နန်းယွန်းမြို့၌ နာဂရိုးရာ နှစ်သစ်ကူး ပွဲ‌တော်သို့ ဒုသမ္မတ ဦးမြင့်ဆွေ တက်ရောက်

နန်းယွန်းမြို့၌ နာဂရိုးရာ နှစ်သစ်ကူး ပွဲ‌တော်သို့ ဒုသမ္မတ ဦးမြင့်ဆွေ တက်ရောက် 

 EPN
နန်းယွန်း  ဇန်နဝါရီ ၁၅
  • စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ နန်းယွန်းမြို့တွင် ကျင်းပနေသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေတက်ရောက်နေကြောင်း သိရသည်။
  • အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီ ၁၄ရက်နေ့က ကွင်းဖွင့်ပွဲနှင့် မုဒ်ဦးဖွင့်ပွဲကို ကျင်းပရာ နိုင်ငံတော် ဒုသမ္မတ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးတို့ တက်ရောက်ခဲ့သည်။
  • နာဂရိုးရာနှစ်သစ်ကိုးပွဲတော်၏ အဓိကနေ့ဖြစ် သည့် ဇန်န၀ါရီ ၁၅ရက်နေ့တွင် ဒုသမ္မတက နာဂနှစ်သစ်ကူးပွဲတော် နုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရိုးရာသဘာပဓိတစ်ဦး၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟို ဥက္ကဌ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့က နှစ်သစ်မိန့်ခွန်းများအသီးသီးပြောကြားခဲ့သည်။
  • နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ (ဗဟို) မှဦးစီး၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (နာဂဦးစီးအဖွဲ့)တို့ ပူးပေါင်းပြိး စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့၌ နာဂရိုးရာ နှစ်သစ်ကူး ပွဲ‌တော်ကို ဇန်နဝါရီ ၁၄ ရက်နှင့်မှစ၍  ၁၆ရက်အထိ ကျင်းပမည်‌ဖြစ်‌ကြောင်း   သိရသည်။
  • နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ပြခန်းများ ဖွင့်လှစ်ခြင်း၊ ရိုးရာတံခွန်တိုင် စိုက်ထူပွဲ ကျင်းပခြင်း၊ ဇန်နဝါရီ  ၁၅ ရက်တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲများ၊ ညပိုင်းတွင်မီးပုံပွဲ စသည်တို့ကို ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့်     ဒေသခံတိုင်းရင်းသားများနှင့် အတူ  ပါဝင်ဆင်နွှဲနိုင်မည် ဖြစ်‌ကြောင်း၊ နယ်အသီးသီးမှ လူအင်အား ငါးထောင်ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
  • နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးရုံးစိုက်ရာ လဟယ်မြို့တွင် ကျင်းပခဲ့သည်။
                                               ပတ်ကွိုင်သား







Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ