ဖုန်းဟန်းဆက်အသစ်များ ၁၁၉သိန်းကျော် ခိုးယူခဲ့သည့် တရားခံများကိုဖမ်းမိ
ဖုန်းဟန်းဆက်အသစ်များ ၁၁၉သိန်းကျော် ခိုးယူခဲ့သည့် တရားခံများကိုဖမ်းမိ
EPN
မြစ်ကြီးနား ဇန်နဝါရီ ၁၇
- မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်မှ ကိုအားဆုန်ဖုန်းဆိုင်နှင့် Dr Nyi ဖုန်းဆိုင်များတွင်ဖုန်းဟန်းဆက် အသစ်များ ၁၁၉သိန်းကျော် ခိုးယူခဲ့သည့် တရားခံများကိုဖမ်းမိပြီ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှ သိရသည်။
- ဇန်န၀ါရီ ၁၁ ရက်နေ့နှင့်၁ ၄ရက်နေ့ နံနက်ဆိုင်ဖွင့်ချိန်တွင် ကိုအားဆုန်ဖုန်းဆိုင်မှ ဟန်းဆက်၃၀လုံး၊ ဖုန်းနာရီများ စုစုပေါင်းတန်ဖိုး ၆၅သိန်းကျော်နှင့် Dr Nyi ဖုန်းဆိုင်မှ ဟန်းဆက်မျိုးစုံ ၊ကွန်ပျူတာ၎လုံး၊ ဖုန်းအားသွင်းကြိုးများ စုစုပေါင်းတန်ဖိုး ၅၃သိန်းကျော်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
- ``၁၆ရက်နေ့မနက် ၃နာရီခွဲလောက်မှာ လှည့်ကင်းစောင့်ရင်း ကျွန်တော်တို့အဖွဲ့က တွေ့တာ ဟန်းဆက် ခိုးထားတဲ့ တရားခံကိုးယောက်မှာ တစ်ယောက်ပြေးနေပြီး ရှစ်ယောက်ကို တွေ့ရှိ ထိန်းသိမ်းထားတာပါ´´ ဟု နယ်မြေရဲစခန်းမှ ဒုရဲအုပ် သိန်းမင်းထွဋ်ကပြောသည်။
- အဆိုပါ ဟန်းဆက်ခိုးယူသူ တရားခံ၉ဦးတွင် ၈ဦးကိုဖမ်းမိထားပြီဖြစ်ပြီး ဇန်န၀ါရီ ၁၇ရက်နေ့နံနက်တွင် ချုပ်ရက်ရမာန်ယူ၍ နယ်မြေရဲစခန်း၌ အမှုအမှတ် (ပ)၁၂/၂၀၁၈နှင့် ရာဇသတ်ကြီးပုဒ်မ ၃၈၀ (ဆိုင်အတွင်း ဝင်ရောက်၍ ခိုးယူမှု)အရ ထိန်းသိမ်းထားကြောင်း သိရသည်။
- အဆိုပါ တရားခံ ၈ဦးတွင် ပြင်ပဘော်ဒါဆောင်တွင်နေသော အထက်တန်းကျောင်းသားများ ပါဝင်ကြောင်း သိရသည်။
မီးမီး

Comments
Post a Comment