“မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အတွင်း တရားမဝင်ကျောက်ထုတ်ယူနေမှုကို အရေးယူမည်
“မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အတွင်း တရားမဝင်ကျောက်ထုတ်ယူနေမှုကို အရေးယူမည်
EPN
မိုးညှင်း ဇန်နဝါရီ ၎
- မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်အုပ်စု မိုင်းနောင်ကျေးရွာနယ်နိတ်အတွင်းရှိ ခေါင်းတုန်းချောင်း နှင့် နန့်ကင်ချောင်းတို့မှ ချောင်းကျောက်များကို တရားမ၀င် ထုတ်ယူနေမှုအား တွေ့ရှိပါကတရားစွဲအရေးယူမည်ဖြစ်ကြောင်း အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘးမဲ့တော အုပ်ချုပ်ရေမှူး ဦးမောင်ဝင်း ကပြောသည်။
- “ကျွန်တော်တို့က စာနဲ့ရပ်တန့်ပေးဖို့ တရားဝင်တားမြစ်ထားပါတယ်ကျွန်တော်တို့အဖွဲ့က ကွင်းဆင်းလို့ တွေ့ရှိတယ် ဆိုရင် တရားစွဲဆိုအရေးယူသွားပါမယ်”ဟု အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေမှူး ဦးမောင်ဝင်း က ပြောသည်။
- အဆိုပါချောင်းရိုးများရှိကျောက်များအား မြတ်သဒ္ဒါဖြူကုမ္ပဏီမှ တရားမ၀င် ကျောက်များ ထုတ်ယူနေသောကြောင့် အင်းတော်ကြီးကန်ပျက်စီးတိမ်ကောနိုင်သဖြင့်အမြန်ဆုံးရပ်တန့်ပေးစေလိုကြောင်း မမုံကိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး က ပြောသည်။
- “ချောင်းထဲကကျောက်တွေကိုကျွန်တော်တို့ ခွင့်ပြုချက်မရရဘဲတူးဖော်ထုတ်ယူနေတာဟာ အင်းတော်ကြီးကန် အတွက်များစွာစိုးရိမ်စရာပါ အဲဒီချောင်း၂ချောင်းကကျောက်တွေမရှိတော့ရင် ချောင်းထဲက သဲတွေ အင်းတော်ကြီးကန်ထဲ ၀င်ရောက် သွားမှာပါ အင်းကြီးတိမ်ကောသွားနိုင်ပါတယ် ပျက်စီးသွားနိုင်ပါတယ်အင်းတော်ကြီးဒေသကို မကြာသေးမှီကမှ ဇီဝအ၀န်းနယ်မြေဆိုပြီးလည်းသတ်မှတ်ထားသလို အခုလုပ်နေတဲ့နေရာကလည်း ဘေးမဲ့တောဧရိယာအတွင်းမှာ ဖြစ်နေ တာပါ ။ တရားဝင် ကျောက်ထုတ်မယ်ဆိုရင်လည်းကျွန်တော်တို့အုပ်ချုပ်ရေးမှူးတွေကိုအသိပေး ရပါမယ်” ဟုမမုံကိုင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းငွေကပြောသည်။
- အင်းတော်ကြီးကန်နှင့်ဆက်စပ်သောချောင်း ဧရိယာ(၁၀၀)စတုရန်းမိုင်နှင့်ရေဝေရေလဲကြိုးဝိုင်းတောင်များဧရိယာ (၂၁၄.၆၇)စတုရန်းမိုင် စုစုပေါင်း(၃၁၄.၆၇)စတုရန်းမိုင်အကျယ်အ၀န်းရှိသောအင်းတော်ကြီးဒေသအိုင်ကို ဘေးမဲ့တော အဖြစ် ၂၀၀၄ခုနှစ်တွင်အတည်ပြုသတ်မှတ်ခဲ့ကြောင်း အင်းတောကြီးဒေသခံများမှသိရသည်။
- အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေမှူး ဦးမောင်ဝင်း မှ၂၀၁၇ ခုနှစ်ဒီဇင်ဘာ(၂)ရက်နေ့ရက်စွဲဖြင့်ထုတ်ခဲ့သောဘေးမဲ့တောအတွင်းတရားမ၀င်ဘဲကျောက်များထုတ်ယူနေမှုကိုရပ်တန့်ပေးရန်တရားဝင်စာတွင်ကမ္ဘာ့အဆင့်အရေးကြီးသောသဘာဝထိန်းသိမ်းရေးနယ်မြေ၏မည်သည့်နေရာဒေသမဆိုတရားမ၀င် ကျောက်ထုတ်ခြင်းရွှေတူးဖော်ခြင်းနှင့်အခြားမည်သည့်တရားမ၀င်လုပ်ငန်းများကိုမှခွင့်မပြုကြောင်း နောင်တွင်ကင်းလှည့် အဖွဲ့ကစစ်ဆေးတွေ့ရှိပါကသတိပေးခြင်းခံဝန်လက်မှတ်ထိုးခြင်းများဆောင်ရွက်တော့မည်မဟုတ်ဘဲတောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များကာကွယ်ရေးနှင့်သဘာဝနယ်မြေများထိန်းသိန်းရေးဥပဒေအရအမှုဖွင့်လှစ်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းတွေ့ရှိရသည်။
- “အခုအထိကျောက်ထုတ်လုပ်နေတာတွေ ၂လကျော်ရှိနေပေမဲ့ မရကြသေးပါဘူး ကျောက်ထုတ်တဲ့အဖွဲ့ ယာယီ တဲတွေကပိုပြီးတောင်များလာပါသေးတယ် လူအင်အား၃၀၀ကျော်လောက်နဲ့ဘက်ဟိုးကားနဲ့တွေတောင်တိုးလာပါတယ် ဒေသခံတွေကဌာနဆိုင်ရာအသီးသီးကိုလည်းတင်ပြထားကြပေမဲ့အခုအချိန်အထိလုပ်နေကြတုန်းပါ ဘက်ဟိုး(၂)စီး နဲ့ ထုတ်နေကြလို့အင်းတော်ကြီးဒေသရဲ့သဘာဝပတ်ဝန်းကျင်တွေပျက်စီးနေပါတယ် “ဟု မိုင်းနောင်ကျေးရွာ ဒေသခံ ဦးသန်းစိန်မှပြောသည်။
- အဆိုပါချောင်းရိုးအတွင်းကျောက်ထုတ်လုပ်နေသည့်မြတ်သဒ္ဒါဖြူကုမ္ပဏီပိုင်ရှင်ဦးဝင်းနိုင်ထံစုံစမ်းရာ ပြည်နယ် အစိုးရ ၏ခွင်ြ့ပုချက်ဖြင့် လုပ်ဆောင်နေရသည်ဟုသိရသည် ။
- “ပြည်နယ်အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ အင်းတော်ကြီးဒေသအတွင်းက လမ်းတွေမှာအသုံးပြုဖို့ဆောင်ရွက်နေတာပါ အခုကျောက်ထုတ်နေတာဟာလည်း ချောင်းတွေမှာအောက် အထိနိက်ယူပြီးထုတ်ယူတာမဟုတ်ပါဘူး ချောင်းရိုးတွေ အပေါ်မှာရှိနေတဲ့ ကျောက်တွေကို ပဲထုတ်ယူနေတာပါ လုပ်ငန်းကိုရပ်ဆိုင်းတာမရှိပေမဲ့ မြေပြင်အခြေအနေကို စစ်ဆေးရေးအဖွဲ့တွေကလာရောက်စစ်ဆေးကြဦးမှာပါ “ဟုမြတ်သဒ္ဒါဖြူကုမ္ပဏီလုပ်ငန်းရှင် ဦးဝင်းနိုင်ကပြောသည်။
- အင်းတော်ကြီးဒေသခံများ၏တိုင်ကြားမှုအရ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်ဟိုပင်-နန့်မွန်း-ညောင်ပင်-ဝှေခါ လမ်းပိုင်းများအားဆောင်ရွက်ရန်တင်ဒါအောင်မြင်ထားသည့် မြတ်သဒ္ဒါဖြူကုမ္ပဏီအား လမ်းခင်းကျောက် ထုတ်လုပ် ခွင့်နှင့်ပါတ်သက်ပြီး ကွင်းဆင်းစစ်ဆေးနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးသွား မည်ဖြစ် ကြောင်း မြတ်သဒ္ဒါဖြူကုမ္ပဏီမှ သိရသည်။

Comments
Post a Comment