မိုးညှင်းမြို့နယ်တွင် အမျိုးသမီးနှစ်ဦးထံမှ မှုးယစ်ဆေးဝါးများဖမ်းစီးရမိ
EPN
မိုးညှင်း ဇန်နဝါရီ ၁၀
- မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ၏၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းတွင် မူးယစ်ဆေးများကို ဇန်န၀ါရီလ၉ရက်နေ့ ညနေ၅နာရီအချိန်က ဒုတိယအကြိမ်မြောက် အဖြစ်အအမျိုးသမီး ၂ဦးထံမှ မှုးယစ်ဆေးဝါးများ ဖမ်းဆီးမိခဲ့ ကြောင်းသိရသည် ။
- ဖြစ်စဉ်မှာမိုးညှင်းမြို့နယ် မူးယစ်တပ်စု(၃)ရဲအုပ်နေလင်းနှင့်မော်ဟန်ရဲကင်းစခန်း မှရဲတပ်သား ညီညီဝင်း၊ အရပ် သက်သေများပူးပေါင်းပြီးမူးယစ်ဆေးဝါးသယ်ဆောင်နေကြောင်းသတင်းအရ မော်ဟန်ကျေးရွာမှ နမ္မချီမှော် ဘက်သို့သွား ရာ မော်ဟန်သချိုင်္င်းအနီးစောင့်ဆိုင်းနေစဉ် မလုဂျာဆိုသူ အမျိုးသမီး မှမောင်းနင် လာပြီး အနောက် တွင်မခွန်တောင်ဆိုသူ လိုက်ပါလာခဲ့သောCANDA – 125 ဆိုင်ကယ်အား အားစစ်ဆေးခဲ့ ရာမှ ဖမ်းစီးရမိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
- အဆိုပါဆိုင်ကယ်အားရပ်တန့် စစ်ဆေးရာမခွန်တောင်လွယ်ထားသောဘေးလွယ်အိတ် အတွင်း၌ အပြာရောင်ကပ်ခွာအိတ်ဖြင့် 88/1စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ဟုယူဆသော ပန်းရောင်ဆေးပြား (၂၀၀) ပြား စီပါသောအထုပ်(၁၉)ထုပ် နှင့်အပြား(၁၈၀)ပြားပါ၁ထုပ်၊စုစုပေါင်းဆေးပြား(၃၉၈၀)ပြား စုစုပေါင်းအလေး ချိန်(၃၉၈)ဂရမ်ခန့်အားတွေ့ရှိခဲ့ကြောင်းသိရသည်။
- မူးယစ်ဆေးဝါး သယ်ဆောင်နေသူတွေကို အရပ်သက်သေများနဲ့အတူရှာဖွေ နေသလိုမူးယစ်ဆေးဝါး သတင်းအရ သွားရောက်စောင့်ဆိုင်းနေတဲ့အချိန်မှာစစ်ဆေးတွေ့ရှိလို့ ဖမ်းဆီးခဲ့တာပါ ဟုမူးယစ်တပ်စု(၃) ရဲအုပ်နေလင်းကပြောသည်။
- အဆိုပါမူးယစ်ဆေးများကို နမ္မချီမှော်သို့ရောက်ရှိနေစဉ် ကချင်အမျိုးသားတစ်ဦးထံမှဝယ်ယူခဲ့ကြောင်း ဖမ်းဆီးမိခဲ့သောအမျိုးသမီး ၂ဦးစလုံးမှထွက်ဆိုထားကြောင်း အမှုစစ်ထံမှသိရသည် မူးယစ်ဆေးနှင့် အတူ တွေ့ရှိ ခဲ့သောမခွန်တောင်နှင့်မလုဂျာတို့နှစ်ဦးစလုံးအား မယ(ပ)၆ မူး/စိတ်ပုဒ်မ -၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းမိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

Comments
Post a Comment