးညှင်းမြို့ အတွင်းကားလမ်း မကြီးကို ရှောင်ကွင်းပြီး တောကလမ်းအတိုင်း မောင်းနှင် သယ်ဆောင်လာသူ (၄)ဦးအား ဇန်န၀ါရီ ၁၆ရက် မနက်၈နာရီ အချိန်က ဖမ်းဆီးမိခဲ့ ကြောင်း မိုးညှင်းမြို့မရဲစခန်းကသိရသည်။
- “တရားမ၀င်လိုင်စင်မဲ့ကားတွေ ကချင်ပြည်နယ်အတွင်းဝင်ရောက်မလာအောင်လို့ ဖမ်းဆီးနေတာပါ စစ်ဆေး တဲ့အချိန်မှာလည်း ထိုင်းနိုင်ငံဘက်ကနေ တရားမ၀င်တင်သွင်းလာတဲ့ကား တွေဆိုတာသိရလို့ဖမ်းဆီးခဲ့ တာပါ “ဟု မိုးညှင်းမြို့မရဲစခန်းဒုစခန်းမှူး ညွှန်လှိုင်ကပြောသည် ။
- အဆိုပါ ဖြစ်စဉ်တွင် မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနိပ်နင်းရေးဌာနမှ ရဲအုပ်မြင့်သူ နှင့်အဖွဲ့၊ မိုးညှင်းမြို့ မရဲစခန်းနယ်ထိန်းခေါင်းဆောင် ရဲအုပ်သက်နိုင်ဦးနှင့် အဖွဲ့ တို့က နန်းပုတ်ကျေးရွာအရှေ့ မောင်းတံစစ်ဆေးရေး ဂိတ်အားရှောင်ကွင်းသည့် တောလမ်းတွင်စောင့်ဆိုင်းနေစဉ် မော်ဟန်ကျေးရွာဘက်မှ မိုးညှင်းမြို့ဘက်သို့ မောင်းလာသော ကား(၄)စီးအား စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံဘက်မှ တရားမ၀င်တင်သွင်းလာပြီး မြ၀တီမြို့မှ တဆင့်မြစ်ကြီးနားမြို့သို့သယ်ဆောင်မောင်နင်သွားမည့်တရားမ၀င်လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်းသိရသည်။
- အဆိုပါလိုင်စင်မဲ့ကား ၄စီးမှာ မြ၀တီမြို့ ၀ါးတောရပ်နေ သူများဖြစ်သည့် အသက်(၄၀)နှစ်ရှိ BGF ဗိုလ်ကြီး အဆင့်ရှိသူ မြိုင်ကြီးငူတပ်ရင်း (၁၀၁၁) ၁၃ဂိတ် မှ စောကမ္ဘာ ဆိုသူ မောင်းနင်ပြီး အသက်(၃၁)နှစ် ရှိ ထွန်းလင်း ဆိုသူလိုက်ပါလာသော YGN-¬¬¬¬××××နံပါတ်တပ်ထားသည့် ခဲရောင် တိုရိုတာ ပါရာဒို ဂျပန်နိုင်ငံ လုပ်လိုင် စင်မဲ့ကား၊ အသက်(၂၈)နှစ်နေ သန့်တင်ဦးဆိုသူ မောင်းလာသော YGN-××××နံပါတ်တပ်လျက်ခဲရောင် တိုရိုတာ ပါရာဒို ဂျပန်နိုင်ငံလုပ်လိုင်စင်မဲ့ကား ၊အသက်(၂၃)နှစ်ရှိ တပ်ရင်း (၁၀၁၁)BGF တပ်သားစောနန်းအောင် ဆိုသူမောင်လာသော MDY-××××နံပါတ်တပ်ထားသော တိုယိုတာ(ကရောင်း) ဂျပန်နိုင်ငံလုပ်လိုင်စင်မဲ့ကား ၊BGF ဒုဗိုလ် အဆင့်ရှိသူ တပ်ရင်း(၁၀၁၁)မှ အသက်(၃၂)နှစ်ရှိ စောညီညီဆွေ မောင်းလာသော YGN-××××နံပါတ်တပ်ထားသောအဖြူရောင်လင့်ခရူဆာ ဂျပန်နိုင်ငံလုပ်လိုင်စင်မဲ့ကား၊တို့ဖြစ်ကြောင်းသိရသည်။
- လိုင်စင်မဲ့ကားများကို လက်ဝယ်ထားရှိပြီး စီးနင်းမောင်းနင်လာသူ အဆိုပါ၎ဦးနှင့် အတူယာဉ်မောင်းဘေး တွင် လိုက်ပါလာသူ ထွန်းလင်းဆိုသူတို့အား အမှုအမှတ် ပ(၁၄)/၂၀၁၈ ၊ ပ(၁၅) /၂၀၁၈ ၊ ပ(၁၆) /၂၀၁၈ ၊ ပ(၁၇)/၂၀၁၈နှင့်ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)ဖြင့်ဖမ်းဆီးအရေးယူထားကြောင်းမိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကသိရသည်။




Comments
Post a Comment