မိုးကောင်းတွင်  နှစ်(၇၀)ပြည့်လွပ်လပ်ရေးနေ့အလံတင်အခမ်းအနားကျင်းပ

   EPN
မိုးကောင်း၊ ဇန်နဝါရီ ၅
  • ကချင်ပြည်နယ်မိုးကောင်းမြို့ဈေးကုန်းရပ်ရှိစိမ်းမြသီတာကျောက်တိုင်ကွင်းတွင် ဇန်နဝါရီ ၄ရက်ယနေ့နံနက် ၄နာရီ ၂၀မိနစ်တွင် နှစ်(၇၀)ပြည့်လွပ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အားကစား စာစီစာကုံး ပြိုင်ပွဲများတွင်ဆုရရှိသူများကို ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ခဲ့သည်။
  •          ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ဗြိတိသျှအစိုးရအုပ်ချုပ်သည့် လက်အောက်မှ လွတ်လပ်ရေး ရရှိ ခဲ့နှစ်(၇၀)ပြည့်လွပ်လပ်ရေးနေ့ အလံတင်အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲ(၆၀)ဦးခန့်တက်ရောက်၍    နိုင်ငံ  တော်အလံအားအလေးပြု ကြသည်။        ဒုတိယပိုင်းအနေနှင့်နံနက်၇ နာရီတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာ တပ်ဖွဲ့မှဦးဆောင်၍ဌာနဆိုင်ရာအရာရှိများ ဦးဆောင် သောဝန်ထမ်းများနှင့် မြို့ပေါ်(၁၀)ရပ်ကွက်မှ မိဘပြည်သူများစုစုပေါင်းအင်အား ၅၀၀ဦးခန့်က မိုးကောင်းခန်းမမှစတင်၍ ချီတက်သွားကာ စိမ်းမြသီတာကျောက်တိုင်ကွင်းလွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားမည့်အခမ်းအနားကိုတက်ရောက်ကြသည်။       
  •        ရှေးဦးစွာနိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်များကိုအလေးပြု ပြီးဆက်လက်၍ နိုင်ငံ တော်သမ္မတဦးထင်ကျော်ထံမှပေးပို့သောနှစ်(၇၀)ပြည့်လွပ်လပ်ရေးနေ့သဝဏ်လွှာကိုမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်း မှဖတ်ကြားခဲ့သည်။
  •      ထို့နောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်ဖူဆယ်ဘောလုံး၊ ဘောလီဘော၊စာစီစာကုံးပြိုင်ပွဲများတွင် ဆုရှိသူများ အားဆုချီးမြှင့်ခြင်းကိုဆောင်ရွက်ပါသည်။
  • အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးဝင်းမြင့်အောင်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မိဘပြည်သူများဆုရှိသူများ စုစုပေါင်းအင်အား၅၀၀ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
                                                          ချိုမောင်










Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ